Part 18

915 72 5
                                    


Love Catcher

အပိုင်း (၁၈)

12-03-01-33-04-18

#lovecatcher

"ကိုကို..."

"ဟင်..."

"မငြိမ်း သွားပြီလား.."

"အင်း...လိုက်ပို့မယ်ဆိုတာ မရဘူး...သူ့သူငယ်ချင်းတွေနဲ့သွားတယ်..."

ကိုကို က အခန်းတံခါးကို ပြန်ပိတ်ပြီး ကားသော့ကို စားပွဲခုံလေးပေါ်တင်လိုက်တော့ သီရိ အိပ်ရာပေါ်မှာနေရင်း သက်ပြင်းတိုးတိုးချလိုက်သည်..။

မငြိမ်းမရှိတော့ အိမ်မှာ သီရိတို့ပဲ ကျန်ခဲ့ပြန်သည်..။

"အိပ်မပျော်ဘူးလား ကလေး."

"ဟင်....အင်း...ကိုကို က လိုက်ပို့မယ် မပြောဘူးလား...မငြိမ်း  တစ်ယောက်တည်းသွားခိုင်းရလား.."

"အမလေး...မဆူပါနဲ့ဟယ်....ပို့ပေးမယ် ပြောတယ်...သူ့သူငယ်ချင်းကားနဲ့လိုက်သွားလို့ပါဟယ်..."

"အဟွင်း...လူဆိုးလေး...."

သီရိ ပါးကို ငုံ့နမ်းတော့ ကိုကို့ ပါးကို ဖွဖွလေး ပြန်ဖျစ်ပစ်လိုက်သည်..။

"ပြီးတော့...ကိုကို က သိပ်ပြီး မပြောချင်ဘူး.."

"ဟင်..ဘာလို့.."

"တကယ်လိုက်ပို့ခိုင်းရင်...ကိုကို က ဒီ ကလေး ကို လွမ်းရဦးမယ်..."

"အဟွင်း..."

သီရိ ရဲ့ ဘေးဖက် နေရာလွတ်မှာ ပစ်လှဲချအိပ်တော့ ကိုကို့အနားကို တိုးကပ်သွားလိုက်သည်..။

ကိုကို့ ရင်ခွင်ထဲ ကို တိုးဝင်လိုက်တော့ သီရိ ကို ပွေ့ဖက်ပေးသည်..။

"မငြိမ်း ဘာပြောသေးလဲ.."

"သူ့ယောင်းမလေး ကို ဂရုစိုက်ပါတဲ့....သူ့ရဲ့ ခင်ပွန်းမဟုတ် သူငယ်ချင်းမဟုတ်တဲ့ ကိုဇေ့ကို ဂရုစိုက်ပါတဲ့....သူ့ယောင်းမလေးကို မှာသေးတယ်..."

"ဟင်...ဘာမှာလဲ..."

"သူ့ရဲ့ တစ်ဦးတည်းသော မောင်လေးကို ပိုပိုသာသာ များများစားစားလေး ချစ်ပေးပါတဲ့..."

"ဟာ...ကိုကို..."

သီရိ ကိုယ်လေး ကို တင်းကြပ်နေအောင် ပွေ့ဖက်ပြီး ရင်ခွင်ထဲ တိုးဝင်လာတဲ့ကိုကို့ ကို တွန်းပစ်လိုက်သည်။

Love CatcherWhere stories live. Discover now