Part 29

854 56 10
                                    


Part 29

Love Catcher

အပိုင်း(၂၉)

12-11-05--13

#lovecather

"နေဦး.....အို....."

".........."

ဆိုဖာပေါ်မှာ ဖုန်းကျန်ခဲ့တာ တွေ့တော့ သီရိ ကပျာကယာ အော်လိုက်ပေမဲ့ မမှီတော့ပါ...။

တံခါး ဖွင့်ပြီး နောက်ကနေ ပြေးလိုက်ကာ လက်ကို ဆွဲလိုက်မိသည်..။

"ဟ...ဟင်..."

"အင့်...ဖုန်း..."

လူက  ဟန်ချက်ပျက်သွားလို့ မျက်မှောင်ကြုတ်လိုက်ပေမဲ့ သီရိ ကို တွေ့ တော့ အံသြပြီး မျက်လုံးပြူးကြည့်နေသည်.။

ဖုန်းကို လှမ်းပေးလိုက်တော့မှ ရယ်ပြီး ယူလိုက်ကာ

"ကျေးဇူး...ကိုယ်မေ့သွားတယ်...ပြေးလိုက်လာတာလား...လှမ်းခေါ်လိုက်ပြီးရောကွာ..."

"........"

သီရိ ဘာမှ မပြောပဲ ခေါင်းညိတ်ပြီး လှည့်ထွက်လာခဲ့လိုက်သည်..။

အခန်းထဲ ရောက်တော့ မှ တံခါးကို လော့ခ်ချလိုက်ကာ တစ်နေ့တာ လုပ်ငန်းစဉ် တွေ အတွက် စ တင်ရတော့သည်..။

ခုတလော သူ အရမ်းပြောင်းလဲသွားသလိုပဲ..။

သီရိ လက်ကို နာကျင်အောင်  လုပ်ပြီးတဲ့ နောက်ပိုင်း အတင်းအဓမ္မ သိမ်းပိုက်တာမျိုး မလုပ်တော့ပါ..။

မနက် သီရိလာရင် သူ နိုးနေတဲ့ နေ့ဆို ခါးကို ဖက်ပြီး အနမ်းနဲ့ ကြိုဆိုသည်..။

တစ်ခါတလေ တော့ နေ့ခင်းပိုင်း ပြန်လာပြီး မီးဖိုခန်းထဲမှာ တစ်ယောက်တည်း အလုပ်များနေချိန် နမ်းတက်သည်..။

အလုပ်သွားချိန်ဆို နမ်းပြီး ထွက်သွားတက်သလို ပြန်လာရင် လည်း ထမင်းတူတူစားရင်း အလုပ်က အကြောင်းတွေ ပြောပြပြန်သည်..။

ညနေ ပြန်ခါနီး ဆိုရင် လက်ကို ကိုင်ပြီး တံခါးရှေ့ အထိ လိုက်ပို့ပေးကာ လက်ကို ဖွဖွ နမ်း၍ နှုတ်ဆက်သည်..။

ဘာတွေ မျှော်လင့်ပြီး ပြောင်းလဲလာတာလဲ မသိပေမဲ့ သီရိ အတွက်တော့ နည်းနည်း စိတ်သက်သာရာ ရနေသည်..။

Love CatcherWhere stories live. Discover now