Part 31Love Catcher
အပိုင်း (၃၁)
12-12-02-09
#lovecatcher
"သြော်...ရောက်လာပြီလား...ဒေါ်စိမ်းသီရိ...."
"ဟင်..."
သီရိ တံခါး ပြန်ပိတ်ရင်း မေးလိုက်တဲ့ စကားကြောင့် ကြောင်တောင်တောင်ဖြင့် ပြန်လှည့်ကြည့်မိသည်..။
အနွေးထည် ခေါင်းစွပ် ဝတ်ထားပေမဲ့ ကြည်လင်တဲ့ မျက်နှာဖြင့် ကော်ဖီခွက် ကိုင်ထားရင်း မေးငေါ့ ပြတော့ တံခါးကို သာ ပြီးဆုံးအောင် ပိတ်လိုက်သည်..။
ဆိုဖာ မှာ ဝင်ထိုင်ပြီး ကော်ဖီ ခွက်ကို လက်နှစ်ဖက် နဲ့ ဆုပ်ကိုင်ကာ မျက်ခုံးပင့် ပြသည်..။
"သက်သာရဲ့လား..."
"မသေသေးဘူးလေ..."
သီရိ မေးလိုက်တဲ့ စကားကို တမျိုးပြန်ဖြေတော့ လက်ထဲက ပိုက်ဆံအိတ်ကို စားပွဲပေါ် တင်လိုက်ပြီး မီးဖိုခန်း ဝင်ဖို့ ပဲ စဉ်းစားရတော့သည်.။
"ဘယ်ကိုလဲ..."
"ဟင်...မီးဖိုခန်း..."
"ထိုင်ပါဦး....မင်း မှာ ရှင်းစရာ ကိစ္စ တွေ များတယ်...."
"..........."
သီရိ ဆိုဖာ မှာ ဝင်ထိုင်လိုက်ပြီး မျက်လွှာချထားလိုက်ပေမဲ့ ဘာတွေ ရှင်းရမလဲ တွေးရင်း စိတ်တော့ ပူမိသည်..။
"ရှီး.....လေစိမ်းတွေ ပါလာလို့ ဖြစ်မယ်...ပြန်တောင် ချမ်းချင်လာပြီ..."
"............"
သီရိ နားမလည်လို့ မော့ကြည့်လိုက်ချိန် ရယ်ပြီး လက်ထဲက ကော်ဖီခွက်ကို ခုံပေါ် တင်လိုက်သည်..။
"ကိုယ့် ဖုန်းကို အခွင့် မရှိပဲ နဲ့ ကိုင်တယ်....ကိုယ့်ဖုန်း နဲ့ ကိုယ့်ပုံစံ မျိုး ပြည့်ပြည့် ဆီကို စာ ပို့တယ်....ကိုယ့် ဖုန်းထဲက ဗီဒီယို ကို ဖျက်တယ်....ဟုတ်လား..."
"ဖုန်းကို ခွင့်မရှိပဲ ကိုင်မိတာ ဝန်ခံပါတယ်...ကျွန်မ ပုံတွေ့လို့ ကြည့်မိတာပါ...နောက် သူစိမ်းတစ်ယောက် ဆီမှာ မရှိသင့်ဘူး ထင်လို့ ဖျက်လိုက်မိတာပါ....ကျွန်မ ပြန်ခါနီး အထိ ဆေးမသောက်တော့ အနားမှာ တစ်ယောက်ယောက် လိုအပ်မယ်ထင်လို့ ပြည့်ပြည့် ဆီကို စာပို့လိုက်တာပါ..."
BẠN ĐANG ĐỌC
Love Catcher
Lãng mạn☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...