Extra Zay
(3)
"ငြိမ်းငြိမ်းရေ…"
"ဟမ်…"
"လာပါဦး…ဧည့်သည်ရောက်နေတယ်…ခဏနော်…"
"ဘယ်သူလဲ…"
ငြိမ်းငြိမ်းက မျက်နှာ စူပုတ်ပုတ် နဲ့ ဆင်းလာတော့ ဇေယျ ပြုံးပြလိုက်သည်..။
အနားမှာ ထိုင်နေတဲ့ ကောင်မလေးက ပြုံး၍ ခေါင်းညိတ်ပြတော့ အပေါ်တက်ခဲ့သည်..။
"ငါ ပြောနေတဲ့ ကောင်မလေးလေ….ခဏနေဦး…ဖိုင်သွားယူမလို့…"
"………."
"မင်း နာမည်က…"
"သီရိကျော်ပါ…"
"ဘာ…"
"အဟွင်း…မမ အကြောင်းတော့ ကိုကြီး ပြောပြလို့ကြားပါတယ်…"
"ငါတော့ မင်း အကြောင်း မကြားဘူး…ကြားထားရင်လည်း သူ့ကို ယူမိမှာ မဟုတ်ဘူး.."
"သဲသဲရဲ့ ဘ၀ အခြေအနေကြောင့် ကိုကြီးတို့ ဘက်က လက်မခံနိုင်လို့ပါ….သဲသဲ က မမကိုလည်း စိတ်မဆိုးပါဘူး…"
"ငါက တရားဝင် မိန်းမ ပဲလေ…"
"ရှင်…"
"နင် အခု ဘယ်လို မျက်နှာနဲ့ ဒီအိမ်ကို လိုက်လာတာလဲ…"
"ဟို…ကိုကြီးက…"
"တော်တော် မျက်နှာပြောင်တာပဲ…"
"အဟွင်း….အစ်မကကော….သူ့ရင်ဘတ်မှာ တက်တူးထားတဲ့ အချစ်ဆုံးသူကို သိရဲ့နဲ့ ဘာလို့ လက်ထပ်ရတာလဲ…"
"………."
"ကိုကြီးက သဲသဲ ကို ချစ်လွန်းလို့ လက်ထပ်ပြီးကတည်းက တက်တူးထိုးထားတယ်….အစ်မလည်း တွေ့တယ်မလား…မျက်နှာပြောင်တာ ဘယ်သူလဲ…"
"တောက်…ဇေယျ….."
"ဟာကွာ….လာပြီ…လာပြီ…."
"………."
"နင့်ဟာမ ကို နင်ပြန်ခေါ်သွား….နောက် ဘယ်တော့မှ ငါ့မျက်နှာရှေ့ခေါ်မလာနဲ့…"
"ဟင့်…ကိုကြီးကို ပြောသားပဲ…"
"ငြိမ်းကလည်းကွာ….လာ…လာ…သဲသဲ…"
ဇေယျ ကားပေါ် ရောက်တဲ့ အထိ ငြိမ်းရဲ့ အကြည့်စူးစူးတွေကို ခံစားလို့ရပါသည်..။
"ဘယ်လိုလဲ ကိုကြီး ပိုင်ပြီလား.."
"အိုကေ..ဒီမှာ မင်းအတွက်…"
"ဟိ….ကျေးဇူးနော်….ဟွန့်….အစ်မကြီးက တော်တော်ချေတာပဲ…"
"အင်း…မင်းနဲ့ ငါ ကိစ္စ ပြီးပြီနော်…"
"ဟုတ်…"
"မင်း တက္ကစီနဲ့ ပြန်….ငါ အလုပ်ရှိသေးတယ်…"
"ဟွန့်…ကား အကောင်းစားကြီးတောင် ကြာကြာ မစီးလိုက်ရဘူး.."
ကားပေါ် က ဆင်းသွားတဲ့ ကောင်မလေးကို တစ်ချက်ကြည့်ပြီး ဇေယျ ခေါင်းမှောက် ထားလိုက်သည်..။
ကိုယ့်ရင်ဘတ်က တက်တူးအကြောင်းကိုလည်း ငြိမ်းသိနေတယ်..။
ကိုယ် ဘယ်တော့မှ ဖျက်ပစ်ဖို့ အစီအစဉ် မရှိတော့ အရူးကွက်တွေ သရုပ်ဆောင်ရတာပေါ့ကွာ..။
အချစ်က ရူးစေတယ်…မူးစေတယ်….ဘ၀တောင် ပျက်စေတယ်လေ..။
.
"ငြိမ်းငြိမ်း.."
"ပြော…"
"ဖြိုးသူတို့က ကလောမှာတဲ့…"
"ဟင်…"
"ခေါ်လိုက်ဦး…မိန်းကလေးဘက်ကို အားနာဖို့ကောင်းတယ်….နင် လိုအပ်တာ စီစဉ်ပေးလိုက်ပါ…"
"နင် ဘယ်မှာလဲ…ဘယ်လိုသိတာလဲ.."
"သဲသဲ ဆီမှာ လောလောဆယ်နေမယ်….ငါ့တပည့်တစ်ယောက် တွေ့တာတဲ့….လိပ်စာ ပို့ပေးလိုက်မယ်…"
"မခေါ်ပါဘူး….လုပ်ချင်ရာ လုပ်သွားကြတဲ့ ဟာတွေ…နေချင်သလို နေပါစေ…"
"မဟုတ်သေးဘူးလေ…..သီရိ ကလည်း နင့်ညီမပဲလေ…မျက်နှာပျက်စရာ ဖြစ်မှာပေါ့…နေချင်သလို နေရအေင် နင့်မောင်က တစ်ကောင်ကြွက်လား….အမကြီး အမိရာပေါ့…"
"လူကြီးတွေ မျက်နှာကြောင့် စီစဉ်ရရင်တောင် သူ့လမ်း သူလျှောက်ပါစေ…."
"ရက်စက်လိုက်တာဟာ….ကားဖိုးတောင် မကျေသေးဘူး…နင့်မောင်က ဘာလုပ်တက်မှာလဲ…အိမ်မှာပဲ ခေါ်ထားပေါ့…နင်တစ်ယောက်တည်း ဖြစ်နေလိမ့်မယ်…အဖော်လည်း ရတာပေါ့..ငါက နိုင်ငံခြား ခဏခဏ သွားရတယ်…ပြီးတော့ သဲသဲက.."
"ရပါပြီ…နားတွေ ခါးလွန်းလို့…ငါ တကယ် ဒေါသ ထွက်တယ် သိလား….နင် အမှန်အတိုင်း ပြောရင် ငါက ဘာလုပ်မှာ မို့လို့လဲ…"
"လက်မခံမှာ စိုးလို့ပေါ့…"
"ငိုပြတာ အကျင့်ပါနေတာပါ…"
"အဟွင်း…နင်ကလည်း သနားတက်တာနဲ့ အတော်ပဲပေါ့…"
"ငါလည်း နင့်ကို အထင်သေးတယ်….သီရိလည်း နင့်ကို အထင်သေးမှာပဲ…"
"မသေးပါဘူး…ငါ သူ့ကို ဖွင့်တောင်မပြောရသေးဘူး..မာမီကို မပြောနဲ့နော်….ငြိမ်းငြိမ်း…"
"အေးပါ….နင့် ဇာတ် နင်နိုင်ရင် ပြီးတာပဲ….ဟိုဟာမ ကို အိမ်ခေါ်မလာနဲ့နော်…"
"ကြည့်စမ်း….ရိုင်းလာပြီ."
"နင် ကြောင့် ငါ ဒေါသထွက်တယ်လေ…..ငါ့ကို ကာဗာ အဖြစ်သုံးသွားတာ လုံးဝ မကျေနပ်ဘူး….သီရိကြောင့် ဆိုလို့ ငါက လက်ခံလိုက်တာ…ခုတော့ ဘာမဟုတ်တဲ့ ဟာမလေ….ကျစ်..တော်ပြီဟာ….နင် အရူးလုပ်ခံရတာ ခံပြင်းတယ်…"
ငြိမ်းငြိမ်း ဖုန်းချသွားတော့မှ ပြုံးမိသည်..။
အရူးလုပ်တာ မဟုတ်ပါဘူး…ရူးချင်ယောင်ဆောင်ရတာပါ..။
ကိုယ် မင်းကို လွမ်းတယ်..။
တခြားသူရဲ့ ရင်ခွင်ထဲ ရောက်နေရင်တောင် မင်းကို မပင်ပန်းစေချင်ဘူး..။
အဆင်ပြေပြီး ပျော်စေချင်တယ်..။
ဘာကိုမှ ဂရုမစိုက်တက်တဲ့ ဖြိုးသူက အလုပ်မရွေး ၀င်လုပ်ရင် ပါရမီဖြည့်ဖက် ကိုယ့်အသက်က ပင်ပန်းဦးမည်..။
ကိုယ့်အရိပ်မှာ ဆိုရင် မင်းနဲ့ မင်းချစ်သူ သက်တောင့်သက်တာ ဖြစ်နိုင်သေးသည်..။
နောက်ပြီး…ကိုယ်မပိုင်ဆိုင်ရတဲ့ တခြားသူလက်ထဲက ပန်းလေးကို ငေးကြည့်ခွင့်လည်း ရနိုင်သည်.။
ကိုယ်လောဘ မကြီးတော့ပါဘူး..။
သိက္ခာတွေ ကျင့်ဝတ်တွေ ၀တ္တရားတွေရဲ့ စည်းတစ်ဖက်ကနေ မင်းကို မြင်တွေ့နေရရုံနဲ့ ကျေနပ်နိုင်ပါသည်..။
.
"အဟွင်း….ဟားဟား…"
"ဟာ..ဟား…."
"………."
ညမြင်ကွင်း မီးရောင်စုံကို အထပ်မြင့် တိုက်ကြီးပေါ်က ကြည့်နေရင်း လက်ထဲက အရက်ခွက်ကို မြှောက်လိုက်သည်..။
အရူးတစ်ယောက်လို ရယ်ရင်း မျက်ရည်တွေ စီးကျလာတော့ အမြင်အာရုံတွေ ထွေပြားသွားသည်..။
ကိုယ် မင်းကို တွေ့ဖို့ တစ်ပတ်လောက် အချိန်ယူ ကြိုးစားခဲ့ရတယ်..။
ဒါတောင် ကိုယ့်စိတ်က အဆင်သင့် မဖြစ်သေးဘူး…။
မင်းက ကိုယ့်ကို ကြောက်သလို ဖြစ်နေတော့ ကိုယ်ရင်နာလိုက်တာ..။
တကယ်တော့ ကိုယ်က မင်းနဲ့ တွေ့ဖို့ ပိုကြောက်ရမဲ့သူပါ.။
ဒါပေမဲ့ ကိုယ် အကောင်းဆုံး သရုပ်ဆောင် နိုင်ခဲ့ပါတယ်..။
ကိုယ့်ချစ်သူ ပျော်နေရင် ရပါပြီ…။
ကိုယ် မြင်တွေ့နေရရုံ နဲ့ ကျေနပ်ပါတယ်…။
မင်း မျက်နှာလေးကို တွေ့ခွင့်ရတော့ ကိုယ်တကယ် ၀မ်းသာပါတယ်.။
အလုပ်ကို အကြောင်းပြပြီး ဘီးလှည့်ရာ ခရီးထွက်နေတာ ကိုယ့်အတွက် ပို အဆင်ပြေပါတယ်…။
ညအချိန် အရက်ကလေးသောက်ရင်း မင်း နဲ့ မင်းကိုကို ရဲ့ အကြင်နာ ထမင်းပွဲလေး ကို ကင်မရာက တစ်ဆင့် ကိုယ်နေ့တိုင်းစောင့်ကြည့်တယ်..။
နောက်ပြီး ကိုယ်ပြုံးတယ်..။
ပြီးတော့ တိတ်တဆိတ် မျက်ရည်ကျတယ်..။
ဒါပါပဲ…ဒီလောက် ပိုင်ဆိုင်ခွင့် နဲ့ ကိုယ် ကျေနပ်တယ်..။
.
"ငြိမ်းငြိမ်း မရှိရင် သူတို့လည်း ထွက်သွားလိမ့်မယ်…မဖြစ်ဘူး…"
အရက်ခွက်ကို ကိုင်ရင်း ခေါက်တုန့်ခေါက်ပြန် လျှောက်နေတာ အရူး တစ်ယောက်လိုပါပဲ..။
ငါ ဒီလောက် ကောင်းကောင်းထားရဲ့သားနဲ့ ဘာလို့ ထွက်ပြေးနေချင်ကြတာလဲ..။
အနားကို စားပွဲ ကို ခြေထောက်နဲ့ ပိတ်ကန်လိုက်ပြီး ဆိုဖာ မှာ ထိုင်ချလိုက်သည်..။
မင်း က ကိုယ်နဲ့ ငြိမ်းကို အောင်သွယ်ဖို့တောင် ကြိုးစားနေသေးတယ်..။
တော်ပါတယ်…။
ကိုယ့်သရုပ်ဆောင်တာ တော်တယ် ထင်တယ်..။
အရက်ခွက်ကို ဆွဲယူပြီး ထပ်ဖြည့်ကာ မော့သောက်လိုက်သည်..။
မင်း နဲ့ ကိုယ် မကြာခင် ပြန်ရင်းနှီးမယ် ထင်ပါရဲ့..။
အခုတော့ ကိုယ် မျက်နှာချင်းမဆိုင်သေးဘူး…ကိုယ့် အသည်းနှလုံးရယ်….။
ဆေးခါးတွေက အရာရာကို ဖန်တီးရေးဆွဲနိုင်သည်..။
ကိုယ့်ရင်ခွင်ထဲမှာမင်းရောက်နေတယ်လို့ အိပ်မက်ချိုချိုတွေ မက်စေတယ်..။
ဒါပေမဲ့….မနက် အိပ်ရာထရင် ကိုယ်ရင်ခွင်ထဲမှာ ပြည့်ပြည့်ဆိုတဲ့ ကျောင်းသူမလေး ပဲ ရှိတယ်..။
ကိုယ် သူ့ကို ချစ်လည်း မချစ်ဘူး..။
မနှစ်သက်ဘူး..။
ဒါပေမဲ့…ဒါပေမဲ့ပေါ့…..အရက်မူးလာရင် သူနဲ့ မင်းက အတူတူပဲ….မင်းလိုပဲ ချစ်စရာကောင်းပြီး ကလေးဆန်တဲ့ ကောင်မလေး တစ်ယောက်ကို ကိုယ့်အနားမှာ ထားတယ်..။
ပြည့်ပြည့်က ငွေကြေးကြောင့် ကိုယ့်အနားရောက်လာပေမဲ့ကိုယ်ကတော့ ရင်ခုန်သံကြောင့် အနားကို ခေါ်ထားရတယ်..။
မဟုတ်ရင် ကိုယ်က သူများမယားကို ထိုင်ပြီး မျှော်နေရတဲ့ ဘ၀ ရောက်မှာလေ….။
.
"ရက်စက်တယ်…"
ကိုယ့် လက်က သွေးတွေကို သုတ်ရင်း ခပ်တိုးတိုး ပြောလိုက်တယ်…။
မင်း စိတ်ထဲမှာ အစ်ကို တစ်ယောက်လိုတောင် သဘောမထားတော့ဘူးလား..။
ကိုယ်လက်ရှထားတာတောင် မင်း မေးဖော်မရတော့ဘူး.။
မင်း မစိုး၇ိမ်တော့ဘူး..။
မင်းရဲ့ ကြင်နာမှုလေးသာ တွေ့ရရင် ကိုယ် ဖြေသိမ့် လို့ရဦးမယ်..။
ခုတော့ ကိုယ့် နှလုံးသားထဲက သွေးထွက်သံယိုတွေ ဖြစ်ကုန်ပြီ..။
.
ကိုယ်ပျော်နေတာ..။
အတော်လေးပျော်နေတယ်..။
မင်း ပထမဆုံးကိုယ့်အနားကို ပြန်ရောက်လာတာပဲ..။
ဒါပေမဲ့ ထမင်းပန်းကန်တင်ပြီး ပြန်ထွက်သွားတယ်.။
"ဖြိုးသူ ကို ချစ်လားလို့…"
ကိုယ်မေးမိပေမဲ့ အဖြေကို မကြားရဲဘူး.။
မင်းရဲ့ ခံစားချက်ကို ကိုယ်ကောင်းကောင်းသိလျက်သားနဲ့ ကိုယ့် ဦးနှောက်က လိမ်နေတယ်..။
မိန်းကလေး တစ်ယောက်က ယောက်ျားတစ်ယောက်ကို မချစ်ပဲ လက်ထပ်ပါ့မလား..။
ပြီးတော့ ကိုကိုတဲ့…။
မင်း ဘယ်တော့မှ ကိုယ့်ကို အဲလို ခေါ်မှာ မဟုတ်တော့ဘူး…။
ကိုယ်လည်း မမျှော်လင့်ပါဘူး…။
ဒါပေမဲ့ ရင်ဘတ်ထဲက အောင့်တယ်..။
မာမီ ပြောဖူးသလို ကိုယ်က ကိုယ့်ဝေဒနာ ကိုယ်မွေးနေတာတဲ့…။
ဖြစ်နိုင်တယ်..။
ကိုယ်က အရက်ကြိုက်တက်လာသလို…ခံစားရမှန်း သိသိရဲ့နဲ့ နှင်းဆီးဆူးကို နှလုံးထဲ ဆိုက်ထားမိတယ်..။
မင်းကို တွေ့ရင် ကိုယ်ပျော်တယ်…။
နောက်ပြီး ကိုယ် ခံစားရတယ်…။
နောက်တော့ ကိုယ် ငိုကြွေးရတယ်..။
ခဏတာ ပျော်ရပြီး အကြာကြီး ငိုကြွေးရမယ်ဆိုတာ သိပေမဲ့ မင်းမျက်နှာမြင်ရတဲ အခိုက်အတန့်လေးကိုပဲ ကိုယ်မှာ မက်မောလိုက်ရတာ အသက်ရယ်..။
.
"တောက်….ငြိမ်းငြိမ်း…လုပ်ရက်တယ်….မသွားပါနဲ့လို့ ပြောထားရက်သားနဲ့..ကဲကွာ…"
ခုတင်ဘေးမှာ ချိတ်ထားတဲ့ မှန်ဘောင်ကြီးကို မရမက ဆွဲဖြုတ်ပြီး ပြတင်းပေါက်က တစ်ဆင့် လွှတ်ပစ်ခဲ့လိုက်သည်..။
ကားကို အကြမ်းအရမ်း မောင်းထွက်လာပေမဲ့ ရင်တွေ ခုန်နေသည်…။
"ငါ သွားရင် သူတို့လည်း ပြောင်းမယ်တဲ့..နင်နဲ့ နင့်မိန်းမ ဒီမှာလာနေတော့လေ.."
"ဟမ်….နင် ဘာလို့ သွားမှာလဲ…"
"စာတမ်းကိစ္စ ပြီးရင် တန်းသွားရမယ်…"
"မသွားရဘူးနော်…"
"ငါ့ ဆုံးဖြတ်ချက်ပါ …"
"……………."
ဒီလောက် တားနေရဲ့သားနဲ့ သွားဖြစ်အောင် သွားသေးသည်..။
သူ မရှိရင် သီရိတို့လည်း ပြောင်းမယ်တဲ့..။
ဒါဆို ဘယ်လို တွေ့ရတော့မလဲ..။
ကားကို သတိမထားပဲ ကွေ့လိုက်ချိန် မျက်လုံးပြာသွားသည်..။
ဘရိတ်ကိုနင်းပေမဲ့ အရှိန်ပြင်းလို့ ကားရှေ့ပိုင်း ထိသွားပြန်ပြီ..။
ဇေယျ စိတ်တိုတို ဖြင့် ပြန်ရောက်လာကာ အိမ်ရှေ့ခန်းမှာ ဓာတ်ပုံတွေ့တော့ ဒေါသထထွက်ရပြန်သည်..။
"သားငယ်…"
"ဗ်…"
"ဒီပုံ လွင့်ပစ်လိုက်စမ်းကွာ…"
"ဟုတ်…"
ခြေလှမ်းကြဲဖြင့် လှေကားတွေကို တက်လာခဲ့လိုက်တော့ မထင်ထားပဲ အခန်းထဲက အသံကြားရသည်..။
ငြိမ်းငြိမ်းလို့ ထင်ခဲ့ပေမဲ့ အံဆွဲတွေကို ဆွဲထုတ်နေတာကိုယ့်ရဲ့ နတ်သမီးလေး..။
ကိုကို့ပုံ မတွေ့လို့တဲ့လား..။
ကိုယ့်ရင်ဝကို ဓားနဲ့ထိုးလိုက်သလို ရင်ဘတ်ထဲ အောင့်တက်သွားရသည်.။
ဒါပေမဲ့ ကိုယ့်ဒေါတွေက မင်းရဲ့ လက်မလေးကြောင့် ပျောက်ကုန်တယ်..။
မှန်ရှသွားတယ်ဆိုတော့ ကိုယ့်ဝေဒနာတောင် ကိုယ့်မှာ မေ့လို့…မင်းအတွက် စိတ်ပူရတယ်..။
ဒါပေမဲ့ မင်းက တွန့်ဆုတ်စွာနဲ့ ငြင်းတယ်..။
မရတဲ့ အဆုံး ရှောင်ဖယ်ပြေးတယ်..။
ကိုယ်ဘာလုပ်မိလို့လဲ…။
မှန်စ ကို ပဲ အာရုံထားမိတာ အခွင့်အရေးယူတဲ့ လူလို့ထင်သွားလား.။
ကိုယ့်ရင်ထဲက မေတ္တာနဲ့ ဆက်စပ်နေတဲ့ စေတနာတွေကို မင်း နားမလည်ပါလား…သီရိရယ်..။
.
"အဟွင်း…"
ကိုယ့်အပေါ် မှာ နည်းနည်းလေး ဂရုစိုက်ပေးဖော်ရတာ ကိုယ့်မှာ ပျော်လို့မဆုံးဘူး.။
မင်း လန့်ပြီးပြေးတဲ့ ပုံလေး ကို ချစ်လိုက်ရတာ..။
ကိုယ် တကယ်တော့ အားမသုံးသင့်ဘူး..။
ဒါပေမဲ့ မင်းကို လက်လွှတ်လိုက်ရပြီ ဆိုတဲ့ စိတ်ကြောင့် အများကြီးအားပါသွားတယ်..။
ကိုယ် သနားမိပေမဲ့ မင်းရဲ့ လက်ကောက်ဝတ်လေး ကို ဖမ်းဆုပ်ခွင့်ရတာ ကိုယ့်အတွက် မဟာအခွင့်အရေး တစ်ခု မဟုတ်လား..။
ဒါပေမဲ့ ကိုယ် ကြာကြာ မပျော်ခဲ့ရပါဘူး..။
မင်းရဲ့ ကာမပိုင်ယောက်ျားကို မင်းက အပြုံးလေးနဲ့ ကြိုဆိုတော့ ကိုယ့်မှာ မချိဝေဒနာတွေနဲ့ပေါ့..။
ကိုယ်လေ…မင်းကို လက်လွှတ်ဆုံးရှုံးရတာ နောင်တရလို့ မဆုံးဘူး..။
ဒါပေမဲ့…မင်းရဲ့ ကိုကို ကို မင်းတွေးတိုင်း ပြုံးတက်တဲ့ အပြုံးလေးတွေကို ကိုယ် အရမ်းချစ်တယ်..။
မင်းတို့ရဲ့ အကြင်နာ ညခင်းလေးမှာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်ဖက်ရင်းပေါ့..။
နောက်ပြီး မင်းချစ်တဲ့သူနဲ့ ထမင်းလက်ဆုံစားရင်း ရယ်မောလိုက်တဲ့ အသံလေးရော..။
အိမ်ရှေ့မီးတွေ မှိတ်ပြီး တစ်ယောက်ခါးကို တစ်ယောက်ဖက်ရင်း ကိုယ်မလိုက်နိုင်တော့တဲ့ မင်းတို့ အခန်းထဲကို ၀င်သွားတဲ့ ထိ ကိုယ် ငေးကြည့်နေမိတယ်..။
ဖြိုးသူကို ကိုယ် အားမကျပါဘူး..။
ဘာဖြစ်လို့လဲ ဆိုတော့ မင်းတို့ နှစ်ယောက်က ကိုယ်ကြည့်နေတဲ့ ရုပ်ရှင် တစ်ခုထဲက ဇာတ်လိုက်နှစ်ယောက်လိုပဲ..။
ကိုယ်ကတော့ ဇာတ်ရံတောင် မဖြစ်ခဲ့တဲ့ မင်းသမီးကို အရူးအမူးစွဲလမ်းတဲ့ ပရိသတ် အဆင့်ပဲလေ..။
မင်းသမီးရဲ့ လှုပ်ရှားမှု ပုံရိပ်တိုင်းကို ကိုယ် နှစ်သက် မြတ်နိုးပေမဲ့ ဖန်သားပြင်က တစ်ဆင့်ပဲ ခံစားခွင့်ရတာလေ..။
ဖြိုးသူ နေရာကို ကိုယ် ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး..။
အဲတော့ မင်းကိုကိုနဲ့ မင်းရဲ့ တွဲလျက်သား ပုံရိပ်တွေကိုလည်း ကိုယ် အမြဲစောင့်ကြည့်နေမိတယ်..။
ဝေဒနာတွေကြားထဲကနေ မင်းရဲ့ အပြုံးလေးကို ရှာဖွေရင်း ဖြေသိမ့်ရတာပေါ့လေ..။
ကိုယ့်အတွက် စိတ်မပူပါနဲ့…။
မျက်ရည်တွေနဲ့ အဆင်အတော်ပြေနေပါပြီ..။
.
"သားငယ်….သီရိကော…."
"အပေါ်မှာ ဖြစ်မယ် ကိုကြီး…"
ဇေယျ တက်တက်ကြွကြွ အပေါ်တက်လာခဲ့ပေမဲ့ အခန်းကို တွေ့တော့ မျက်ခုံးတွန့်သွားသည်..။
ဖုန်းကို ကောက်ယူပြီး ကြည့်လိုက်တော့ ဘီဒိုရှင်းရင်း ဓာတ်ပုံစတွေကို ယူသွားတာပဲ..။
တွန့်ဆုတ် အားငယ်နေတဲ့ သူမ မျက်နှာလေးကို သနားပေမဲ့ ဓာတ်ပုံတွေကို မီးရှို့ခိုင်းလိုက်သည်..။
ကိုယ် ပူလောင်လွန်းလို့ပါကွာ…။
သူမလေး စိတ်မကောင်း ဖြစ်နေမှာစိုးလို့ အောက်ထပ် ကို ဆင်းပြီး ထမင်းစားသည်..။
ကြောက်သလို ဖြစ်နေတဲ့ မင်း စိတ်ချမ်းသာအောင် မင်းသိပ်ချစ်တဲ့ကိုကို့အကြောင်းတွေ ပြောရတာလည်း ကိုယ့်မှာ မသက်သာပါဘူး.။
ထမင်းလက်ဆုံ စားဖို့ ခေါ်ချင်ပေမဲ့ မင်းက ကိုကိုနဲ့မှ တူတူ စားသည်ကိုး..။
ကိုယ် တကယ် မစားချင်တော့ပေမဲ့ အထင်လွဲမှာ ကြောက်လို့ ဟန်ပြသဘော စားပြရတာ ပင်ပန်းလိုက်တာ.။
ဘယ်တက်နိုင်မလဲ…မင်းက မင်းချစ်သူ နဲ့ ထမင်းစားချင်သလို ကိုယ်ကလည်း ကိုယ့်နှလုံးသားလေးနဲ့ အတူတူ ထမင်းစားဖို့ မျှော်လင့်မိတယ်လေ..။
ဘယ်တော့မှ မဖြစ်နိုင်ဘူးဆိုတာ သိပါတယ်..။
မင်းကိုကို ကို ကိုယ် တကယ် မနာလိုဖြစ်နေပြီ သီရိရယ်..။
.
"မင်းကလည်း မဟုတ်ပါဘူးဆို…"
"သြော်…ဆောရီး…"
"ကျစ်…."
ဝင်းနိုင် ပြန်သွားတော့ မီးဖိုခန်းမှာ သီရိ ကိုဝင်ရှာမိပေမဲ့ မတွေ့..။
ကိုယ် လှေကားတွေကို လေးကန်စွာ တက်လာခဲ့ရသည်.။
ကိုယ် အားနာတယ်…။
သနားတယ်..။
စိတ်မကောင်းဘူး..။
နောက်…နောက်ပြီး….ကိုယ် ပျော်သလို ခံစားရတယ်..။
ကိုယ် ၀မ်းနည်းလာပြန်ပြီ..။
ဝရန်တာ မှာ ကိုယ် အရက်တွေ အများကြီး သောက်ပစ်တယ်..။
ကိုယ့် စိတ်တွေကို ကိုယ်လွှတ်ပေးလိုက်တယ်..။
ကိုယ့် နှလုံးသားထဲက တောင့်တမှု အတိုင်း ကိုယ် မင်းဆီကို ရောက်လာခဲ့တယ်..။
ကိုယ်ရဲ့ ကြင်နာတဲ့ ထွေးပိုက်မှုမှာ မင်းဘက်က ပြန်ပေးလိုက်တာ သွားစွယ်ရာလေး နဲ့ နဖူးပေါက်တဲ့ ဝေဒနာ ပေါ့လေ..။
ကိုယ်ပျော်ပါတယ်…။
ကိုယ်သိပ်ပျော်တာပဲ..။
မင်းရဲ့ အသက်ရှိ ကိုယ်ခန္ဓာလေးကို ကိုယ်ခဏ ထွေးပွေ့ခွင့်ရတယ်လေ..။
ကိုယ် အမြဲစောင့်ကြည့်နေတဲ့ ပုံရိပ်တွေလို မဟုတ်ဘူး..။
မင်းက ကိုယ်ထင်ထားတာထက် အများကြီး နွေးထွေး နူးညံ့ပါတယ်…..ကိုယ့်နှလုံးသားလေးရယ်..။
.
"ခွမ်း…"
ဖန်ခွက် တစ်ခုလုံး အစိတ်စိတ် အမွှာမွှာ ဖြစ်သွားပေမဲ့ ကိုယ့်မှာ မကျေနပ်နိုင်..။
မင်းတို့ ရက်စက်လှချည်လား.။
ကိုယ့် မျက်စိရှေ့မှာ အကြင်နာဖလှယ်နေရအောင် ကိုယ်က မခံစားတက်တဲ့ လူလား..။
မြက်ခင်းပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ချစ်နေကြတာ ကိုယ့်မှာတော့ နာကျင်လိုက်ရတာ..။
ကိုယ့် ခဏလေးတောင် ထွေးပွေ့ ခွင့်မရတဲ့ မင်း ကိုယ်ခန္ဓာလေးက ဒီကောင်လက်ထဲမှာ တောာ့ ရယ်မြူးနေလိုက်တာ..။
ကိုယ် တကယ်မနာလိုဘူး..။
အထီးကျန်နေတဲ့ ကိုယ့်ဘ၀ကြီးကို စိတ်ကုန်နေပြီ..။
မာမီ့ဆန္ဒနဲ့သဘောထားတွေကို အလိုလိုက်မိတာ ကိုယ် နောင်တ အရမ်းရနေပြီ..။
တကယ်ဆို ကိုယ့် ရဲ့ ဘေးမှာ မင်းရှိနေပြီး..မင်းပြုစု ကြင်နာရမဲ့သူ ကလည်း ကိုယ်ပဲ ဖြစ်သင့်တာလေ..။
ခုတော့…။
တစ်ယောက်နဲ့ တစ်ယောက် ချစ်တက်လိုက်ကြတာ..။
ကိုယ့်မှာတော့ အမှောင်ထဲ ရပ်ရင်း ပူလောင်နေရတာ မသက်သာဘူး.။
ကိုယ် သိတယ်..။
မင်းကသူများ မိန်းမ ဖြစ်နေပြီ..။
ဒါပေမဲ့ ကိုယ့်နှလုံးသားကို ကိုယ် တရားပြလို့မရဘူး.။
ကိုယ့်ခံစားချက်ကို ကိုယ် နားချလို့မရဘူး..။
ကိုယ် မင်းကိုပိုင်ဆိုင်ချင်တဲ့ စိတ်တွေက လျော့ပါးမသွားဘူး..။
ကိုယ်လေ…..ကြိုးစားချင်သေးတယ်…။
ကိုယ့်ရဲ့ မေတ္တာတွေကို မင်းတစ်နေ့ နားလည်လာမယ်လို့ မျှော်လင့်နေသေးတယ်..။
ကိုယ် ဘယ်တုန်းကမှ ဒဿ ကို သဘောမကျခဲ့ဘူး..။
အချစ်ကို ဓားပြတိုက်ယူရတာ ကိုယ်လုံးဝ မကြိုက်ဘူး..။
အားလည်း မပေးဘူး..။
အပြန်အလှန် မေတ္တာ ကသာ အဓိပ္ပာယ် ရှိတယ်လို့ ကိုယ် ယူဆခဲ့တာပါ..။
ဒါပေမဲ့…ခုတော့…ကိုယ့်ဘ၀က မင်းဒဿနဲ့ မခြားပါဘူးကွာ…။
မပြုသင့် မလုပ်ထိုက်တဲ့ ကိစ္စ လို့ ကိုယ့်သိနေပေမဲ့ ကိုယ့်နှလုံးသားကို ကိုယ် သနားနေပြီ..။
မင်း မှာ ပိုင်ရှင် ရှိပြီးသားပေမဲ့..။
ကိုယ့် မှာကြိုးစားခွင့်ရှိနေတာပဲ..။
အဓိက က မင်းဆန္ဒ ပါပဲလေ..။
.
"သားငယ်…"
"ဗ်…."
"သီရိကို ပုစွန်သွားကြော်ခိုင်းစမ်း…"
"အိပ်နေပြီ…ကိုကြီး…"
"နှိုးကွာ…"
"ဟုတ်ကဲ့…"
ဇေယျ အရက်ခွက်ကို ကိုင်ပြီး ကောင်းကင်ကို မော့ကြည့်မိသည်..။
ကိုယ့်ကို မတရားဘူးလို့ မင်းတွေးနေမလား..။
ကိုယ့်ရင်ထဲ က ခံစားချက်တွေကို မင်းမမြင်လို့ပါကွာ…။
မင်းက မင်းခင်ပွန်း ရင်ခွင်ထဲ အိပ်မောကျနေချိန် ကိုယ့်မှာတော့ ပူလောင်နေရတာ တရားလား..။
ကိုယ် မင်းကို ပိုင်ဆိုင်ဖို့ အခွင့်အရေးတွေရှိရဲ့သားနဲ့ ချစ်တဲ့စိတ်ကြောင့် ဆုံးရှုံးခဲ့ရတာလေ..။
.
"ဟွန့်…"
ဇေယျ လက်ထဲက ဖုန်းကိုချပြီး ခါးပတ်ကို ခုတင်အောက်ကို ပစ်ထည့်ကာ လှေကားကို ဆင်းသွားလိုက်သည်..။
သူ့အမျိုးသား အတွက် ဟင်းတွေ ပြင်ဆင်နေတဲ့ ဇနီးပီသသူ မိန်းမမြတ်ကလေး ကို ငေးရင်း သက်ပြင်း အရင်ချလိုက်သည်..။
မင်းကို တမင် ပင်ပန်းစေချင်လို့ မဟုတ်ပါဘူး..။
ဖြိုးသူကို မင်းအခုလို လိုအပ်ချက်မရှိ ပြုစုပေးနေတာ မနာလိုရုံ သပ်သပ်ပါပဲ..။
ကိုယ် အချိန်အကြာကြီး ၀ရန်တာ မှာ ရပ်နေမိတယ်…။
မင်းရဲ့ စေတနာနဲ့ ဖြူစင်မှုကို သိနေတော့ ကိုယ် မခိုင်းရက်တော့ဘူး..။
ဒါပေမဲ့ မင်းက ခွင့်တောင်းပြီး ဆင်းသွားတယ်လေ..။
အထီးကျန်တဲ့ ညတွေမှာ ကိုယ်တစ်ယောက်တည်း အရက်ကို အဖော်ပြုနေရပေမဲ့ မင်းနဲ့ မင်းယောက်ျားကတော့ အခန်းထဲမှာ အကြင်နာ ဖလှယ်နေကြမှာပါပဲ..။
.
"ဟာ…"
ကိုယ့် အခန်းထဲမှာ မင်းနဲ သားငယ် အခင်းလဲနေတာ တွေ့တော့ ကိုယ် အချိန်မှီရောက်အောင် လာခဲ့ပေမဲ့ နောက်ကျသွားပြီ..။
မင်းက ပစ္စည်းတွေကို ကြည့်လိုက် ကိုယ့်ကို ကြည့်လိုက်နဲ့ မေးခွန်းထုတ်နေပြီ..။
ကိုယ် ဘာပြောရမလဲ..။
မင်းရဲ့ အထင်သေးစက်စုပ် တဲ့ အကြည့်တွေကို ကိုယ် မခံစားနိုင်ဘူး..။
ကိုယ် အပြစ်လုပ်ထားတဲ့ ကလေး တစ်ယောက်လို ကြောက် ရွံ့ထိတ်လန့်နေတယ်…။
ပစ္စည်းတွေကို ကောက်သိမ်းလိုက်ပေမဲ့ မင်းဆီက စကားတွေ တရစပ်ထွက်လာတယ်..။
ကိုယ့်မှာ ခိုင်လုံတဲ့ အဖြေ တစ်ခု မရှိဘူး..။
နှလုံးသားရဲ့ အဖြေ တစ်ခုနဲ့ပဲ ၀န်ခံလိုက်ရတယ်…။
ကိုယ် မြိုသိပ်ထားတာ အရမ်းကြာနေပြီ ဖြစ်တဲ့ စကားတစ်ခွန်း..။
မင်း အတွက် ဟောင်းဆွေးနေပြီ ဖြစ်တဲ့.. စကားတစ်ခွန်းပေါ့..။
မင်းရဲ့ ကျောပြင်ကို ငေးကြည့်ရင်း ကိုယ် တစ်ခု ခံစားလိုက်ရတယ်..။
ကိုယ့်နှလုံးသားထဲက မေတ္တာစစ်တွေကို မင်း မြင်အောင် မကြည့်သွားဘူးလေ..။
ကိုယ်တို့ ဝေးတော့မလား..။
.
"သွားတော့မယ်…ကိုဇေ…"
ကိုယ် အမြဲ ရင်းနှီးနေတဲ့ ကိုယ် မွေးထားတာ ဆိုလည်း မမှားတဲ့ ကောင်လေး ဆီက နှုတ်ဆက်သံက တုန်လှုပ်စေတယ်..။
ကိုယ် မင်းနဲ့ အပြီးဝေးရတော့မှာ သေချာသွားပြီ…။
မင်း က မင်းချစ်သူရဲ့ လက်ကို အားကိုးတကြီး ကိုင်ပြီး ထွက်သွားချိန် ကိုယ့်မှာတော့ အလဲလဲ အပြိုပြိုပါပဲ..။
မင်း သိပ်ရက်စက်တယ်..။
အငွေ့ အသက်လေးတောင်မကျန်တော့တဲ့ ဒီအိမ်ကြီးကနေ ကိုယ် အဝေးဆုံးကို ထွက်ပြေးချင်တယ်..။
နောက်ပြီး ၀န်ခံလိုက်ဖို့ စေခိုင်းတဲ့နှလုံးသားကို ကျိန်ဆဲမိတယ်..။
ကိုယ်သာ နှုတ်ဆိတ်ပြီး ချစ်နေရင်လည်း ရရဲ့သားနဲ့လေ..။
ခုတော့ မင်းရဲ့ အပြုံးပုံရိပ်လေးတွေ နဲ့ ဗီဒီယို တစ်ခု လုပ်ပြီး ကိုယ့်နှလုံးသားကို ဖြေသိမ့်နေရတယ်..။
ကိုယ် မူးနေပေမဲ့ ပျော်တယ်..။
ဖုန်းထဲက မင်း အပြုံးလေးတွေ တွေ့ရင်ပေါ့လေ..။
နောက်ပြီး ကိုယ် ငိုနေဦးမှာပဲ..။
မင်း နဲ့ ကိုယ် ဝေးသထက် ဝေးသွားခဲ့ပြန်ပြီ..။
ဒါပေမဲ့ ဘယ်လောက်ဝေးဝေး ကိုယ့်မေတ္တာတွေနဲ့ မင်း အေးချမ်းပါစေ..။
နောက်ပြီး မင်းချစ်တဲ့သူနဲ့ ပျော်ရွှင်ပါစေ…။
ကိုယ့်ကို လည်း မုန်းသူ တစ်ယောက်အနေနဲ့ ဖြစ်ဖြစ် တစ်ခါတလေ သတိရပါစေ…အသက်ရယ်..။
.
"ဟမ်…လေးလွှာမှာတောင် ဟုတ်လား…"
"ဟုတ်ကဲ့…"
"အလုပ်ကကော…"
"ကြုံရာပုံစံပါပဲ….မားကက်တင်းဘက်ကနေ….အခု အကြိုအပို့ ဖြစ်သွားပြန်ပြီ…"
"ကျစ်….ဟုတ်ပြီ…ဟုတ်ပြီ…မင်းသွားတော့…"
"ဟုတ်ကဲ့…"
ကိုယ် ကြိုးစားမေ့ဖျောက်ထားလို့မရတဲ့ မင်းအကြောင်းကို အမြဲစုံစမ်းမိတော့ ကိုယ့်မှာ အပူတိုးရတော့တာပဲ အသက်ရယ်..။
မောတက်တဲ့ မင်းက လေးလွှာမှာ နေရတယ် ဆိုတာ ဖြစ်သင့်ရဲ့လား..။
မင်း ယောက်ျား စီးပွားရေး မကောင်းတော့…မင်းကော အရင်လို နေပျော်ပါ့မလား..။
မင်း ပင်ပန်းတော့ ကိုယ်ကော စိတ်သက်သာပါ့မလား..။
"ဟလို….ရှေ့နေ့ ဦးအောင်ဇော် နဲ့ ပြောချင်လို့ပါ…"
"ဟုတ်ကဲ့…ပြောပါ ကိုဇေယျ…"
"ဟို…ကျွန်တော့် အိမ်ကို အမျိုးသမီး နာမည်နဲ့ လွဲချင်လို့ပါ…."
"သြော်…ဟုတ်ကဲ့….ကျွန်တော် အလုပ်ကိစ္စ ပြီးရင် ကိုဇေယျ ဆီကို ဆက်သွယ်လိုက်ပါမယ်…"
"ဟုတ်ကဲ့…ကျေးဇူးပါ…"
ဖုန်းကို ချလိုက်ပြီး သက်ပြင်း တစ်ချက်လည်း ချမိသည်..။
ငြိမ်းငြိမ်း အိမ်ဆိုရင် မင်းနဲ့ ဖြိုးသူပဲ နေရတော့မှာပေါ့.။
ကိုယ် နေခွင့် လာခွင့် မရှိတော့လည်း ရတယ်..။
ဒီတိုင်းလည်း မင်း အငွေ့အသက် မရှိတဲ့ တိုက်ကြီးမှာ ကိုယ် မပျော်လို့ ကွန်ဒို ကို ပြောင်းနေတာ ကြာပြီလေ…။
ကိုယ် မင်းကို ညတိုင်း လွမ်းနေတယ်ဆိုတာတော့ ၀န်ခံပါတယ်…။
ဒါပေမဲ့ မင်းရဲ့ အနီးအနားကိုတော့ ကိုယ် မရောက်ဖြစ်အောင် ရှောင်နေတယ်..။
ကိုယ် နှလုံးသားက ရှက်လို့ပါ..။
.
"ဒါဆို…သေချာတယ်ပေါ့…"
"ဟုတ်ကဲ့…"
"မဖြစ်စလောက်လခ လေးနဲ့ကွာ..…ထားလိုက်တော့ ငါ ကိုယ်တိုင် သွားမယ်….အိမ်ကိစ္စ လည်း ပြောရဦးမယ်…ပရောဂျက် အသစ်အတွက် လူမရှာနဲ့ ဖြိုးသူကိုပဲအပ်လိုက်မယ်…"
"ဟုတ်…"
အိမ်လွဲပြောင်း စာချုပ်နဲ့ အလုပ်အသစ် ကိစ္စ အတွက် ကိုယ် တက်တက်ကြွကြွ လေး မင်းတို့ရဲ့ အိမ်လေးဆီကို ရောက်လာခဲ့တယ်..။
ကားရပ်ဖို့ နေရာမရှိလို့ ကိုယ် လမ်းလျှောက်ရင်း ကားတိုက်မိဖို့ ဖြစ်သေးတယ်..။
ဖြိုးသူနဲ့ အတူတူ အိမ်သစ် အလုပ်သစ်မှာဆို…မင်း အပြည့်အ၀ ပျော်ရွှင်ခွင့်ရမှာပေါ့လေ…။
လှေကားတွေကို တက်ရင်း ကိုယ်တောင် မောလာသလို ဖြစ်လို့ မင်းအတွက် စိတ်ပူရသေးတယ်..။
ဒါပေမဲ့ သိပ်မကြာခင် မှာ မင်းတို့ ပြောင်းရတော့မှာပါ..။
မင်း နဲ့ အတူနေဖို့ ရည်ရွယ်ထားပေမဲ့ မင်း နဲ့ မင်းချစ်သူ ပျော်နေရလည်း ကိုယ် ကျေနပ်နိုင်တယ်..။
ကိုယ့်ချစ်သူ ပင်ပန်းနေမှာ ကိုယ် မကြည့်ရက်ဘူးလေ..။
"တင်တောင်…တင်တောင်…"
တံခါးဘဲလ်လေး ကို ခပ်မြူးမြူး နှိပ်ပြီး စောင့်နေချိန် ကိုယ့်ရှေ့မှာ မင်းက မထင်ထားတဲ့ ပုံစံလေးနဲ့ ထွက်လာတယ်..။
မြန်မာ ၀တ်စုံလေးတွေပဲ ၀တ်နေကျ မင်းက ခုလို ဂါဝန်လေးနဲ့ ကလေးဆန်နေတော့ ကိုယ် အံသြရသေးတယ်..။
ဒါပေမဲ့ မင်းဘက်က ဘယ်လို သဘောထားလိုက်လဲ မသိဘူး..။
တံခါးကို တစ်ချပ် ပြန်ပိတ်ပြီး ကိုယ့်ကို လေသံခပ်မာမာ နဲ့ တုန့်ပြန်တယ်..။
ကိုယ့်ရင်ဝ ကို မက်မက်ရိုင်းရိုင်း ခြေထောက်နဲ့ စီးကန်လိုက်သလိုပါပဲ..။
ကိုယ် ဖြေလျော့ထားပါသေးတယ်..။
ကိုယ့် ဘက်က အမှားတွေ အတွက်ပေါ့..။
အင်း…အမှားဆိုတာလည်း…မင်းကို ချစ်ခဲ့မိတဲ့ အမှားတစ်ခုတည်း ပါပဲလေ..။
ကိုယ် ပါလာတဲ့ အိမ်စာချုပ်နဲ့ အလုပ်ခေါ်စာ ကို မင်းကို ပေးခဲ့ချင်တယ်..။
မနက်ဖြန် ခရီးသွားရမှာမို့ စာချုပ်မှာ ကိုယ် လက်မှတ် တစ်ခါတည်း ထိုးပေးခဲ့ချင်တယ်..။
ဒါပေမဲ့ မင်း က စော်ကား ရိုင်းစိုင်းလွန်းတယ် သီရိရယ်..။
မင်း ရက်စက်လွန်းတယ်..။
ကိုယ့်ကို လူယုတ်မာ မုဒိမ်းသမား လိုပဲ မောင်းထုတ်တယ်..။
တံခါး ဖွင့်ပေးဖို့တောင် မယုံရတဲ့ …မတန်တဲ့ ကောင်မျိုးလေ..။
ကိုယ်…ကိုယ့် သိက္ခာတွေ အရှက်တွေ မာန တွေ စော်ကားခံလိုက်ရတဲ့ အတွက် လှေကားနံရံကို လက်သီးနဲ့ ဆင့်ထိုးပစ်ခဲ့တယ်..။
ကိုယ့်မှာ လမ်းမပေါ် ရောက်လာပေမဲ့ အရှက်တကွဲ မျက်ရည်နဲ့ မျက်ခွက်ပါပဲ…။
.
"ကိုဇေ…ကျွန်တော် တို့ အိမ်လာ တယ်ဆို…"
"ဟုတ်တယ်.."
"ဘာကိစ္စရှိလို့လဲ…"
ကိုယ် အမှန်အတိုင်း မပြောချင်တော့ဘူး..။
မင်းတို့ အတွက် အလုပ်တွေ အိမ်တွေ စီစဉ်ပေးခဲ့ပြီး လာတာ လို့ ပြောလိုက်ရင်ကော ယုံမှာလား..။
မင်း အမျိုးသားကို မင်းတစ်ယောက်တည်း ရှိနေချိန် လူယုတ်မာ တစ်ယောက်က တံခါးဖွင့်ခိုင်းတယ် လို့ မင်း ပြောခဲ့ပြီးပြီမလား..။
ကိုယ့် မာန ကို ကိုယ် သနားနေပြီ..။
"သီရိ ဘယ်လိုနေလဲ…သိချင်လို့…"
"ဘာကိုလဲ…"
"ဟွန့်…သူ ငါ့ကို တံခါးမဖွင့်ပေးဘူး…သူစိမ်းတစ်ယောက်လို မောင်းထုတ်တယ်…"
"ကျွန်တော် မှာထားလို့ပါ…ကိုဇေ …သီရိ ကိုလည်း စိတ်မဆိုးပါနဲ့…."
"………."
"ကိုဇေ…အလုပ်ကိစ္စ ပြောမလို့ ဆို…"
"ငါ က မင်းကို အလုပ်ခိုင်းဖို့ လာတာ မဟုတ်ဘူး…သီရိ ဆီကို လာခဲ့တာ…"
"အဲဒါဆိုရင်တော့ တောင်းပန်စရာ မလိုဘူး…ကျွန်တော် လာ တာ မှားသွားတယ်…"
"ဖြိုးသူ…မင်း အတွက် ငါ က ဘာလဲ…"
"အသက် သခင် ကျေးဇူးရှင်ပါ…ဒါပေမဲ့ မိန်းမ ပေးရလောက်အောင်တော့ ကျေးဇူးမဆပ်နိုင်ဘူး…"
ကိုယ့် မျက်လုံးကို သေချာ ဆိုက်ကြည့်ပြီး ပြောနေတဲ့ ဒီကောင့် မျက်ခွက်ကို ပြေးထိုးချင်လိုက်တာ…။
ကိုယ့်မှာ ဒေါသကို ဘာနဲ့ မြိုသိပ်ရမှန်း မသိဘူး.။
ကိုယ့်စေတနာတွေကို စော်ကားပြီး ကိုယ်သိက္ခာကို ချနင်းလိုက်ပြန်ပြီ..။
မင်းတို့ နှစ်ယောက် စလုံး စော်ကားတာ များလှပြီ..။
သည်းမခံနိုင်လို့ အံကြိတ်လိုက်မိသည်..။
"ငါ လိုချင်ရင် မရ ရအောင် ယူလို့ရတယ်နော်…"
"ဆောရီး…ကိုဇေ က ကျွန်တော့်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ပါဘူး…ကျွန်တော့်ရဲ့ ကျေးဇူးရှင်ပါ….ကိုဇေ..မငြိမ်းကို လက်ထပ်လိုက်တာပဲ…..ကျွန်တော့် ယောက်ဖ ဖြစ်ခဲ့တယ် ဆိုလည်း မမှားဘူး…ကို့ယောက်ဖ ရဲ့ မယားကို ချောင်းနေတာ လူကောင်းတစ်ယောက် မဟုတ်ဘူးထင်တယ်နော်…"
"ဟား…ငါ က လူကောင်း ဖြစ်ချင်တာ မှ မဟုတ်တာကွ….ထားလိုက်ပါ…မင်းသွားတော့…."
"ကျွန်တော့် မိန်းမ ဆီကို မသွားပါနဲ့…ဘာကိစ္စ ပဲဖြစ်ဖြစ် ကျွန်တော့်ကို ပဲ ပြောပါ…သီရိ ကိုဇေ့ ကို အထင်သေးပြီး ရွံသွားမှာ စိုးလို့ပါ…"
"အိုကေလေ…မင်းမိန်းမ ကိုယ်တိုင် ငါ့ဆီ လာတွေ့မှပဲ ပြောချင်တာ ပြောပါတော့မယ်…"
"…………"
"တောက်…ဒုန်း…ခွမ်း…"
"အား…."
ကိုယ့်လက်အောက် ၀န်ထမ်းရှေ့မှာ စော်ကားခံလိုက်ရတာ ကိုယ်ဘာနဲ့ ပြန်ကာဗာ လုပ်ရမလဲ..။
ကိုယ်က သူများ မယား ကို ချောင်းနေတယ်တဲ့..။
ဟား…တော်တော်ရယ်ရတဲ့ ကောင်ပဲ..။
ကိုယ်သာ ကြာကူလီကောင်ဆိုရင် သူ ခရီးသွားနေရတဲ့ အချိန် ကိုယ် နဲ့ သီရိ နှစ်ယောက်တည်း ၇ှိတာပဲ…။
ကိုယ့်အခန်းထဲကို သီရိ ၀င်ပြီး အလုပ်တွေ လုပ်ပေးနေတာပဲ..။
ကိုယ် အရက်အမြဲမူးနေတာပဲ..။
ကိုယ် မင်းကို အပိုင်ကြံလိုက်လို့ရသားပဲ..။
ဘယ်သူက ဘာတက်နိုင်မှာလဲ…။
ဒါပေမဲ့ ကိုယ် မလုပ်ခဲ့ဘူး..။
ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာ ကို ကိုယ် ယုံတယ်…။
မင်းပျော်နေရင် ကျေနပ်ပါပြီ ဆိုတဲ့ စိတ်နဲ့ ကိုယ် နာကျင်ပေမဲ့ ဖြေသိမ့်နေခဲ့တယ်..။
ခုတော့ကွာ…စော်ကားလိုက်တာ..။
နှစ်ယောက်စလုံး စော်ကားလိုက်တာပဲ…။
မူးနေရင်တောင် မလွန်ကျူးဖို့ အမြဲစောင့်ထိန်းနေမိတဲ့ ကိုယ်နှလုံးသားကို စော်ကားဖျက်စီးလိုက်တာပဲ….။
မင်းတို့ ပြောသလိုပေါ့လေ..။
"ဟလို….တိုးတိုးလား…"
"ဟုတ်…"
"ငါ့ကို…--------ကား ခဏငှားကွာ…အလုပ်ရှိလို့…"
"ရတယ်လေ….အစ်ကို….ဘယ်တော့ ယူမလဲ…"
"ခု..ခဏပဲ …ဆယ်မိနစ် လောက်ဆို ရတယ်…"
ဖုန်းချလိုက်ပြီး ကိုယ် အရူးတစ်ယောက်လို ရယ်မိတယ်..။
ဟုတ်တယ်…သီရိ….ကိုယ်…မင်းနောက်ကို ကြာကူလီ တစ်ယောက်လို လိုက်ကပ်မနေတော့ဘူး..။
ကိုယ့်ရဲ့ ဖြူစင်တဲ့ နှလုံးသားအတွက် ဖြေသိမ့်ဖို့တော့လိုတယ်လေ..။
မင်းကိုယ်တိုင် လာတောင်းပန်လှည့်ပါ..။
ကိုယ် မင်း အတွက် အမြဲအဆင်သင့် ကြိုဆိုနေပါမယ်..။
YOU ARE READING
Love Catcher
Romance☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...