Part 42Love Catcher
အပိုင်း (၄၂) ဇာတ်သိမ်း
#lovecatcher
"ကြာလိုက်တာ...ကိုကိုရယ်...."
"ဟင်....အင်း....သားကော..."
"လှည်းထဲမှာပေါ့...ဟယ်...ဆံပင်တွေလည်း စိုနေတာပဲ..နေပူကြီးထဲ မိုးလည်း မရွာပါဘူး..."
"နေပူလို့ရေလောင်းချထားတာ..."
"ဟယ်...ကိုကိုကလည်း..ကလေးမဟုတ်ပဲ...ကျစ်...နေမကောင်းဖြစ်ဦးမယ်....လာ...လာ..."
လက်ကို ဆွဲခေါ်သွားတဲ့ မိန်းမ ဖြစ်သူကို ငေးကြည့်ရင်း ဖြိုးသူ စိတ်ပူလာပြန်သည်..။
ခုတင်မှာ ထိုင်ခိုင်းပြီး ခေါင်းကို ရေသုတ်ပေးနေတဲ့ ချစ်ဇနီးကို မော့ကြည့်ကာ ခါးတုတ်တုတ်လေးကိုဆွဲဖက်လိုက်သည်..။
"ထက်..."
"ဟင်..."
"ကိုကို....နေမကောင်းတဲ့ အချိန်တွေ ဆင်းရဲတဲ့အချိန်တွေ ဆိုးသွမ်းတဲ့ အချိန်တွေမှာ ကိုကို့ကို မထားခဲ့လို့ ကျေးဇူးတင်တယ်နော်..."
"ဟယ်....ဘာဖြစ်လို့လဲ....ဘာလို့ ငိုတာလဲ ကိုကိုရဲ့..."
ရင်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်ကြောင့် မျက်ရည်ကျကာ အသံတိမ်ဝင်သွားတော့ မျက်နှာကို ဆွဲမော့ကြည့်သည်..။
မျက်ရည်တွေကို လက်ဝါးနဲ့ သုပ်ပေးပြီး ဆံပင်တွေကို သပ်တင်ပေးတော့ မျှော်လင့်ချက်ဖြင့် ငေးကြည့်နေမိသည်..။
"ကိုကို့ ကို မထားခဲ့ဘူးမလား..."
"ဟင်း...ကိုကို့ သူငယ်ချင်းက အိမ်ထောင်ရေးအကြောင်း ရင်ဖွင့်လိုက်တယ် ထင်တယ်....ဟုတ်လား..."
"............."
ဖြိုးသူ ဘာမှ မပြောတော့ မျက်နှာကို လက်နှစ်ဖက်နဲ့ ဆွဲမော့ယူကာ နှုတ်ခမ်းကို ဖွဖွ နမ်းပေးသည်.။
"စိတ်ချပါ ကိုကိုရယ်....သားရယ် ထက်ရယ်...ကိုကိုရယ်...မိသားစုလေး အတူတကွ ပျော်ပျော်ရွှင်ရွှင် အမြဲတမ်း ရှိနေမှာပါ...."
".........."
"ကတိပေးလား..."
"ဟယ်...ဘယ်လို ဖြစ်နေတာလဲ...ကလေးကျနေတာပဲ...ကတိပေးတယ်.... တစ်သက်လုံး မခွဲဘူး.. ကိုကို့အနားကနေ တွန်းထူတ် ပစ်တောင် မသွားဘူး ဟုတ်ပြီလား..."
YOU ARE READING
Love Catcher
Romance☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...