Part 26Love Catcher
အပိုင်း(၂၆)
12-10-12-28
#lovecatcher
"ကိုကို...."
"နိုးပြီလား...."
"..........."
"ဘယ်လိုနေသေးလဲဟင်...ခေါင်းမူးသေးလား."
ခေါင်းကို ခပ်ဖြည်းဖြည်းခါရမ်းပြီး သီရိ လက်ကို လှမ်းကိုင်တော့ အနားကို တိုးကပ်သွားကာ နဖူးကို ငုံ့နမ်းလိုက်သည်..။
ကိုကို့ မျက်ဝန်းညိုတွေကို မက်မောတွယ်တာ ပေမဲ့ ခုချိန်မှာတော့ မျက်လုံးချင်း မဆုံရဲ နိုင်အောင် ဖြစ်နေသည်...။
"ကိုကို ဗိုက်ဆာလား ဟင်...ဆရာဝန် က အစားစားလို့ မရသေးဘူးပြောတယ်...ရေတော့ သောက်လို့ရပြီ...."
"........."
ရေခွက်ကို လှမ်းယူပြီး အလုပ်ရှာနေမိပေမဲ့ ကိုကိုကတော့ ညာလက်ကို မလွှတ်ပေးပဲ ဖမ်းဆုပ်ကိုင်ထားဆဲပင်...။
သီရိ ခပ်ဖွဖွ လေး ပြုံးကာ အခန်းပြင်ဘက်ကို တစ်ချက်ကြည့်ပြီး ခုတင်အစွန်းလေး မှာ ကပ်ထိုင်လိုက်သည်..။
"ကိုကို.....ဆရာဝန်တွေက မဝင်ခိုင်းဘူး...ကိုကိုရဲ့...အချိန်နဲ့ပဲ တွေ့ခွင့်ရှိတယ်...သီရိတော့ လွမ်းလိုက်တာ ကိုကိုရယ်..."
ကိုကို့ ရင်ဘတ်ကို လက်နဲ့ ပုတ်ရင်း ချွဲလိုက်တော့ကိုကို က ပြုံး၍ မျက်လုံးမှိတ်ကာ ထောက်ခံပေးသည်။
အကျီ င်္ကြယ်သီးလေးတွေကို လက်နဲ့ တို့ထိရင်း စကားပြောဖို့ အတွက် အားယူရသည်..။
"ဟို...သီရိ တစ်နေကုန် အပြင်မှာ ထိုင်နေရတာ ပျင်းတယ် ကိုကိုရယ်....ငိုလည်း ငိုချင်တယ်....အဲဒါလေ...အိမ်ပြန်ပြီး ဈေးရောင်းချင်တယ်...ဝင်ငွေလည်း ရတယ်...ဖောက်သည်လည်း မပျက်ဘူးပေါ့...ဆေးရုံက ညမှ ဝင်ခွင့်ပေးတယ်လေ.....အဲ့ဒီ့ အချိန် ပြန်လာခဲ့မယ်နော်...."
".........."
သီရိ မျက်နှာကို အချိန်အကြာကြီး အကဲခတ်နေတာ မခံစားနိုင်လို့ ကိုကို့ လက်ကို ဆွဲပြီး ပါးပေါ် တင်ထားမိသည်..။
အေးနေတဲ့ ကိုကို့ လက်ကလေး ပါးပေါ် ရောက်လာတော့ ရင်ဘတ်ထဲ ကို နွေးထွေးစေပါသည်..။
BINABASA MO ANG
Love Catcher
Romance☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...