Extra (5)

577 25 1
                                    

Extra zay
(5)

မင်း ကိုယ့်အပေါ် ရင်းနှီးလာတယ် လို့ ထင်ခဲ့မိတယ်..။
ကိုယ့်ဘက်က သက်ညှာနေလို့လည်း ဖြစ်နိုင်တယ်လေ..။
ဒါပေမဲ့ မင်း က ရက်တွက်နေတာပဲသီရိရယ်..။
တစ်လပြည့်တော့မယ်တဲ့ ..။
ကိုယ့်ကို အိပ်မပျော်အောင် လုပ်ပြန်ပြီ..။
မင်းကို သနားလိုက်တာ..။
ခြေထောက် ပြန်ကောင်းဖို့ ရာခိုင်နှုန်း နည်းတယ် ဆိုတာနဲ့ မင်းက ငိုနေတယ်..။
ဟင်း….မင်း မျက်ရည်တွေကို ကိုယ် တကယ် မကြိုက်ဘူး သိလား..။
အထူးသဖြင့် အဲ့ကောင်ကြောင့်ကျတဲ့ မျက်ရည်ဆို ပိုဆိုးသေးတယ်..။
ဘာပဲ ဖြစ်ဖြစ် မင်းဘက်က ကိုယ့်ကို နည်းနည်း အသိအမှတ်ပြုလာပြီ လို့ မှုန်ဝါးဝါး မျှော်လင့်မိတယ်..။
"ဟာ…ေဇယ်….ကိုယ္တိုင္ပါလား.."
"အေး…ငါ….လူနာ အခြေအနေသိချင်လို့…"
"ပြောပြီးသားလေကွာ…"
"ငါက လက်လျော့ရမှာလား….နိုင်ငံခြားအထိ သွားကုမယ်….ပြီးရင် မင်းတို့ ဆေးရုံကို တရားစွဲပစ်မယ်…"
"ဟား..ဟား…..မလုပ်ပါနဲ့ကွာ….ထိုင်ဦး…."
"………….."
"မင်း တွေ့လား..ဒီမှာ…"
"အင်း…."
"အဲဒီ့ အ၀ိုင်းက ခွဲစိပ်မှု အများကြီး လုပ်ထားရတဲ့ အပိုင်းပဲ..ဒါကတော့ မနေ့က စစ်ဆေးမှု ပေါ့…"
"အေးလေ…မတူတော့ဘူး…ဆေးပညာရပ်နဲ့ မပြောနဲ့ကွာ…ငါ နားလည်အောင် ပြောပေး…"
"ဟုတ်တယ်….ငါ့အထင်…ခြေထောက် က အာရုံကြော နဲ့ သက်ဆိုင်ပေမဲ့ အများကြီး မဟုတ်ဘူး…အလိုအလျောက်တုန့်ပြန်တဲ့ စနစ်….နာကျင်မှုကို လုံးဝ မှတ်ထားလိုက်တယ်…သူ့ခြေထောက်က အဓိက ထိခိုက်မိတယ်လို့ ထင်နေတယ်…မတ်တက်ရပ်တာနဲ့ နာကျင်မယ် ဆိုတဲ့ မှတ်ညဏ်မျိုးပေါ့ကွာ…သဘောပေါက်လား…"
"အေး…အဲဒါ ဘယ်လို ကုမလဲ…"
"ဟာကွာ…ဖြည်းဖြည်းကုရမှာပေါ့…"
"ရာခိုင်နှုန်း နည်းတယ်ဆို…"
"ဟုတ်တယ်…တချို့ဆို တစ်သက်လုံး မကောင်းတော့တာလည်း ၇ှိတယ်…"
"အိုး..ဒါဖြင့် စကားပြောတာ ကျတော့ရော…"
"နှစ်ခု ဆက်စပ်နေတယ်…အာရုံကြောတွေကို ထပ်စစ်ဆေးရမယ်…"
"ခဏခဏ စစ်နေတာ ငါ မကြိုက်ဘူး…"
"အဲလောက် ထိခိုက်မှု မရှိပါဘူးကွာ…"
"မင်းတို့ အာမမခံရင် ငါ နိုင်ငံခြား ကို စောစော ဆက်သွယ်ထားရမယ်…"
"အိုး…စိတ်ရှည်ပါ….ဇေယျရာ….မင်းကလည်း…"
"တစ်လတောင် ပြည့်နေပြီ…"
"ဟာ…ဖြစ်ဖြစ်ချင်းသာ စစ်ဆေးပြီး ကုလိုက်ရင် ခုလောက်ဆို ကောင်းနေပြီ….ရောဂါတွေ အသားကျတော့မှ အစက ပြန်ကုသနေရတာကွ…တချို့ အချက်အလက်တွေဆို ရှာဖို့တောင်ခက်နေပြီ….."
"ဟင်း….မာမီ့ ကျန်းမာရေး ကိစ္စ နဲ့ ငါလည်း စင်ကာပူမှာ အလုပ်ရှုပ်နေလို့ပါကွ….ဟက်ချုး…"
"ဟောကြည့်…သူများကိစ္စ ခဏထား…မင်းတစ်ခါတည်း ဆေးထိုးသွား…"
"မထိုးဘူး…."
"ဟား..ဟား…ခုချိန်ထိ အပ်ကြောက်တုန်းပဲ….စိတ်မပူပါနဲ့…စိတ်ရှည်စမ်းပါကွာ…"
"အေး..စိတ်ရှည်ဆိုလည်း လူနာရှင်ကို ခဏခဏ ခေါ်တွေ့ပြီး ခြောက်မနေနဲ့…ငါ့ကိုပဲ တိုက်ရိုက်ပြော…"
"သြော်…ဒါကြောင့်ကိုး…နေပါဦး…မသီရိ က မင်းယောက်ဖ ကို တော်တော်လေး ဂရုစိုက်တယ်နော်…ငါတော့ တကယ် ချီးကျူးတယ်…ငယ်ငယ်ချောချောလေးပဲ…လူနာကိုလည်း ကြည့်…ဈေးလည်း ရောင်းသေးတယ်တဲ့…မင်းယောက်ဖ ကံကောင်းတယ်ကွာ…"
ဇေယျ အပြုံးနဲ့ ခေါင်းညိတ်လိုက်ရပေမဲ့ ရင်ဘတ်ထဲမှာ မျက်ရည်မိုးသည်းလို့နေသည်.။
ဖြိုးသူ ကံကောင်းပုံများ ကျိုးနေ အ နေတာတောင် အချစ်မပါပဲ အပိုင်သိမ်းထားတဲ့ဇနီးကောင်း ဇနီးမြတ်ကြောင့် အားကျနေကြရသည့် အဖြစ်.။
ကိုယ်ကျတော့ရော…။
အရာရာ အားလုံး အလဲလဲ အပြိုပြို…။
သူများတွေ အားမကျရင်လည်း နေပါစေ..။
ကိုယ့်နှလုံးသားကိုတော့ အရေးပေါ် ကယ်ဆယ်ပေးပါလား…သီရိရယ်..။
.
"ဟင်….ပြည့်ပြည့်…"
"ကိုကြီး…ဘာလို့ အိမ်ပြန်မလာတာလဲ…"
"ငါ ပြန်ချင်ပြန်မယ်…"
"အဲလို မလုပ်နဲ့….ဘေဘီလေ….ကိုကြီးကို…"
"ပြန်တော့…"
"ဟင်…"
"……………."
ခေါင်းကိုက်လို့ ဆိုဖာ ပေါ် ထိုင်ချလိုက်ပေမဲ့ ပြည့်ပြည့်က အနားကို တိုးကပ်ထိုင်ပြီး ဖက်တော့ လက်နဲ့ တွန်းပစ်လိုက်ရသည်.။
"ကိုကြီး…တခြားတစ်ယောက်နဲ့ တွဲနေပြန်ပြီလား…"
"ဟုတ်တယ်…ဒီလိုကိစ္စ က ငါ့ အတွက် မထူးဆန်းဘူး.."
"ထူးဆန်းတယ်…ဒီတစ်ယောက် က တော်တော် ထူးဆန်းတယ်….ဘားကို မရောက်နိုင်အောင် သူ ဘာတွေ နဲ့ ချုပ်ထားလဲ…"
"နင့် ကို တခြား မိန်းကလေးတွေလိုပဲ သဘောထားတယ်…နင် လည်း ငါ့ကို ဒီလိုပဲမလား….နင် အဆင်ပြေရင် ပြန်တော့….ငါ့တိုက်မှာ အလုပ်ရှိတယ်…"
"မပြေဘူး…ဘေဘီ့အရင်ဘဲ က ခေါ်နေတယ်…မှားတယ်ပြောတယ်….ဒါ..ဒါပေမဲ့…ဘေဘီ ကိုကြီးကို ဆုံးရှုံးမခံနိုင်ဘူး..ချစ်နေပြီ…ထင်တယ်…"
"ဟာ…..ချစ်လို့ မရဘူးလေ…"
"ဘာလို့လဲ…"
"ငါ မယုံလို့…သွားပါကွာ….ပြန်တော့…"
"…………"
"ပြည့်ပြည့်…."
နှုတ်ခမ်းစူပြီး ဆောင့်အောင့် ထွက်သွားတဲ့ ပြည့်ပြည့် ကို လိုက်ကြည့်ရင်း မျက်လုံးမှိတ်ပစ်လိုက်ရသည်..။
ကိုယ်မျှော်လင့်နေတာ တမျိုး..။
ခုတော့..။
ဖုန်းကို ပြန်ဖွင့်ပြီး ကင်မရာထဲ ၀င်လိုက်ရသည်..။
ကျစ်…။
ပြည့်ပြည့်နဲ့ တွေ့ပြီး မင်းပြန်သွားတာပဲ..။
ကိုယ် ခေါင်းတွေကိုက်လိုက်တာ သီရိရယ်….။
ကိုယ်ဖျားလို့ မဖြစ်ဘူး..။
ကိုယ့်ဝေဒနာတွေနဲ့ တစ်ယောက်တည်း အထီးကျန် ခံစားရမှာကိုယ် အကြောက်ဆုံးပဲ..။
အေးစက်တဲ့ ဝေဒနာကို ကိုယ်မုန်းတယ်..။
.
"သားငယ်…"
"ဗ်…"
"သီရိ ဆီမှာလား…"
"မဟုတ်ဘူး..ကိုကြီး…ဒီနေ့ အစ်မ လာမယ်ဆိုလို့…ကျွန်တော် အိမ်ခဏ ပြန်လာတယ်…"
"ကျစ်…လိပ်စာပေးစမ်းကွာ…အဟွတ်…."
"ဟုတ်….ကိုကြီး နေမကောင်းဘူးလား.."
"………….."
ကိုယ် ဒေါသထွက်တယ်..။
ကိုယ့်ကိုယ်ကိုကော….အားလုံးကိုကော…။
ကိုယ့်မှာတော့ တစ်ညလုံး အဖျားတွေတက် ပြီး အားတင်းထားရတယ်..။
မင်းလာတဲ့ အချိန်ထိ ရောက်အောင် ဝေဒနာတွေ ခံစားပြီး စောင့်နေတယ်..။
မင်းကတော့ နေ့ခင်း အထိ ရောက်မလာဘူး..။
ကိုယ့် အိပ်ယာထဲကနေ အကြိမ်ကြိမ် ဖုန်းခေါ်တယ်..။
မင်း ဖုန်းစက်ပိတ်ထားတယ်တဲ့..။
သူနာပြု လေးယောက် အနားမှာ အဆင်သင့်ရှိနေတဲ့ လူနာကို မင်း ဘာအကြောင်းပြချက်နဲ့ စိတ်ပူတယ် ပြောဦးမှာလဲ..။
"ဆေးခန်း သွားပေါ့…ကျွန်မ က ဆရာဝန် မှ မဟုတ်တာ"လို့သာ မင်းပြောကြည့်..။
မင်း နှုတ်ခမ်းကို ကောင်းကောင်း ဒဏ်ခတ်ပြမယ်…။
ကားကို အရှိန်တင် မောင်းပြီး အံကြိတ်လိုက်ချိန် ခေါင်းက ထိုးကိုက်သွားပြန်သည်..။
"အစ်မ…သီရိထက်ထက် တို့ ဒီလမ်းမှာ နေလားခင်ဗျ…."
"ဟယ်….နာမည်မေးတော့ ဘယ်သိမလဲ…ဟိုးနောက်မှာလည်း ရပ်ကွက် ရှိသေးတယ်…."
"အိမ်နံပါတ်…87"
"မသိဘူးရှင့်…."
"သြော်…ဟုတ်…ကျေးဇူးပါနော်…."
"…………."
"အစ်ကို…ခဏ..ဟိုလေ…မုန့်ရောင်းတဲ့ အိမ်ကို သိလား မသိဘူး…"
"ဟမ်…ဘာမုန့်လဲ…"
"ဟို…အသုပ်တို့…ဘာတို့ ညနေ ပိုင်း…"
"ဟာ….ဘယ်လိုသိမလဲ ငါ့ညီရဲ့..ညနေပိုင်းဆို အိမ်တိုင်းရောင်းနေတာပဲ…."
"ဟိုလေ….ထားပါတော့…ကျေးဇူးပါဗျာ…"
ကိုယ် တစ်ခု ဆုံးဖြတ်လိုက်တယ်…။
ဆေးရုံက စောင့်နေရင်တော့ မင်းရောက်လာမှာပဲ ဆိုတာလေ…။
ကိုယ့်ကားကို အဝေးကြီးမှာ ရပ်ပြီး ဖျားနေရဲ့ သားနဲ့ လမ်းလျှောက်ရတယ်..။
မင်းပြောထားတဲ့ ပတ်ဝန်းကျင်က မင်းသိက္ခာကို တန်ဖိုးထားလို့လေ..။
"ဟင်…"
ကိုယ့်တစ်ကိုယ်လုံး ပူပြင်း လောင်ကျွမ်းသွားသလိုပါပဲ..။
သားငယ် ပြောပြတဲ့အခါ ကိုယ် စိတ်တိုတယ်..။
ဒေါသထွက်စေတဲ့ မြင်ကွင်းကို မြင်ယောင်ရင်း ပူလောင်ရတယ်..။
အခုတော့ ကိုယ့်ရဲ့ ဖြစ်တည်မှု ပျောက်ဆုံးသွားပြီ..။
မင်း….သူ့ကို အဲလောက် ချစ်တာလား ဟင်..။
ကိုယ်အများကြီး ကြိုးစားပေမဲ့ အသက်မ၀င်လာတဲ့ မင်းက ခုကျတော့ ရယ်နေလိုက်တာ..။
ကိုယ့်ရင်တွေ နာလိုက်တာ..။
လက်သီးဆုပ်ရင်း စီးကျလာတဲ့ မျက်ရည်တွေကို မသုတ်မိဘူး.။
ယောက်ျားတစ်ယောက် မျက်ရည် တန်ဖိုး ရှိတယ်တဲ့…။
ကိုယ့်ရဲ့ နာကျင်မှုက ပြင်းထန်လွန်းလို့ …တန်ဖိုးရှိတဲ့ မျက်ရည်တွေကို  စိတ်ကြိုက်စီးဆင်းခွင့်ပေးထားတယ်..။
ကိုယ် အခု သိလာပြီ..။
ပတ်ဝန်းကျင်က လူတွေ က ဖြိုးသူကို ကံကောင်းတယ် လို့ အမြဲပြောနေတာ…ကိုယ်သိပြီ..။
မင်းရဲ့ ပြုစု ကြင်နာမှုက လူကောင်းတွေ အားကျရလောက်အောင်ကို မေတ္တာ စေတနာတွေ ပိုလွန်းနေတာကိုး..။
မင်း ပျော်နေလား…။
စကား မပြောနိုင်တဲ့သူနဲ့ စကားပြောရင်း မင်း ရယ်နေလိုက်တာ…။
ကလေး တစ်ယောက်လို မင်း ကြင်ကြင်နာနာ မုန့်ခွံပေးနေတယ်..။
တယုတယ ပါးစပ်သုတ်ပေးတယ်..။
မုတ်ဆိတ်တောင် ရိပ်ပေးသေးတယ်..။
ဖြိုးသူက လက်ကောင်းပါတယ်ကွ..။
လက်အကောင်းကြီးပါ..။
သူ့အနားမှာ ယောက်ျား သူနာပြု မိန်းမ သူနာပြုတွေ ထားပေးထားတယ်..။
မင်း ဘာလို့ အပိုတွေ လုပ်နေတာလဲ..။
မကြည့်စမ်းပါနဲ့…မင်းတို့ ဘာလို့ မျက်လုံးတွေနဲ့ ကြည့်နေကြတာလဲ..။
လူမမာ ကို ပြုစုပေးရင်း ပြုံးနေကြတာ…ကြည်နူးဖို့ ကောင်းလိုက်တဲ့ ဇာတ်ဝင်ခန်းလေးပေါ့…။
ကိုယ့်အတွက် နာကျင်တာထက် ပိုတယ်..။
သြော်…ကိုယ်မေ့နေတယ်..။
ကိုယ်က ဗီလိန်ကိုး..။
ကိုယ့် မျက်ရည်တွေသုတ်ပြီး အံကြိတ်လိုက်တယ်..။
မင်းရဲ့ မျက်ဝန်းထဲက တစ်စုံတစ်ခု တွေ့တော့ ကိုယ့်မှာ ခြေတစ်လှမ်း နောက်ဆုတ်မိပြန်ရော..။
မင်း ဘယ်လို ခံစားချက်နဲ့ဘာသာပြန် လုပ်ပေးနေလဲ ကိုယ် မသိဘူး.။
ဖြိုးသူ မသိလည်း…မင်းနဲ့ ကိုယ့်ရဲ့ ဆက်ဆံရေးကို မင်းဘယ်လိုမှ မခံစားရဘူးလား.။
အပြစ်ရှိတယ်လို့ မယူဆရလောက်အောင် လိပ်ပြာလုံနေတာလား.။
ကိုယ် ပြောချင်တဲ့ စကားတွေကို မြိုသိပ်ပြီး ကျောခိုင်းထွက်လာရတယ်..။
ကိုယ့်အတွက် ကတော့ ဘ၀ချီပြီး လက်ဗလာနဲ့ ခေါင်းငိုက်ဆိုက် ကျောပေးလိုက်ရတာချည်းပါပဲ..။
မင်းနဲ့ နီးစပ်ဖို့ အတွက် ဘာမှ မဖြစ်သလို ဟန်ဆောင်နေရပေမဲ့ …။
ခံရခက်တဲ့  ဝေဒနာတွေ တပွေ့တပိုက်နဲ့ပေါ့လေ…။
.
"ကိုကြီး…ကိုကြီး…"
"ကျစ်…"
ကိုယ် တရေးနိုးလာချိန်က လက်မောင်းကို တစ်ယောက်ယောက် လှုပ်နှိုးလိုက်ချိန်ပါပဲ..။
ကိုယ် မျှော်လင့်ထားသလိုပါပဲ…။
အခန်းထဲမှာ မင်း မရှိတော့ဘူး..။
မင်းယောက်ျားအပေါ် မေတ္တာစေတနာနဲ့ ပြုစုနေမှာပေါ့လေ…။
ပြည့်ပြည့် လက်ကို ဖြုတ်ချလိုက်ပြီး ခုတင်က အနိုင်နိုင် ထထိုင်ရသည်.။
"ကိုကြီး…အရမ်းဖျားနေလားဟင်…"
"ဖယ်ကွာ…"
"ဆေးသောက်ပြီးပြီလား…ဆေးရုံ သွားရအောင်နော်.."
"ကျစ်…"
"ဘာယူမလို့လဲဟင်…ဘေဘီ့ကို ပြောပါ…"
"မယူဘူး..ဖယ်…"
"ကိုကြီး ချမ်းနေမှာစိုးလို့ပါ…"
"ငါ မချမ်းဘူး…နင် အအေးပတ်တော့မယ်…အကျီ င်္ မြန်မြန် ၀တ်စမ်း…"
"အဟွင်း…ကိုကြီးကလည်း …၀တ်ထားတာပဲ..."
စားပွဲပေါ်မှာ စားစရာ တစ်ခွက်နဲ့ အေးစက်နေတဲ့ ရေခွက် တစ်ခုက ကိုယ့်အတွက် မင်းရဲ့ စေတနာတွေလား..။
ခါးသက်လိုက်တာ..။
ဒါပေမဲ့ အေးစက် ခဲလုနေတဲ့ ဘာမှန်းမသိတဲ့ အပြုတ်ပန်းကန် ကို ဆွဲယူပြီး စားပစ်လိုက်တယ်..။
ရေခဲရေနဲ့ တူတဲ့ စေတနာအေးအေးပါတဲ့ ရေတစ်ခွက်ကို ဆေးနဲ့ အတူ မျောချလိုက်တယ်..။
"နင် ဘာလို့ ရောက်လာတာလဲ…"
"ကိုကြီးပဲ စာပို့ပြီး.."
"ဟမ်..…"
အိပ်ယာပေါ်မှာ အိပ်နေရင်းက သတိရပြီး ဖုန်းကို ဆွဲယူကြည့်လိုက်တယ်..။
ကိုယ့်ဖုန်းကို ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်က သုံးသွားတာပဲ..။
"ကိုယ် နေမကောင်းဘူး…လာခဲ့ပါ"တဲ့လား..။
မင်း မသိဘူးမလား..။
မင်း အပေါ်မှာပဲ နူးနူးညံ့ညံ့ သုံးတက်တဲ့ကိုယ်က ပြည့်ပြည့်ကို နင်ငါပဲ သုံးဖြစ်တယ် ဆိုတာလေ..။
မင်းက သူတို့ နဲ့အတူတူပဲလို့ ထင်နေလို့လား..။
ကိုယ် ပြောပြခွင့်ရရင် ပြောပြချင်သေးတယ်..။
မတက်သာလို့ ပတ်သက်ရတဲ့ မိန်းမတွေကို ကိုယ် တစ်နာရီထက် ပိုမခံစားရပါဘူး..။
မင်း ကိုတော့ ကိုယ် အသက်ရှုနေသရွေ့ နှလုံးသားနဲ့ ဦးနှောက်ထဲ ထည့်ပြီး ချစ်နေရတာ သိရဲ့လား..။
အိုး..။
မင်း လုပ်ရက်လိုက်တာ..။
ကိုယ့်ရဲ့ အဖော် ဖြစ်နေတဲ့ မင်းကိုယ်စား ဗီဒီယို ဖိုင်လေး ကိုမင်း ဖျက်ရက်တယ်..။
ကိုယ် ဘယ်လို ပုံစံနဲ့ ဖြေသိမ့်ရတော့မှာလဲ..။
ပြည့်ပြည့်က ကိုယ့်ကို ဖက်ပြီး နွေးဖို့ ကြိုးစားပေးနေချိန် ကိုယ့်ရင်ထဲမှာတော့ အေးစက် မှုန်ရီနေတယ်…။
မင်းယောက်ျားကို ပြုစုပေးနေတဲ့ မင်းရဲ့ ပုံရိပ်တွေကို မြင်ယောင်ရင်းပေါ့..။
အချစ်မရှိတဲ့အခါ ရာသီအဖျားက အလွမ်းတိုးပြီး ပိုဆိုးစေတာ မင်းသိရဲ့လား ကိုယ့်အသက်..။
.
"ကိုကြီး…ပြန်ပြီ…"
"ဘာလို့ ငါ့အကျီ င်္ဝတ်သွားတာလဲ…"
"နောက်တစ်ခါလာရင် လဲလို့ရအောင် ဂါဝန်ထားခဲ့တယ်.."
"ကျစ်…သွားတော့ မြန်မြန်…"
ကိုယ့် မှာ နာရီ ကြည့်ရင်း မင်းလာတော့ မလားလို့ မျှော်လင့်ရတာ ပိုမောသည်..။
မင်းက တာဝန်အရ မေးပေမဲ့ ကိုယ့်မှာ ပျော်လိုက်ရတာ..။
ညက အိပ်ပျော်တယ် ဆိုတော့ နည်းနည်း မကျေမနပ်ဖြစ်ရသေးတယ်..။
ဒါပေမဲ့ ကိုယ် ပျော်နေပါပြီ..။
ကိုယ် မင်း ကို ရင်ဖွင့်မိတယ်..။
ကိုယ်ခံစားချက်တွေ မင်းနဲ့ ကိုယ့်ရဲ့ နီးမလိုနဲ့ ဝေးခဲ့ရတဲ့ ဇာတ်လမ်း အကြောင်းတွေ..။
မင်း ဘက်ကို သက်ညှာသော အားဖြင့် ဖြိုးသူ အကြောင်းတွေ မပြောခဲ့ပါဘူး..။
အောက်ဖဲ လှန်လို့လဲ မင်း က အထင်ကြီးမှာမှ မဟုတ်တာပဲလေ..။
ကိုယ့် နှလုံးသားရဲ့ ခံစားချက်တွေ ကို ရင်ဖွင့် ၀န်ခံတော့…မင်း သတ်မှတ်လိုက်တာက..။
ကိုယ် က ပန်းချိုးသူ တဲ့လား..။
ကိုယ့် နှလုံးသားနဲ့ ကိုယ့်အချစ် က မင်းအတွက် အဲလောက်တောင် အဖိုးမတန်ဘူးလား..။
ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပေးဆပ်မှုတွေက မင်း နှလုံးသားရဲ့ တစ်ထောင့်တစ်နေရာမှာတောင် နေရာမရခဲ့ဘူးလား..။
ကိုယ့်ဘက်က ဘယ်လို လျှောက်လှဲချက် ဖြစ်ဖြစ် မင်းက ရာဇသံနဲ့ ပယ် ချ မှာ သိနေပါတယ်..။
မင်းနားလည်အောင် ကိုယ်ရှင်းမပြတက်တော့ဘူး..။
ကိုယ် ခေါင်းအရမ်းကိုက်နေပြီ..။
နောက်ပြီး နှလုံးသားထဲက နာနေပြီ..။
.
"ဟင်း…"
ခေါင်းတွေမူးပြီး မထူနိုင်အောင် ဖြစ်နေပေမဲ့ ..။
မျက်လုံးကို ဖြည်းဖြည်း ဖွင့်လိုက်သည်.။
ကိုယ်ပေါ်က စောင်ကို တွေ့တော့ တစ်ချက်ပြုံးမိသည်.။
မင်းက ကိုယ်ထင်သလောက် မရက်စက်တက်ပါဘူး.။
မာမီပြောခဲ့ဖူးသလို မိန်းကလေးတွေမှာ သနားကရုဏာစိတ်က ပိုတယ် ဆိုတာ ဟုတ်မယ်ထင်တယ်..။
ညမီးလုံးလေးရဲ့ အနီရောင်အလင်းက ကိုယ့်ရင်ထဲ အထိ ၀င်လာတယ်..။
တိုက်ခန်းတစ်ခုရဲ့ အအေးဓာတ်က အခုကျတော့သိသာလိုက်တာ..။
မှောင်မိုက်နေတဲ့ အခန်းထဲမှာ ပန်းချီကားထဲက အောက်ချင်းငှက်မောင်နှံ မျက်လုံးကြီးပြူးပြီး ကိုယ့်ကို ကျိန်ဆဲနေသလိုပဲ အသက်ရယ်..။
ချစ်သူ နှစ်ယောက်ကို နှောင့်ယှက်နေတဲ့ မိစ္ဆာကောင် အဖြစ် မုန်းနေရောပေါ့..။
ကိုယ် ချမ်းလိုက်တာ..။
ကိုယ့်ခန္ဓာကော ကိုယ့်နှလုံးသားကော ချမ်းလိုက်တာ….အသက်ရယ်..။
မင်းရဲ့ စိတ်ကို ကိုယ်နားလည်လာသလိုပဲ..။
ဟုတ်တာပေါ့…ယောက်ျားရှိတဲ့ မိန်းမ တစ်ယောက်က အချိန်တန်ရင် အိမ်တော့ ပြန်ရမှာပေါ့..။
မင်း ပြောခဲ့သလို ဒါက မင်းအတွက် အချိန်ပိုင်း အလုပ်..။
ကိုယ့်အတွက်တော့ နှလုံးသားဒဏ်ရာ ကုစားရတဲ့ အချိန်ပိုင်းပေါ့လေ..။
ကိုယ် မျှော်လင့်မိတယ်..။
မင်း အမျိုးသားရဲ့ ရင်ခွင်ထဲမှာ တီတီတာတာ နဲ့ ကလေးလေး တစ်ယောက်လို စကားများနေရင်း ကိုယ့်ဆီကို တစ်ချက်တော့ စိတ်ရောက်လာမယ်လို့လေ..။
အဲလို တွေးမိတော့ ကိုယ် တစ်ချက် နွေးသွားတယ်..။
ဆိုဖာကနေ အားယူပြီး ထထိုင်လိုက်ပေမဲ့ အဆင်မပြေ..။
အားတင်းပြီး ဆေးခါးသောက်ဖို့ ခြေလှမ်းလိုက်ချိန် ကိုယ့်ခြေထောက် တွေက ထုံထိုင်းနေပြီ..။
အရက်သောက်လွန်းရင် လေဖြတ်တက်တယ်တဲ့..။
ကိုယ် အဲလို ဖြစ်တော့မှာလား..။
မဖြစ်နိင်ဘူး..ကိုယ်အရက်စသောက်တက်တာ မကြာသေးဘူး..။
ဟုတ်တယ်….မင်းနဲ့ စတွေ့တော့မှ သောက်တက်တာပဲလေ..။
ကိုယ်တို့သိတာ လေးနှစ်လောက်ပဲ ရှိဦးမလား..။
ဆယ်စုနှစ်သောက်လာတဲ့ သူတွေတောင် ဘာမှ မဖြစ်သေးဘူး.။
ကိုယ် လည်း မဖြစ်သင့်ဘူးလေ..။
ခြေလှမ်းတွေကို ကြိုးစားလှမ်းပေမဲ့ လုံးဝ မရွေ့တော့ ကိုယ် ကြောက်စိတ်ဝင်လာတယ်..။
ဝဋ်လည်တယ် လို့ ပြောရအောင် ဖြိုးသူကို ခြေထောက်ကျိုးအောင် လုပ်တာ ကိုယ်မှ မဟုတ်တာပဲ..။
အဲ..ဒါပေမဲ့…လောကစည်းမျဉ်း ဖောက်ဖျက်တဲ့သူက ကိုယ်ပါလို့ ၀န်ခံရဲပါတယ်..။
လူကျင့်ဝတ် မရှိတဲ့ ကောင်ကလည်း ကိုယ်ပဲ..။
ကိုယ့်ရဲ့ ပျက်စီးခြင်း မှန်သမျှက မင်း ရဲ့ အမုန်း ကျိန်စာ ဆိုရင်တော့ ကိုယ် ဘယ်လို ဝေဒနာ ဖြစ်ဖြစ် ရင်ဆိုင်ရဲပါတယ်..။
အနည်းဆုံးတော့ မင်းဆုတောင်းပြည့်တယ် ဆိုပြီး  ခဏ ရယ်မော ကျေနပ် ပျော်ပါစေ…။
ပြုတ်ကျတဲ့ နေရာကနေ မှန်ခုံဆီကို ရွေ့သွားပြီုးဖုန်းကို ကောက်ယူလိုက်သည်..။
မခေါ်တာကြာပြီ ဖြစ်တဲ့ သူငယ်ချင်း ဆရာဝန်ကို ဖုန်းခေါ်ပြီး ကိုယ် ပြောဖို့ အားမရှိတော့ဘူး.။
ကိုယ့်ရဲ့ မျက်လုံးတွေ အမှောင်ဘက်ကို ကူးသွားတယ်..။
နောက်ပြီး….ကိုယ် ဘာမှ မသိတော့ဘူး.။
ကိုယ် နောက် ဆုံး တွေ့ ခဲ့တာ အောက်ချင်းငှက်ရဲ့ မျက်လုံးကြီးတွေ..။
စက်ဆုပ် မုန်းတီးနေတဲ့ မျက်ဝန်းတွေ…။
နောက်….အေးစက်တဲ့…မျက်ဝန်းလေး…။
.
"မင်း တော်တော် ပေါ့တဲ့ ကောင်ပဲ…"
"မသေပါဘူးကွာ…"
"အေး…အရက်မဖြတ်ရင် မင်းသေလိမ့်မယ်."
"ငါ သောက်တာ မကြာသေးဘူး.."
"မတူဘူးကွ…မင်း က အရက်ကို လူလို သောက်တာ မဟုတ်ဘူး.."
"ငါက ဘယ်လို သောက်နေလို့လဲ…"
"နွားလို သောက်နေတာ…."
"ဟား..ဟား…"
နွားလို သောက်တာတောင် မေ့ချင်တဲ့သူ ကို မမေ့လို့ အိပ်မပျော်နိုင်ဘူးလေ..။
မင်းမသိပါဘူးကွာ…..အရက်မသောက်ရင် ရူးတော့မှာပေါ့..။
"ခုအခြေအနေ က…"
"ရိုးရိုး အဖျားပါပဲ…သက်သာသွားရင် အသည်းကို တစ်ချက် စစ်ရမယ်…"
"အိုကေ….မဆူပါနဲ့တော့ကွာ…ငါ နားချင်ပြီ…"
"ကျစ်…."
သူငယ်ချင်းဖြစ်သူ အခန်းထဲက ထွက်သွားတော့မှ ဖုန်းကို ထုတ်ပြီး ကြည့်လိုက်သည်.။
ကိုယ့် အသက်လေးက ကိုယ် သတိမေ့နေတုန်းကလည်း အိမ်ကို ရောက်လာတာပဲ.။
ဒီနေ့ဆေးရုံမှာ နေရတာ နှစ်ရက်မြှောက်ပဲ..။
မင်း ဟင်းချက်နေတဲ့ပုံလေး က ချစ်စရာကောင်းလိုက်တာ..။
နာရီ ကြည့်ပြီး အိမ်ရှေ့ဘက်ကို တစ်ချက်လှမ်းကြည့်တော့ ကိုယ် ရင်ခုန်သွားတယ်..။
မင်း ကိုယ့်ကို မျှော်တက်နေပြီလား.။
မနေနိုင်သူမို့ ကြာကြာ မခွဲပဲ ပြေးတွေ့နေကျလေ..။
ခုတောင် နေမကောင်းလို့ ငြိမ်နေရတာ..။
မင်း စိတ်ထဲမှာ ကိုယ် နည်းနည်း ရောက်နေပြီ ထင်တယ်..။
အမှန်တရား မဟုတ်ခဲ့ရင်တောင် ကိုယ် ပျော်လိုက်တာ အသက်ရယ်..။
ဝေဒနာတွေ လျော့ပါးသွားသလိုပါပဲ..။
.
"မင်း ပြန်လို့ မရသေးဘူးနော်…ဇေယျ…"
"ငါသိပါတယ်…..ညနေ ပြန်လာမယ်…"
"ဟာကွာ…ဒါများ ဘာလို့ ပြန်မှာလဲ.."
"လုပ်စရာ ရှိလို့ပေါ့…"
လက်ထဲက ကတ္တီပါဘူးလေး ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်သည်.။
ကိုယ့်ရင်ဘတ်က တက်တူးလေး နဲ့ ပုံစံတူ လော့ဂတ်လေး အပ်ထားတာ အခု ရပြီလေ..။
တကယ်တော့ သိမ်းထားပြီး နောက်နေ့ပေးလည်း ရပေမဲ့ ကိုယ် မစောင့်နိုင်တော့ဘူး..။
ကိုယ် အနွေးထည်ကို ကားထဲ ထားခဲ့ပြီး အခန်းဆီကိုရောက်လာတယ်..။
အို…မင်း က အလုပ်များနေတာပဲ..။
မင်းရဲ့ ခါးလေး ကို ကိုယ်လွမ်းလိုက်တာ..။
မင်း ကို ကိုယ် ပြန်တွေ့တာ ကိုယ် ပျော်လိုက်တာ အသက်ရယ်..။
ကိုယ့် တကယ်ပြောတာ..။
ငယ်ငယ်တုန်းက နေမကောင်းရင် မာမီ့ဆီ ရောက်သွားရင် အားရှိသွားသလို..။
မင်းရဲ့ ပခုံးလေး ကို မှီပြီး မင်းရဲ့ အငွေ့အသက်လေးက ကိုယ့်ကို အားဖြစ်စေတယ်..။
ကိုယ့်ကို မင်း လည်း စိတ်ပူနေတယ်မလား..။
ဟုတ်မဟုတ်တော့အဖြေမပေးပါနဲ့ ကိုယ် မကြားချင်ဘူး.။
ကိုယ့်စိတ်ကူးနဲ့ ကိုယ်ရူးရတာ ပျော်ပါတယ်..။
ဘူးသီးဟင်းပြုတ်က ဆားပေါ့လိုက်တာ..။
ဒါပေမဲ့ ကိုယ့်ဘ၀ မှာ စားခဲ့သမျှထဲ တော်တော်လေး အရသာရှိတဲ့ ဟင်းတစ်ခွက်ပါပဲ..။
မင်းက ဒီနေ့ ကြက်ဥကြော်ထည့်ပေးတယ်..။
ဘာဖြစ်လို့မှန်း မသိပေမဲ့ ကိုယ့်မှာတော့ ရင်ခုန်ကြည်နူးလိုက်ရတာ အဖျားတောင် တက်ချင်သွားတယ်..။
ကိုယ့် အလုပ်တွေကို စိတ်ရောက်သွားတော့ ခဏမေ့သွားတယ်..။
နာရီ အသံကြားတော့မှ သုံးနာရီ ကျော်နေတာ သိပြီး ကိုယ် စိတ်ပူသွားတယ်.။
မင်း ကို ကိုယ်ပိုင်ခွင့်ရတဲ့ အချိန်လေးက နာရီပိုင်းပဲ ကျန်တော့တယ်လေ..။
မင်းရဲ့ မျက်လုံးပြူးလေး ကိုလည်း ကိုယ် အသည်းယားတယ်..။
မင်း ငြင်းမယ် လို့ ကိုယ် မျှော်လင့်ပြီးသားပါ..။
ဘယ်ရမလဲ…။
မင်း အမြဲ ခေါင်းညိတ်ရတဲ့ အလုပ်ဆိုတဲ့ တာဝန်ကို ပဲ ကိုင်ခြောက်ရတော့တာပေါ့..။
ကိုယ် ရင်တွေ ခုန်လိုက်တာ..။
မင်းနဲ့ မတွေ့တာကြာလို့ ဖြစ်မယ်..။
ကိုယ့်ကို မင်း လန့်ပြီးဖက်လိုက်တာ ဖြစ်ဖြစ် မှားပြီး ဖက်လိုက်တာ ဖြစ်ဖြစ် ကိုယ့်အတွက်တော့ မျှော်လင့်ချက်ရောင်ခြည်လိုပဲ တန်ဖိုးရှိတယ်..။
ချစ်လိုက်ရတာ အသက်ရယ်…။
မင်း က ကိုယ့်အတွက်တော့ စွဲမက်လောက်တဲ့ ပန်းလေး တစ်ပွင့်လိုပါပဲ..။
ကိုယ် ဘယ်လောက်ပဲ နမ်းနမ်း မ၀ နိုင်အောင် မွှေးလွန်း လှလွန်းတဲ့ပန်းလေး တစ်ပွင့်ပေါ့..။
ဟင်း…။
မင်း စွပ်စွဲ ခဲ့တဲ့ စကားတွေက ကိုယ့်ကို ခြောက်ပြန်ပြီ..။
ကိုယ် မင်းကို ရည်ရွယ်ချက်တွေနဲ့ ချိုးဖျက် ခြေမွခဲ့တာ မဟုတ်ရပါဘူး.။
မင်းနဲ့ စသိကတည်းက အခွင့်အရေးတွေကို အကြိမ်ကြိမ် လက်လွတ်ခံပြီး မေတ္တာစေတနာနဲ့ အနက်ရှိုင်းဆုံး မြတ်နိုး တန်ဖိုး ထားပြီး ချစ်ခဲ့ရသူပါ..။
ကိုယ့် စိတ်ကို တားဆီးလိုက်တယ်.။
ကိုယ် မင်းဆီက အထင်လွဲ တာမျိုး ထပ်မခံစားနိုင်တော့ဘူး..။
ကိုယ့်ရင်ခွင်ထဲက လိပ်ပြာလေးကို ဖမ်းဆုပ်ဖို့ အခွင့်အရေး ရှိရဲ့ ကိုယ် မောမောနဲ့ပဲ  စွန့်လွှတ်လိုက်တယ်..။
မလွယ်ပါဘူး..။
ဒါပေမဲ့ ပျော်ပါတယ်..။
မင်း မျက်နှာလေး ပြန်ကြည်လင်သွားသလိုပဲ..။
ကိုယ် တဖြည်းဖြည်း သဘောပေါက်လာပြီ..။
မင်း ရဲ့ ခံစားချက်တွေကို ကိုယ် ကြားပြီးတဲ့ နောက်ပိုင်းပေါ့..။
ပန်း တစ်ပွင့် ကို ချစ်ရင် တန်ဖိုးထားရတယ်တဲ့လေ..။
မင်း ဆန္ဒသာ အဓိကပေါ့ အသက်ရယ်..။
ကိုယ် ရောင့်ရဲ နိုင်ပါတယ်..။
မင်း ဘက်က လက်မခံသရွေ့ ကိုယ် အတင်းပေးဖို့ မကြိုးစားတော့ဘူး..။
ကိုယ့်အချစ်တွေကို မင်းနားလည်လာတဲ့ တစ်နေ့ အလိုလို လက်ခံရပါလိမ့်မယ်..။
အရိုင်းဆန်ဆန် အချစ်ကို သိမ်းပိုက်ရမယ်လို့ ဆုံးဖြတ်ထားပေမဲ့ ကိုယ် ပြောင်းလိုက်တော့မယ်..။
မင်း ကို အိမ်တံခါးထိ လိုက်ပို့ပေးရတာ ကိုယ့်ရင်ထဲမှာ တဆစ်ဆစ်ရယ်..။
နေရစ်မယ်…သွားပါ…။
ကိုယ် ကျေနပ်ရမှာပေါ့….။
ကိုယ်က ပိုင်ရှင် မှ မဟုတ်တာပဲလေ.။
ဟော…ကိုယ့်စိတ်ကိုယ်ဖြေရင်း ကိုယ့် မျက်လုံးထဲက အောက်ချင်းငှက် ပုံရိပ်ကြီး တဖြည်းဖြည်း ၀ါးလို့….မွဲလို့..။
ကိုယ့်ပါးတွေ စိုကုန်ပြန်ပါပြီ..။
.
"၀ူး….ဟား..ဟား…."
ကိုယ့်အတွက် တော့ ပျော်စရာပါပဲ..။
မင်းနဲ့အတူတူ နေခွင့်ရတယ်..။
မင်းရဲ့ တောင်းဆိုချက်တွေကို လက်ခံခဲ့တယ်..။
ကိုယ့်ခံစားချက်တွေကို မင်း တစ်နေ့နားလည်လာမှာပါ..။
ကိုယ့်ဘ၀မှာ ပထမဆုံး မုန့်လုပ်ကျွေးတာ မင်းတစ်ယောက်တည်းပါပဲ..။
လက်သည်းနီ ဆိုးပေးတော့လည်း မရက်စက်ပဲ လက်ခံသွားသည်..။
ဖိနပ်ကလေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်လို့ အမှီပြန်ပြေးလာခဲ့တာလေ..။
ဒါကိုလည်း မင်းက အသာတကြည် လက်ခံတော့ ကိုယ်ပျော်လိုက်တာ..။
မင်းရဲ့ ကျေးဇူး ဆိုတဲ့ စကားလေး ကိုယ့်နားထဲက မထွက်ဘူး..။
ကိုယ်တို့တွေ အရင်လို မဝေးတော့ဘူး ထင်ပါရဲ့…အသက်ရယ်..။
ဒီနေ့က ကိုယ်တို့ ပြန်လည် နီးစပ်လာတဲ့ နေ့တစ်နေ့ပဲ…ကိုယ် ပျော်လိုက်တာ..။
.
မင်း နဲ့ ကိုယ် နဲ့ နီးစပ်လာပြီလို့ ထင်လိုက်တိုင်း ကိုယ့်မှာ ရင်ပူနေရာတာချည်းပါပဲ..။
မင်း မျက်လုံးလေး အသက်ဝင်လာလို့ ကိုယ် ပျော်ရုံ ရှိသေးတယ်..။
မင်းဘက်က နူးညံ့တဲ့ ဆက်ဆံမှုကြောင့် ကိုယ် ရင်ခုန်စ ရှိသေးတယ်..။
ကိုယ့် အတွက် အမှာစာ ရောက်လာပြီ အသက်ရယ်..။
ဆေးရုံခန်းထဲမှာ နှစ်ယောက်တည်း ရှိနေချိန် ကိုယ် က အပြစ်သားတစ်ယောက်လို ဆိုက်ကြည့်ခံနေရတယ်..။
"သီရိ နဲ့ ကွာရှင်းမယ်…..သူ့လို မိန်းမနဲ့ ဆက်ပေါင်းဖို့မသဓီဘူး..ဘာမှ လာမပြောနဲ့…ဟုတ်တယ်…ခင်ဗျားနေရာမှာ အသုံးချခံရရုံသပ်သပ်ပဲ…ခင်ဗျားက မိန်းမ ယူသွားလို့ ကျုပ်ကို အစားထိုးလိုက်တာ…သူ့စိတ်က ခင်ဗျားဆီမှာပဲ…ကျုပ်ကို ခင်ဗျားနေရာမှာ အစားထိုးခဲ့သလို ..ကျုပ်ကလည်း အစ်မ အိမ်ထောင်ရေး ကို ကယ်ဖို့ ဆုံးဖြတ်လိုက်တာပဲ…ကျုပ်ကို အကြောင်းပြပြီး မျက်ရည်ခြူပြဦးမယ်…အကြံပက်စက်တဲ့ မိန်းမ…သူအစကတည်းက မရိုးသားလို့ ခင်ဗျားဆီကို ပြန်ရောက်သွားတာပဲ…ကျုပ်ရဲ့ ခြေထောက်က သူ့အတွက် အကြောင်းပြချက် ကာဗာ ကောင်းကောင်း တစ်ခုပေါ့လေ..တော်တော် သရုပ်ဆောင် ကျွမ်းတဲ့ မိန်းမပဲ..လင်ကြီးရဲ့ ခြေထောက်ကို ကုပေးပါ့မယ်…လင်ငယ်ဆီ ကို ဘ၀ရောင်းပြီး ကုပေးခဲ့ပါသည်ပေါ့…အစကတည်းက ခင်ဗျားကို စိတ်ကူးယဉ်နေတဲ့ မိန်းမ…အခွင့်အရေးရတုန်း လူကြားကောင်းအောင် အသုံးချလိုက်တာပဲ…လင်ငယ်ထားချင်လို့ တမင် လုပ်ကွက်ဆင်လိုက်တာပဲ…ဒီလောက်တောင် မသိရအောင် ကျုပ်က ရူးနေလို့လား…"
"…ငါသိပါတယ်…ဒါပေမဲ့ သီရိ က မင်းကို အရမ်းချစ်တယ်…သူ လွယ်လွယ် လက်ခံမှာ မဟုတ်ဘူး…"
"သူ့ကို ကျုပ် ရွံလို့ ဆက်မပေါင်းနိုင်တော့ဘူးလို့ ပြောလိုက်…"
"ဟာ…မလုပ်နဲ့…မင်း အဲလို လုပ်လိုက်ရင် သူ အရမ်းခံစားရလိမ့်မယ်…"
"ခင်ဗျားက မျက်နှာပြောင်လှချည်လား.."
"ဟုတ်ပါတယ်..ဒီကိစ္စမှာ ငါက အပြစ်ရှိသူပါ…မင်း အတွက်နဲ့ သီရိက ဒီဘ၀ကို မရောက်ချင်ပဲ ရောက်ခဲ့ရသူပါ…"
"ဘယ်လိုပဲ ရောက်ရောက် လင်ငယ်နေတဲ့ မိန်းမ ကို ကျုပ်က သဘောထား ကြီးကြီးနဲ့ လက်ခံထားရမှာလား…"
"ဟွန့် ဖြိုးသူ…အခုချိန်မှာ မင်း ဒီလို စော်ကားခွင့်ရှိနေတဲ့ မင်းရဲ့ ပိုင်ခိုင်ခွင့်ကြောင့်ပဲနော်…သူ့ကို ငါပိုင်ဆိုင်သွားတဲ့ တစ်နေ့ကျရင် မင်း မပြောနဲ့ တစ်လောကလုံး မျက်လုံးနဲ့တောင် စော်ကားလို့ မရအောင်ငါထားပြမယ်…ထားပါတော့ …သီရိ စိတ်ညစ်အောင် မလုပ်ပါနဲ့….သူခံစားရမှာစိုးလို့ မင်းရဲ့ နောက်ကြောင်းရာဇ၀င်အားလုံးကို ငါ ကာကွယ်ပေးထားတာနော်…ထပ်မထိနဲ့…"
"ခင်ဗျား..ဒီလောက် ချစ်တက်နေတာတောင်..သူ့ကို မသိမ်းသွင်းနိုင်ဘူးလား..ညံ့လိုက်တာ…ဘာလို့ ကျုပ်ဆီကို ပြန်လာနေသေးလဲ…"
"ဟုတ်တယ်…မင်းကို ငါတကယ် မနာလိုဘူး…ဖြိုးသူ…မင်းက နားမလည်သလောက် သီရိ က မင်းကို သူ့အသက်တမျှ ချစ်နေတာ မတရားဘူး…ငါ အမျိုးမျိုး ကြိုးစားပေမဲ့ အချိန်တန်တိုင်း သူက မင်းဆီကိုပဲ ပြေးချင်နေတယ်…မင်းက သူ့အချစ်နဲ့ မထိုက်တန်ပဲ သူ့အချစ်ရနေတာပဲ..မင်းလိုကောင်ကို သူဘာကြောင့် ဒီလောက် ချစ်နေတာလည်း…မင်းလို ကလိမ်ကကျစ်ကောင်ကိုပေါ့လေ.."
"………"
"စကား မရှည်နဲ့..ခင်ဗျားကို ကျုပ်သတ်ချင်နေတယ်…ခင်ဗျား မပြောရင် ကျုပ်ပြောပြီး ကွာပစ်မယ်.."
"မင်း ပြတ်သားနေရင် ငါလုပ်ပေးပါ့မယ်..မင်းရဲ့ စကားလုံးတွေကို သူ့နှလုံးသားက လက်ခံနိုင်မှာမဟုတ်ဘူး..မင်း သူနဲ့ မပတ်သက်တော့တာ သေချာလား…ငါ သူ့ကို အဝေးဆုံးကို ခေါ်သွားမယ်…မင်း အနားကို ဘယ်တော့မှ ပြန်မရောက်စေရဘူး.."
"ကျုပ်ကလည်း မမြင်ချင်ဘူး…မနက်ဖြန်…ကျုပ် ထွက်သွားမယ်…"
"………"
ဖြိုးသူ ဘက်က စာတွေကို ကိုယ်ကောက်သိမ်းထားလိုက်တယ်..။
ဒါက မင်းရဲ့ ယုံကြည်မှု ကို ကိုယ့်ကို ရှာဖွေ ပေးပါလိမ့်မယ်..။

Love CatcherWhere stories live. Discover now