Part 6

1.2K 85 7
                                    


Love Catcher

အပိုင်း(၆)

#lovecatcher

11-22-12-03

"ငြိမ်းကော.."

"ဆေးရုံသွားပြီ အစ်ကို..."

"ကျစ်..."

မီးဖိုခန်း အဝမှာ မျက်နှာမကြည်မလင် ဖြစ်နေတဲ့ အစ်ကို့ အနားကို  ချက်ချင်းရောက်သွားကာ လက်ထဲက အိတ်တွေကို လက်လွဲယူလိုက်မိသည်..။

"အစ်ကို...ထမင်း.."

ခြေလှမ်းကြဲဖြင့် ပြန်ထွက်သွားတဲ့ အစ်ကို့ ကျောပြင်ကို ကြည့်ရင်း သက်ပြင်းဖွဖွ ချလိုက်ရသည်..။

ဒီနေ့လည်း မနက်စာ မစားပြန်ပါဘူး..။

မငြိမ်းရဲ့ အလုပ်တွေကို အစ်ကို သိရဲ့နဲ့ နားလည် မပေးတာကြောင့် သီရိလည်း  ကြားထဲက စိတ်ညစ်ရပါသည်..။

လက်ထဲက အိတ်ကို စားပွဲပေါ် တင်ပြီး ကိုယ့်တာဝန်လို့ ယူဆကာ ထုတ်ကြည့်လိုက်တော့ အိပ်ရာခင်း ပစ္စည်း တွေ ဖြစ်နေသည်..။

ထုတ်ပိုးထားပုံ ကို ကြည့်ကတည်းက အကောင်းစားတွေမှန်း သိလို့ ဘီဒိုထဲကို သာ ထည့်ထားလိုက်သည်.။

မငြိမ်း ပြန်လာတော့မှ ချော့ရင်းနဲ့ ပြင်ပေးပါစေလေ..။

ခုတော့ သီရိ စိတ်ထဲမှာ အစ်ကို နဲ့ မငြိမ်းကို အရင်းအချာ စိတ်ဖြင့်သာ ဆက်ဆံတော့သည်.။

အစ်ကို နဲ့ အစ်မ ကို အဆင်ပြေစေချင်ပါသည်..။

.

"ကြည်ကြည်....မငြိမ်း ပြန်မလာသေးဘူးလား..."

"ဟုတ်..."

"ဒုက္ခပါပဲ...ဆယ်နာရီတောင် ထိုးတော့မယ်..."

သီရိ သက်ပြင်းချလိုက်ကာ ဘီဒိုထဲက အစ်ကိုဝယ်လာတဲ့အိတ်ကို ပြန်ထုတ်ရသည်..။

ဒီကိစ္စ ကြောင့် မငြိမ်းကို ပြဿနာ မရှာစေချင်ပါ..။

မငြိမ်း စာလုပ်တာကိုလည်း အနှောင့်အယှက် မဖြစ်စေချင်..။

အပေါ်ထပ် လှေကားတွေကို တက်လာခဲ့ပြီး စာဖတ်ခန်း ကို တစ်ချက်ကြည့်လိုက်သည်..။

တော်ပါသေးရဲ့...အလုပ်လုပ်နေတုန်းမို့လို့ပေါ့..။

ဒီအတိုင်းဆိုရင် သီရိပြင်ထားပြီး မငြိမ်း လုပ်ပေးခဲ့တာပါ လို့ ညာလိုက်လို့ရဦးမည်..။

Love CatcherWhere stories live. Discover now