အပြီးသတ် စာပိုဒ်ကို လက်စသတ်လိုက်ပြီး ဖုန်းနာရီကိုဖွင့်ကြည့်လိုက်တော့ ခုနစ်နာရီခွဲသွားခဲ့ပြီ
''ငါအိမ်ပြန်တော့မယ် Jongin...''
Baekhyunက သူ့အရင်စာပြီးသွားသဖြင့် အိမ်ပြန်ဖို့ ပြင်နေပါပြီ
သူလည်း ရေးနေသည့် စာအုပ်များကို အလျင်အမြန် သိမ်းလိုက်ပါသည်။
''ငါလိုက်ပို့မယ် Baekhyun...''
''အမ်!! မင်းစာရေးနေတာ မပြီးသေးဘူးမလား...''
''ရပါတယ်... ပြန်လာမှ ဆက်ရေးမယ်... မင်းတစ်ယာက်တည်းပြန်မှာ ငါစိတ်မချဘူး...''
''လခွမ်း!! ငါက ယောက်ျားလေးပါဟ! Jonginရ...!''
''သိတယ်..! သိတယ်...! မင်အထာတွေ ငါသိနေတယ် Byun Baekhyun...''
''ဟေ့ရောင်..! ငါကဘာအထာတွေလုပ်နေလို့လဲ..? ငါ့မှာ ဘာအထာမှမရှိဘူး...! လိုက်ပို့ပေးချင်သပဆိုလည်း မင်းသဘောပဲ! ငါက ငါ့အတွက်နဲ့မင်းစာရေးပျက်မှာစိုးတာပါ...''
''အေး...ငါကလိုက်ပို့မယ်ဆို လိုက်ပို့ခံလိုက်လေ မင်းကဘာတွေပေရှည် အရစ်တက်နေတာလဲ...''
''အေးကွာ...အေး..! ငါမှားသွားပါတယ် လိုက်ပို့ပါ..!''
''ပြီးရော..! သွားမယ်...! တက်...''
''အမ်.!! အဲ့ဒီစက်ဘီးနဲ့လား...''
''ငါ့စက်ဘီးက ဘာဖြစ်နေလို့လဲ''
''ဘာ__ဘာမှမဖြစ်ပါဘူး..''
''ဘာမှမဖြစ်ရင်တက်တော့..!''
''အင်းပါ...''
°~°~°~°~°~°~°~°~°~°~°~°~
ကျွီ..!!
Baekhyunတို့ခြံရှေ့တွင် သူ့စက်ဘီးလေးကို ထိုးရပ်လိုက်သည်။
''ကျေးဇူးပဲ Jongin...''
''မလိုပါဘူးကွာ...ငါပြန်ပြီ..! နောက်နေ့မှတွေ့မယ်''
''အွန်း...ဖြည်းဖြည်းလည်း စီးသွားဦး...''
''အေးပါ...ငါသွားပြီ''
လက်တပြပြ နောက်လှည့်တကြည့်ကြည့်ဖြင့် စက်ဘီးကိုဖြည်းဖြည်းမှန်မှန်နင်းကာ ထိုခြံရှေ့မှ ထွက်လာခဲ့ပါသည်။
°~°~°~°~°~°~°~°~°~°~°~°~°~°~
ကျောင်းပိတ်ထားသည့် စနေ တနင်္ဂနွေနှစ်ရက်မို့ Baekhyunနှင့် တွေ့ရမည့်အကြောင်းမရှိ...
