လေးငယ်(33)(Z+U)

4.2K 334 57
                                        


''အဟီး... ပူတင်းပေါင်မုန့်ကို လွမ်းမှတော့ ပူတင်းပေါင်မုန်ပိုင်ရှင်ကိုလည်း လွမ်းတာပေါ့လို့....''

''……………''

''လေးငယ်ကလေ... ကလေးလေးကျနေတာပဲ ချော့ရခက်လိုက်တာ...''

''အဲ့ဒီနေ့က ငါမင်းကိုလှမ်းပြောတယ်လေ... ဒီအခန်းထဲကထွက်တာနဲ့ ငါတို့နှစ်ယောက်ပြီးပြီလို့.... မင်းတစ်ချက်လေးမှ ငါ့ကိုလှည့်မကြည့်ခဲ့ဘူး...''

''ကျွန်တော်တောင်းပန်ပါတယ် လေးငယ်ရယ်... အဲ့ဒီနေ့က ကျွန်တော်မှားပါတယ်.... ခွင့်လွတ်ပါနော်.... လှည့်မကြည့်ဘူးဆိုတာကလည်း လေးငယ်က နေမကောင်းဖြစ်နေတာလေ... ပြီးတော့ကျွန်တော်ကလည်း မဖြစ်မနေသွားရမှာမလား... အဲ့ဒါကြောင့်ပါ...''

''ငါ့အချစ်တွေက မင်းအတွက်....''

''ရှူး.....! တော်ပြီလေးငယ်ရယ်.... ကျွန်တော်လေးငယ်ကိုချစ်တယ်.... ဘယ်လိုနည်းနဲ့မှ မခွဲနိုင်ဘူး...! ရူးမတတ်ကို ချစ်နေမိတာပါ... လေးငယ်က ကျွန်တော့ကို မချစ်တော့လို့လား... ဟွန်? လေးငယ်...''

သူနှုတ်ခမ်းကို စူထော်ပြီး လေးငယ်ကို ခပ်ချွဲချွဲမေးလိုက်သည်။

''ကိုယ့်အချစ်တွေက မင်းအပေါ်မှာ အတ္တဖြစ်နေမှာ စိုးရိမ်တာပါ...Jonginရယ်.... မင်းသိတဲ့အတိုင်း ကိုယ်က မနာလိုတတ်တယ် သဝန်တိုတတ်တယ်... ကိုယ့်အချစ်ကို လိုချင်ရင် အဲ့ဒါတွေက အချိုးကျပါနေမှာ.... မင်းကို ဝန်ထုတ်ဝန်ပိုးဖြစ်စေမှာ စိုးရိမ်မိတယ်...''

''အဲ့ဒီနေ့က ကျွန်တော့စကားတွေထဲမှာ အမှားပါရင် တောင်းပန်ပါတယ်... လေးငယ်ကို နာကျင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောခဲ့တာမဟုတ်ပါဘူး... လေးငယ်ရဲ့အချစ်ကို လိုချင်ရင် သဝန်တိုခံနိုင်ရမယ်... အဲ့လိုလား...အဲ့ဒါဆို လေးငယ်စိတ်ကြိုက်နေခွင့်ပေးပါ့မယ်... ကျွန်တော့ကိုချစ်လားလေးငယ်....''

လေးငယ်က သူ့ပါးပြင်ကို လက်ဖဝါးဖြင့် ဖွဖွပွတ်ပြီး ပြုံးပြီးကြည့်သည်။

''ကိုယ်မင်းကို သိပ်ချစ်တယ် Kim Jongin... မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်နေမိတာ... မင်းခရီးထွက်သွားတဲ့အချိန်တွေမှာ ရူးမတတ် လွမ်းနေခဲ့ရတာပါ မောင်ရယ်....''

လေးငယ်(လေးငယ်)(completed)Where stories live. Discover now