တိတ်ဆိတ်နေတဲ့အိပ်ခန်းလေးထဲ သူတစ်ယောက်တည်း ထိုင်နေမိပါသည်။
လေးငယ်ရဲ့ ခေါင်းအုံးလေးကို ဖွဖွထိလိုက်ပြီး...
''ကျွန်တော် တောင်းပန်ပါတယ် လေးငယ်ရယ်... ကျွန်တော့ကို ခွင့်လွှတ်ပါနော်... ကျွန်တော် ဟိုးအရင်ကထက် လေးငယ်ကို ပိုချစ်ပြီး ပိုဂရုစိုက်ပါ့မယ်လို့ ကတိပေးပါတယ်...''
အရူးတစ်ယောက်လို တစ်ယောက်တည်း ကတိစကားတွေပြောလိုက်ပြီး ရေချိုးခန်းထဲ ဝင်လာခဲ့ပါသည်။
နာရီဝက်တစ်နာရီနီးပါး ရေစိမ်ချိုးလိုက်တော့ ဗိုက်ထဲက တဂွီဂွီမြည်လာသည်။
ဟုတ်သား... မနက်ကတည်းက Ommaတိုက်လိုက်တဲ့ နွားနို့တစ်ခွက်ပဲ ရှိသေးတာပဲ...
ရေစိုနေသည့်ဆံပင်တို့ကို ဖြစ်ကတတ်ဆန်း သုတ်လိုက်ပြီး အောက်ထပ်ဆင်းလာခဲ့ပါသည်။
ထမင်းစားဖို့ အိုးဖွင့်ကြည့်တော့ မချက်ရသေး... ချက်ဖို့ပြင်နေရင်း Park Chanyeolလာခေါ်သည့်ပုံပင်... ဟင်းသီးဟင်းရွက်တွေက လှီးဖြတ်ရင်း တို့လို့တန်းလန်းဖြစ်နေသည်။
မီးဖိုခန်းထဲရှိ နံရံကပ်ဘီရိုလေးထဲမှ ခေါက်ဆွဲခြောက်နှစ်ထုတ်ကိုယူပြီး ပြုတ်လိုက်ပါသည်။
ဟင်းရည်နံ့လေးရတော့ ဗိုက်ထဲက ဆာလောင်သည့်အသံ ပိုကျယ်လာသည်။
''အာရီးဂူး... မင်းကလည်း စားရတော့မှာပါကွ...''
ဗိုက်ကလေးကိုပွတ်လို့ ဟင်းရည်တစ်ဇွန်း မြည်းလိုက်သည်။
''အားရီးဂူး... အရသာရှိပြီး စားလို့ကောင်းမဲ့ပုံပဲ...''
တစ်ယောက်တည်း ပွစိပွစိရေရွတ်ရင်း ခေါက်ဆွဲအိုးကို စားပွဲပေါ်တင်ပြီး ညစာစားဖို့ ပြင်လိုက်ပါသည်။
ခေါက်ဆွဲတစ်လုတ်ပဲ စားရသေးသည်။ အိမ်တံခါး Pass Wordဖွင့်သံ တတီတီကြားလိုက်ရပါသည်။
လေးငယ်ပြန်လာပြီ ထင်ပါရဲ့...
''ဟင်..! Kim Jongin...''
''အဟီး... ပြန်လာပြီလား လေးငယ်...! ညစာ စားကောင်းခဲ့ရဲ့လား... ကျွန်တော်လည်း ဗိုက်ဆာတာနဲ့...''
