''အင်း....ဟင်း.....ဟင်း.....ဟင်း.......''
သူ့ရင်ခွင်ထဲက ညည်းညူသံနှင့်အတူ တုန်ခါနေသည့်အသံကြောင့် Jonginနိုးလာခဲ့ပါသည်။
မီးခဲကြီးကို ပွေ့ဖက်ထာရသည့်အတိုင်းပင်....လေးငယ် ကိုယ်တွေခြစ်ခြစ်တောက်ပူနေသည်။
''ချမ်း....ချမ်းတယ် Kim Jongin.... ငါခေါင်းတွေတအားထိုးကိုက်ပြီး အောက်ပိုင်းကလည်း တော်တော်နာနေတယ်...''
ညက သန့်ရှင်းရေးလုပ်ပေးမယ်ဆိုပြီး လေးငယ်ကို ဖက်ထားရင်း အိပ်ပျော်သွားခဲ့တာ အခုတော့လေးငယ်ဖျားနေပြီ....
ဖုန်းနာရီလေးကို ဖွင့်ကြည့်လိုက်တော့ သုံးနာရီခွဲနေပြီ...
လေးငယ်ကို နွေးနွေးထွေးထွေး စောင်ဆွဲခြုံပေးပြီး အိပ်ယာထဲကထွက်မယ်လုပ်တော့...လေးငယ်က သူ့လက်ကို လှမ်းဆွဲသည်။
''ငါ့အနားမှာ မနေပဲ ဘယ်သွားမလို့လဲ Kim Jongin....''
''ကျွန်တော်လေးငယ်ကို ဆေးတိုက်မလို့...''
''မသွားပါနဲ့... ငါ့အနားမှာပဲ နေစမ်းပါ...''
''လေးငယ် ကိုယ်တွေတအားပူပြီး အဖျားတက်နေတယ်... ဆေးသောက်မှဖြစ်မှာပေါ့....''
''ဆေးမသောက်ချင်ဘူး.... ငါ့အနားပဲနေပါ.... ဘယ်မှမသွားပါနဲ့....''
လေးငယ်က သူ့လက်ကိုဆွဲယူပြီး ပါးမှာကပ်ထားသည်။ လက်ဝါးပြင်တစ်ခုလုံး ပူကျက်နေသဖြင့် လေးငယ်အလိုကိုလိုက်ဖို့ မဖြစ်နိုင်တော့...
''လေးငယ်က လိမ္မာပါတယ်... ချစ်တယ်နော်.. ဆေးသောက်မှဖြစ်မှာပေါ့......''
''မသောက်ချင်ဘူးဆို...အဟင့်~~~''
အဖျားတက်နေတော့ လေးငယ်က ကလေးတွေလို ဂျီကျချင်နေသည်။
''ကျွန်တော့ရဲ့လေးငယ်က လိမ္မာတယ်... ကျွန်တော့ကိုချစ်တော့ ပြောစကားဆို တအာားးထောင်တယ်... ပြောစကားနားထောင်တဲ့သူဆို ကျွန်တော်က တအားချစ်တာ... ဂျစ်တီးဂျစ်ကတ် ပေတိပေစုတ်လုပ်နေရင် မချစ်တော့ဘူးဗျာ....''
''……………''
သူ့စကားကြောင့် လေးငယ်က ဘာမှမပြောတော့ပဲ တိတ်သွားပါသည်။ သူလည်း အိပ်ယာထဲက ထွက်ပြီး အင်္ကျီအဝတ်အစားများ ကောက်ဝတ်ကာ အခန်းမီးကိုဖွင့်လိုက်ပါသည်။
