လေးငယ်(16)++(Z+U)

5.7K 357 53
                                        

လေးငယ်က စာအုပ်လေးကို သေသေချာချာ စိတ်ဝင်တစားဖတ်နေပါသည်။

တချို့နေရာတွေကို အပြန်ပြန်အလှန်လှန်ဖတ်နေရင်းနဲ့ တစ်ချက်တစ်ချက် သူ့ကိုလှမ်းကြည့်ပြန်သည်။

နောက်ဆုံး စာအုပ်လေးကိုပိတ်လိုက်ပြီး အညောင်းဆန့်လိုက်ပြီး...

''ဇာတ်ညွှန်းကို မျှမျှတတခွဲပေးမယ်ဆိုရင်တော့ မင်းနေရာကလည်း မဆိုးပါဘူး လုပ်ကွက်များပါတယ်...''

''လေးငယ် သဘောကျလား...''

''သဘောကျလားဆိုရင်တော့ မင်းအတွက် ဒီဇာတ်လမ်းလေးကနေ အနုပညာလောကမှာ နေရာတစ်နေရာ ရသွားနိုင်တယ်..! တစ်ခုပဲ.....''

''ဘာဖြစ်လို့လဲ လေးငယ်...''

''ဇာတ်လမ်းက Over Sceneတွ အရမ်းများလွန်းတယ်.. ဇာတ်ရဲ့တစ်ဝက်လောက်က Bed sceneတွေချည်းပဲ...''

''လေးငယ်သဘောမကျရင် ငြင်းလိုက်မယ်လေ...''

''မကျဘူးရယ်လို့လည်း မဟုတ်ပါဘူး...မင်းလုပ်နိုင်၏ မလုပ်နိုင်၏ မင်းရဲ့စွမ်းဆောင်ရည်ပေါ်မှာ မူတည်တယ်...''

''ကျွန်တော်ကတော့ လေးငယ်လက်ခံခိုင်းရင်လုပ်မယ် လေးငယ်က ငြင်းဆိုရင်ငြင်းလိုက်မှာပဲ...''

''Bed sceneတွေ မင်းအတွက် အဆင်ပြေလို့လား... Kim Jongin...''

လေးငယ်က ပြောသာပြောနေရပေမဲ့ မျက်နှာက ကြည်လင်မနေပါ

''မဟုတ်မှလွဲရော လေးငယ်က ကျွန်တော့ကို သဝန်တိုနေလို့လား...''

''ဘာလို့ငါကမင်းကို သဝန်တိုရမှာလဲ...''

''အဲ့ဒါဆို ကျွန်တော်လက်ခံလိုက်ရမလား...''

''မသိဘူး မင်းသဘောပဲ...! အိမ်ပြန်မယ်...''

ပြောနေရင်းနဲ့ လေးငယ်က မျက်နှာတည်သွားပြီး တိုင်မှာချိတ်ထားသည့် ကုတ်အင်္ကျီကိုဖြုတ်ကာ အခန်းထဲမှ ထွက်သွားခဲ့ပါသည်။

°~°~°~°~°~°~°~°~°~°~°~°~°~

''လေးငယ် ပြန်လာပြီလား...''

''အွန်း.....''

မျက်နှာတည်ကြီးနှင့် အိမ်ပေါ်ထပ်တက်သွားသည့် လေးငယ်ကိုကြည့်ပြီး ရာသီဥတု မသာယာမှန်း Baekhyunသိလိုက်ပါသည်။

လေးငယ်(လေးငယ်)(completed)Where stories live. Discover now