လေးငယ်(38)(Z+U)

3.3K 392 159
                                    

ဟိုကလေးက သူနဲ့စကားများပြီးနောက် မနက်အစောကြီးကတည်းက အိမ်ကထွက်သွားခဲ့ပါသည်။

သူ့အိမ်ကိုပြန်မှာပေါ့...

ခြောက်ကပ်ပြီး အရသာမရှိတဲ့ မနက်စာစားရင်း လိုင်းပေါ်တက်ကြည့်လိုက်တော့ သူ့Accountကနေ တင်ထားတဲ့ ကောင်လေးနဲ့သူ့ရဲ့ ဘုရားကျောင်းမှာ လက်ထပ်ထားတဲ့ ဓါတ်ပုံတွေ...

ထုံးစံအတိုင်း commentတွေကတော့ အများကြီးပင်... သို့ပေမဲ့ သူ မဖတ်ရဲ...

ပုံလေးတွေကို တစ်ပုံခြင်း ရွေ့ကြည့်လိုက်တော့ ပုံလေးတွေက အသက်ဝင်လှသည်။

ကိုယ်တိုင်တင်တာမဟုတ်ပေမဲ့ ဖျက်ပစ်ဖို့ကျတော့ နှလုံးသားက နာကျင်ရပါသည်။

သို့ပေမဲ့ ချစ်သူအလိုကျ ဖျက်ပေးရမည် မဟုတ်လား...

ဓါတ်ပုံတိုင်းမှာတော့ ကောင်လေးက သူ့ကိုကြင်နာတဲ့မျက်ဝန်းတွေနဲ့ ပြုံးပြီးကြည့်နေတာချည်းပင်...

မင်းအချစ်တွေကို အတွေ့နောက်ကျခဲ့တဲ့ ငါ့ကိုခွင့်လွှတ်ပါ Jongin...

ပုံတွေကို ဖျက်ချလိုက်ပြီးနောက် သူ့Accountကို Pass wordပြောင်းကာ Log outထားလိုက်ပါတော့သည်။

ဒိနေ့ဒီအချိန် အိမ်မှာနေရရင် သူ့အတွက်ဘယ်လိုမှ အဆင်မပြေနိုင်၍ မကောင်းတဲ့ခန္ဓာကိုယ်ကို သောက်ဆေးလေးသောက်ပြီးနောက် ဆိုင်သွားရန် အိမ်ထဲမှထွက်လာခဲ့ပါသည်။

အိမ်အပြင်ရောက်သည်နှင့်...

''ထွက်လာပြီ...! ထွက်လာပြီ....''

''မင်းသား Kim Jonginနဲ့ လက်ထပ်ပြီး အတူတူနေနေတယ်ဆိုတာ ဟုတ်ပါသလား...''

''Kim Jonginက အိမ်ထောင်ရှိတယ်ဆိုတာ တကယ်လား...''

''သူများတွေပြောနေကြသလို... ခင်များက Park Chanyeolနဲ့ Kim Jonginရဲ့ကြား နောက်ဆုံးမှပေါ်လာတဲ့ တတိယလူဆိုတာ တကယ်လား...''

''ဒီဇာတ်လမ်းတွဲကို အောင်မြင်မှာကြောက်လို့ ဖျက်လိုဖျက်ဆီး ဝင်လုပ်တာဆို...''

တစ်ယောက်တစ်ပေါက် သူဦးငါခင်တွန်းတိုက်ပြီးမေးနေတဲ့ စကားလုံးတွေကြား မျက်လုံးတွေပြာဝေကာ မူးမိုက်လာသည်။

လေးငယ်(လေးငယ်)(completed)Where stories live. Discover now