''မင်း...မင်းကွာ...အရမ်းကြမ်းတာပဲ မောင်ရယ်...''
''ချစ်လို့ပါ...လေးငယ်ကို ချစ်လို့ပါ...တောင်းပန်ပါတယ် လေးငယ်...! ပြွတ်စ်''
ပခုံးစွန်းလေးကို အနမ်းဖွဖွပေးပြီး လေးငယ်ရဲ့အထဲမှ သူ့အရာကို ထုတ်လိုက်ပါသည်။
''ပင်ပန်းသွားပြီလား လေးငယ်...''
''ညည်းညူလွယ်တဲ့ငါ့ကို ကြာလာရင် မင်းစိတ်ကုန်သွားမှာပါ''
အားအင်မရှိသလိုပြောပြီး လေးငယ်က သူကိုကျောခိုင်းသွားသည်။
''အားငယ်စိတ်တွေ ဝင်ပြန်ပြီလား လေးငယ်ရယ်...''
နားနားကပ် ခပ်တိုးတိုးလေးပြောကာ လေးငယ်ရဲ့ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲ တင်းတင်းဆွဲဖက်ထားလိုက်ပါသည်။
''ငါ့...ငါ့ကိုယ်ငါ မှန်ထဲမှာမြင်နေရရင် စိတ်ဆင်းရဲရတယ် မောင်ရယ်...! ငါအသက်ကြီးပြီး အိုနေပြီ အဆိုးလေးရဲ့...''
''လာပြန်ပြီလားလေးငယ်ရယ်...! လေးငယ်အသက်ကြီးလာသလို ကျွန်တော်လည်း ဟိုးအရင်လို ဆယ်ကျော်သက်လေး မဟုတ်တော့ပါဘူး...''
''မောင်က သုံးဆယ်ကျော် သန်မာဖျတ်လတ်တဲ့အရွယ်... ကိုယ်က...''
''တော်ပြီလေးငယ်...! အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်များနဲ့ကျွန်တော် စကားမများချင်ဘူး...''
''………………''
နှစ်ယောက်ကြား တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြန်သည်။
ပြတင်းပေါက်ကြားမှ ဝင်လာသည့် လရဲ့အလင်းရောင်လေး...
''ဒီနေ့ full moon ထင်တယ်မောင်...! လရဲ့အလင်းရောင်ကို ခန်းဆီးကြားကနေ မြင်နေရတယ်...ကိုယ်တို့ ခြံထဲက ရေကူးကန်မှာ ရေသွားကူးရအောင်...''
°~°~°~°~°~°~°~°~°~°~°~°~°~
လေးငယ်ရဲ့ဆန္ဒအတိုင်း လေးငယ်ကိုပွေ့ချီပြီး ခြံထဲရှိ ရေကူးကန်ထဲ ဆင်းလာခဲ့ပါသည်။
ရေကန်ရဲ့အလယ်ရောက်တော့ သူလေးငယ်ကို အောက်ချပေးလိုက်သည်။
လေးငယ်က ကန်ရဲ့အလယ်မှာ ကျောက်ရုပ်ကြီးလို မတ်မတ်ရပ်ရင်း ခေါင်းငိုက်စိုက်ချထားပြန်သည်။