လေးငယ်(40)(Z+U)

3.5K 395 88
                                        

မနေ့ညက Park Chanyeolနဲ့ ညနက်တဲ့အထိ စကားပြောဖြစ်ခဲ့ကြပါသည်။

မနက်စောစောနိုးလာပြီး ရေမိုးချိုး ကိုယ်လက်သန့်စင်ကာ  သူ့ရဲ့အဝတ်အစားများကို ပြန်ဝတ်လိုက်ပါသည်။

ကိုယ်လုံးပေါ်မှန်မှာမြင်နေရသည့် သူ့ပုံက မီးခိုရောင်suitနှင့် styleကျ smartကျနေဆဲပင်... မှန်တင်ခုံပေါ်တင်ထားသည့် အနက်ရောင် ဖုန်းပြားပြားလေးကို ကုတ်အင်္ကျီအိတ်ကပ်ထဲထည့်လိုက်ပြီး အိမ်ပေါ်မှ ဆင်းလာခဲ့ပါသည်။

''ငါသွားတော့မယ် Chanyeol...''

''သွားတော့မလို့လား မနက်စာစားသွားဦးလေ... ဒီမှာ ငါမင်းအတွက် မနက်စာလုပ်ပေးထားတယ်...''

''တော်ပြီ...! ငါစားချင်စိတ်မရှိလို့ပါ...''

''အွန်းပါ... အဲ့ဒါဆိုလည်း ငါမတားတော့ပါဘူး အဆင်ပြေပါစေ Sehun...''

''နောက်မှ ငါမင်းကို ထမင်းစားဖိတ်ပါဦးမယ်...''

''မင်းဆက်သွယ်လာမဲ့ဖုန်းကို မျှော်နေပါ့မယ်...''

''ငါသွားပြီ Chanyeol...! ငါ့ကိုကူညီပေးခဲ့တာတွေကို ကျေးဇူးတင်ပါတယ်...''

Park Chanyeolကို နှုတ်ဆက်ပြီး သူထိုအိမ်မှ ထွက်လာခဲ့ပါသည်။

°~°~°~°~°~°~°~°~°~°~°~

သူရောက်သွားတော့ Yixingပင် အလုပ်မသွားသေး...

''မင်းနေမကောင်းဘူးလား Sehun...!''

''ဟိုနေ့က အအေးနည်းနည်းမိသွားလို့ပါ...''

''လာ...လာ..အထဲဝင် မနက်စာရော စားခဲ့ပြီလား...''

''ငါ မဆာလို့...ဒီအတိုင်းပဲ...''

ဧည့်ခန်းထဲတွင် ဝင်ထိုင်လိုက်သည်။ Yixingနှင့် Junmyeonက အားနာနေဟန်ဖြင့် မျက်နှာမကောင်း ကလေးစုတ်ရဲ့မျက်နှာလေးကိုတော့ အခုအချိန်ထိ မတွေ့ရသေးပါ

''ငါအကူအညီတောင်းထားတာလေး...''

''အရင်ဦးဆုံး မင်းကိုအထင်လွဲ စွပ်စွဲခဲ့မိတဲ့ ငါ့သားကိုယ်စား ငါတောင်းပန်ပါတယ် Sehun ah...! ငါ့အသိနဲ့ မင်းရဲ့accountကို စစ်ခိုင်းလိုက်တော့ ဟုတ်တယ် Sehun..! မင်းရဲ့ accountက hackခံလိုက်ရတာ... ပြီးတော့ hackတဲ့သူက သူ့ရဲ့နောက်ကြောင်းတွေကို လိုက်လို့မရအောင် အားလုံးကို ဖျက်ချခဲ့တယ်... လုံးဝ Pro hackerကြီးပဲ...''

လေးငယ်(လေးငယ်)(completed)Where stories live. Discover now