လေးငယ်(23)(Z+U)

3.7K 383 60
                                        

တံခါးတွင် Suger Daddyဟု ဆိုင်းဘုတ်ကပ်ထားသည့် စတူရီယိုအခန်းတစ်ခန်း

ထိုအခန်းထဲတွင်တော့... စာရွက်ကိုယ်စီကိုင်ရင်း ခေါင်းချင်းဆိုင် ဇာတ်ညွန်းဖတ်နေသည့် ခေါင်းဆောင်မင်းသားနှစ်လက်

တစ်ယောက်နှင့်တစ်ယောက် အကျောမပေးပဲ သူနိုင်ကိုယ်နိုင် ဖတ်နေကြပါသည်။

''ခင်များကို မချစ်ဘူး... ဒါပေမဲ့ ခင်များရဲ့ အထိအတွေ့က ရူးလောက်အောင်ပဲ Daddyရယ်....''

''အဟက်! မင်းကို ဒီထက်ရူးလောက်စရာ ခံစားချက်တွေ  ပေးချင်သေးတယ် Babe...''

ထိုစဉ် ဒါရိုက်တာကြီး ဝင်လာပါသည်။

''အနှောင့်အယှက်ပေးရတာလည်း အားနာပါတယ်... ဇာတ်ညွှန်းဖတ်နေတဲ့ ပုံလေးတွေ ဓါတ်ပုံနည်းနည်း ရိုက်ချင်တယ်...''

''……………''

''Okလေ... အခုရိုက်မလား....''

သူက ဘာမှမပြောနိုင်သေးခင် ဟိုဘိုးတော်က Okဆိုပြီး သူ့ဘက်ကို ကပ်လာသည်။

''နှစ်ယောက်သား သဘာဝကျကျ ပူးကပ်ပြီး ဖတ်ပေးလို့ရမလား...''

ဒါရိုက်တာကြီးက အခုကတည်းကစပြီး ပရိတ်သတ်တွေစိတ်ဝင်စားအောင် momentတွေထုတ်ဖို့ စီစဉ်နေပြီ...

ပြောပြောဆိုဆိုဖြင့် သူ့တစ်ကိုယ်လုံး ဟိုလူကြီးရဲ့ရင်ခွင်ထဲ ရောက်သွားပါသည်။

''ဒီလောက်ဆို ရပြီလား ဒါရိုက်တာကြီး...''

''Ok..! ရိုက်မယ်...''

ဒါရိုက်တာကြီး ခေါ်လာသည့် ဓါတ်ပုံဆရာက ရှုထောင့်အမျိုးမျိုးကနေ ရိုက်ပါတော့သည်။

ဘိုးတော်က ပိုင်စိုးပိုင်နင်းဆန်လှသည်။ သူ့တစ်ကိုယ်လုံး ရုပ်သေးရုပ်တစ်ရုပ်လို ဘိုးတော်လက်ထဲ သွန်လိုသွန် မှောက်လိုမှောက် ဖြစ်နေသည်။

သူ့ဘက်က ဘာမှမလုပ်နိုင်ခင်မှာပဲ အရာရာကို ဦးဆောင်သွားခဲ့ပါတော့သည်။

''နည်းနည်းလောက် ပြုံးစမ်းပါ Babeရယ်...''

''အဲ့ဒီလောက် လွယ်ကူမနေဘူး Park Chanyeol...! ခင်များက တော်တော် လက်ရဲဇက်ရဲ နိုင်တာပဲ...''

လေးငယ်(လေးငယ်)(completed)Where stories live. Discover now