Park Chanyeolပြောသည့်အတိုင်း မနက်မိုးလင်းလို့ လိုင်းပေါ်တက်လိုက်တော့...
မင်းသားကြီး Park Chanyeol တွဲဖက်မင်းသားလေးနှင့် ဂျယ်ဂျူးတွင် Dateလုပ်နေ...
ခေါင်းစဉ်နှင့်အတူ မနေ့ညက ဝရန်တာပေါ်မှာ ရပ်နေသည့် သူတို့နှစ်ယောက်ရဲ့ဓါတ်ပုံတွေတက်လာပါသည်။
shareနေကြတာလည်း အများကြီးပင်...
စားပွဲပေါ်တင်ထားသည့်ဖုန်းကို ယူကြည့်လိုက်တော့ မည်သူမျှ ဖုန်းခေါ်ထားတာမတွေ့
ထိုအချိန် မန်နေဂျာကြီးဆီမှ ဖုန်းဝင်လာသည်။
''ဘယ်လိုဖြစ်တာလဲ မန်နေဂျာကြီး လိုင်းပေါ်မှာလည်း ကျွန်တော်တို့သတင်းတွေချည်းပဲ..''
|အဲ့ဒါပြောမလို့... ဒါရိုက်တာကြီးက အဲ့သတင်းတွေတွေ့ပြီး အရမ်းသဘောကျနေတယ်... ဒီမနက်ပဲ ရင်းနှီးမြှုပ်နှံချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ဆက်သွယ်လာကြတယ်... အဲ့ဒီသတင်းနဲ့ပတ်သက်လို့ ဒါရိုက်တာကြီးက ဘာမှဖြေရှင်းချက်မထုတ်သေးပါနဲ့တဲ့...|
''ဟာ.... သူတို့ထင်သလို ဟုတ်မှမဟုတ်...''
|ဒီနေ့ Seoulကိုပြန်မယ် မင်းသား... အသင့်ပြင်ထားပါ....|
မန်နေဂျာကြီးက ဖုန်းချသွားခဲ့ပြီ... သူလည်း ပစ္စည်းပစ္စယများကို သိမ်းဆည်းလိုက်ပြီး seoulကိုပြန်ရန် အသင့်ပြင်ထားလိုက်ပါတော့သည်။
°~°~°~°~°~°~°~°~°~°~°~°~°~°~
တနေကုန် လေးငယ်ရဲ့ဖုန်းကို သူခေါ်နေမိသည်။ ဖုန်းဝင်ပေမဲ့ လေးငယ်က ဖုန်းမကိုင်...
ဘာလို့လဲ လေးငယ်ရယ်...
ညခုနစ်နာရီခွဲတော့ မြို့ထဲဝင်လာခဲ့ပါသည်။
''အိမ်ကိုပို့ပေးရမလား... ဆိုင်ကိုပို့ပေးရမလား Jongin...''
''ကျွန်တော် အိမ်ပဲပြန်တော့မယ်......''
''ကောင်းပါပြီ...''
အိမ်ရှေ့တွင် မန်နေဂျာကြီးကားရပ်ပေးပါသည်။
''ကျေးဇူးတင်ပါတယ် မန်နေဂျာကြီး... အေးအေးချမ်းချမ်းပြန်ပါ....''
''Jonginလည်း ကောင်းကောင်းအနားယူပါ... မနက်ဖြန် ဆယ်နာရီ လာခေါ်မယ်... အသင့်ပြင်ပြီး စောင့်နေပါ...''