လေးငယ်က သန်းခေါင်ကျော်မှ အိမ်ပြန်လာပြီး ညဝတ်အိပ်အင်္ကျီအဝတ်အစားပင် မလဲနိုင်တော့ပဲ သူ့နောက်ကျောမှာ တိတ်ဆိတ် ဝင်လှဲပါသည်။
လေးငယ်ဆီမှ အရက်နံ့တွေ ရနေသည်။ သောက်လာတယ် တူပါရဲ့... အခုအချိန်မှ စကားထပြောနေလည်း အဆင်ပြေမည်မထင်၍ လှည့်ကြည့်မနေတော့ပဲ အိပ်မောကျနေဟန်သာ နေလိုက်ပါတော့သည်။
နောက်တနေ့နံနက် သူအိပ်ယာမှ စောစောနိုးလာပါသည်။
သူနိုးလာတော့ လေးငယ်က ရေမိုးချိုး အဝတ်အစားလဲပြီး ဆိုင်သွားရန် ပြင်ဆင်ပြီးနေပြီ
''လေးငယ်..မနေ့ညက ဘာလို့ အိမ်ပြန်နောက်ကျတာလဲ...''
''မတွေ့တာကြာတဲ့ သူငယ်ချင်းနဲ့ သွားသောက်ဖြစ်လို့..''
လေးငယ်က သူ့မျက်နှာကိုမကြည့်ပဲ တိုပြတ်ပြတ်သာပြန်ဖြေသည်။
''ဒီနေ့ ကျွန်တော် အိမ်ခဏပြန်ဦးမယ် လေးငယ်...''
ထိုအခါမှ လေးငယ်က သူ့ကိုလှမ်းကြည့်သည်။
''ဘာလုပ်ဖို့လဲ...''
''Ommaက ကျွန်တော်အလုပ်မရှုပ်ခင် တွေ့ချင်တယ်ဆိုပြီး ဖုန်းဆက်ခေါ်လို့...''
''ငါလိုက်ပို့မယ်...''
''မလိုပါဘူး...!! ကျွန်တော့ကိုယ့်ဟာကိုယ် တက္ကစီနဲ့သွားလို့ရတယ်...''
''ဒီမှာ Kim Jongin...! ငါမင်းထက်အသက်ကြီးတယ် နားလည်တယ်... လူကြီးက ကောင်းတဲ့လမ်းကို ညွှန်ပြပေး ပြောပေးနေတာလေ...! ဘာဖြစ်လို့ ဟုတ်ကဲ့ဆိုပြီး မနာခံချင်ပဲ အရစ်တက်ချင်ရတာလဲ...''
လေးငယ်က စိတ်တိုစရာ ဒေါသထွက်စရာ အကြောင်းကြီးငယ်ကိစ္စလည်း မဟုတ်ပဲ သူ့ကိုလာအော်နေသည်။
''လေးငယ်က ကျွန်တော့ထက် အသက်ကြီးတာကို ကြွားဝါစရာ ဂုဏ်ယူစရာလို့ ထင်နေတာလား...''
''မင်း ငါ့ကိုပြန်မပြောနဲ့ Kim Jongin... မင်းဘာဖြစ်နေတာလဲ ဘာတွေကို အလိုမကျဖြစ်နေတာလဲ''
''အဲ့ဒါက ကျွန်တော်က လေးငယ်ကို ပြန်မေးရမှာ...! လေးငယ်ဘာဖြစ်နေတာလဲ ဘာကို အလိုမကျဖြစ်နေတာလဲ...! လေးငယ်အပေါ်မှာ ကျွန်တော်အမှားလုပ်ထားလား...! မကျေနပ်တာရှိရင်ပြော...! ဒီအတိုင်း ပါးစပ်ပိတ်ထားလို့ ဖြစ်မလား...''
