''Kim Jongin shi... ဒါရိုက်တာကြီးက သူ့ရုံးခန်းထဲ အမြန်လာခဲ့ပါတဲ့...ပြဿနာတွေတော့တက်ပြီ...''
နေ့လယ်စာစားရန် ပြင်ဆင်နေစဉ် ရုံးအကူဝန်ထမ်းလေးရဲ့ ပျာပျာသလဲလာခေါ်မှုကြောင့် သူလည်း ဘုမသိဘမသိ ထ'လိုက်ခဲ့ပါသည်။
''နောက်ထပ် သုံးလေးပိုင်းဆိုရင်ပဲ ပြီးနေပါပြီ Oh Sehun shi...! တစ်လလောက်ပါပဲ...''
ဒါရိုက်တာကြီးရဲ့ Oh Sehunဟု ခေါ်လိုက်သည့်အသံကြောင့် သူလှမ်းနေသည့်ခြေလှမ်းကို အရှိန်တင်လိုက်ပြီး ဒါရိုက်တာကြီးရဲ့ရုံးခန်းထဲ အပြေးတစ်ပိုင်း ဝင်လိုက်ပါသည်။
''လေးငယ်...''
''အော်____Jongရောက်လာပြီလား...''
လေးငယ်က သူ့ကိုတွေ့တော့ အေးအေးလူလူပင်... လေးငယ်ရဲ့နံဘေး၌ ဝတ်စုံပြည့်ဝတ်ထားသည့်လူတစ်ယောက်လည်းထိုင်နေပါသည်။
''ပြောပေးပါဦး မင်းသားရယ်...ဒီမှာ ဇာတ်လမ်းပြီးခါနီးမှ မရိုက်တော့ဘူးပြောနေတယ်...!!!! ဧကန္တ ဒီကိစ္စကို Jonginရော သိထားတာလား...''
ဒါရိုက်တာကြီးရဲ့စကားကြောင့် သူပါကြောင်တောင်တောင်ဖြစ်သွားသည်။ ဘာကိုမရိုက်တော့တာလဲ...
''လေးငယ်... ဘာတွေလုပ်နေတာလဲ... ဘာတွေလာပြောနေတာလဲ... ကျွန်တော်နားလည်အောင် ရှင်းပြပေးစမ်းပါ...''
''ကဲ...အဲ့ဒီတော့ တရားရုံးမှာပဲ စကားပြောကြတာပေါ့... ကျွန်တော်က ဆိုးလ်တရားရုံးရဲ့ အထက်တန်းရှေ့နေ Wu Yifanပါ... ခင်များတို့ဘက်က အဆင်သင့်ဖြစ်တာနဲ့ ဆက်သွယ်လိုက်ပါ...''
လေးငယ်နံဘေးမှာ ထိုင်နေတဲ့ ဝတ်စုံပြည့်ဝတ်ထားတဲ့လူက အထက်တန်းရှေ့နေဆိုပါလား...လေးငယ်က အားလုံးပြင်ဆင်ပြီးမှ ရောက်လာတာပဲ...
''ကျွန်တော်နဲ့ ခဏလောက် စကားပြောရအောင် လေးငယ်...''
သူလေးငယ်ရဲ့လက်ကိုဆွဲလို့ တိုက်ခေါင်မိုးထပ်ပေါ်သို့ တက်လာခဲ့ပါသည်။
''နာတယ်! ငါ့လက်ကိုလွှတ် Jongin...''
''ခင်များ ဘာတွေလုပ်နေတာလဲ လေးငယ်...''
လေးငယ်က သူ့အမေးကိုမဖြေပဲ လက်ကောက်ဝတ်ကိုသာ ပွတ်သပ်နေပါသည်။