လေးငယ်(EXTRA)(2)

5.9K 331 53
                                    

ညနေဆိုင်သိမ်းချိန်အထိ လေးငယ်မျက်နှာက လငပုတ်ဖမ်းထားသည့်နှယ် စူပုတ်မည်းမှောင်နေပါသည်။

ထိန်းထားပါဦး လေးငယ်ရယ်... အမြင့်ဆုံးအထိ မရောက်သေးဘူး... အဟင်း...ဟင်း..

''ပြန်မယ် Kim Jongin....''

မင်ဝူတို့နှင့် စကားပြောနေသည့်နေရာအထိ လေးငယ်က လာခေါ်သည်။

''ပြန်နှင့်လေ လေးငယ်...! ကျွန်တော်မင်ဝူတို့နဲ့ clubသွားဦးမှာ...''

''အဲ့ဒါဆို နေခဲ့ဦးမှာပေါ့...''

''ချစ်လေးငယ်ကလည်း... ကျွန်တော်လာတုန်းကလည်း လေးငယ်နဲ့အတူလာတာမှ မဟုတ်တာ...''

''ပြီးတာပဲ...! အဲ့ဒါဆို ကိုယ်Taeheeကို ဝင်ကြိုလိုက်ဦးမယ်...''

လေးငယ်ရဲ့စကားကြောင့် သဝနတိုစိတ်တွေက စပ်ပူစပ်လောင်ဖြင့် ခေါင်းပြူလာကြသည်။

ပျက်ယွင်းချင်နေသည့် မျက်နှာကို လေးငယ်မမြင်အောင် ထိန်းလိုက်ပြီး

''ကောင်းပါပြီ...! အဲ့ဒါဆို ညမှတွေ့မယ်...! အာ___ကျွန်တော်အိမ်ပြန်နာက်ကျမယ်ထင်တယ်... မျှော်မနေနဲ့နော်...''

''ငါကရူးနေလို့မင်းကိုမျှော်ရမှာလား... ပြန်မလာလည်းဖြစ်တယ်...''

လေးငယ်စိတ်ဆိုးသွားမှန်း သူသိသည်။

သို့ပေမဲ့ လေးငယ်က Taeheeဆိုတဲ့ မိန်းကလေးနဲ့ အတူသွားသည်ဟု တွေးမိတိုင်း အပြစ်လုပ်ထားသလို ခံစားရတဲ့စိတ်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ရပါတော့သည်။

''ဒီနေ့ည မင်းတို့အတွက် ကိုယ်ရှင်းပေးပါ့မယ်...''

''ဝေး...ဟေး....ဟေး.... ကဲပြီလေ...''

''အစ်ကိုလေး အကောင်းဆုံးပဲ...''

°~°~°~°~°~°~°~°~°~°~°~

''တစ်ယောက်တည်းလား လေးငယ် Kim Jonginရော...''

''Clubသွားတယ်...''

လေးငယ်က မျက်နှာမကောင်းပဲ အိမ်ပေါ်ထပ်တက်သွားခဲ့ပြီ...

Kim Jonginရဲ့ဖုန်းကို Baekhyunခေါ်ကြည့်တော့ ဖုန်းဝင်ပြီး မကိုင်ပါ..

ဖုန်းချပြီး လိုင်းပေါ်တက်ကြည့်တော့ မင်ဝူက ပုံတွေတင်ထားသည်။

လေးငယ်(လေးငယ်)(completed)Where stories live. Discover now