''ကိုယ်လည်းဂျယ်ဂျူးကိုလိုက်ခဲ့မယ် Jongin....''
လေးငယ်က အိပ်ယာထဲမှ ကမန်းကတမ်းထထိုင်ပြီး သူရောလိုက်မည်ဟုပြောနေသည်။
မျက်နှာကိုကြည့်လိုက်တော့ သွေးရောင်ပင်မရှိသေး...ဖြူဖျော့ဖျော့...
နဖူးကိုစမ်းကြည့်လိုက်တော့ နွေးနေသေးသည်။
''ပြွတ်စ်...!''
နဖူးကို အနမ်းဖွဖွပေးလိုက်ပြီး...
''ကျွန်တော်ပြီးတာနဲ့ လေးငယ်ဆီချက်ချင်းပြန်လာခဲ့ပါ့မယ် လေးငယ်ရယ်...''
''ငါလိုက်ချင်တယ်လို့....''
''လေးငယ်က လိမ္မာပါတယ်ကွာ... ကျွန်တော်က အပျော်ခရီးသွားတာမဟုတ်ဘူးလေ... လေးငယ်သွားချင်ရင် နေကောင်းပျောက်သွားတဲ့အခါ ကျွန်တော်တို့နှစ်ယောက် အတူတူသွားကြမယ် ဟုတ်ပြီလား...''
ခရီးဆောင်အိတ်လေးကိုထုတ်ကာ ဘီရိုအစပ်မှာရှိသည့် လွယ်လင့်တကူ အဝတ်အစားလေးများကို ကောက်ထည့်လိုက်ပါသည်။
''ဟင့်အင်း... ငါက အခုပဲ လိုက်ချင်တာ... Kim Jongin...''
''လေးငယ်က ကျွန်တော်......''
''ငါ စိတ်မချဘူး...! မင်းနဲ့ Park Chanyeolကို စိတ်မချဘူး...''
''လေးငယ်ရယ်... စိတ်မချရအောင် ကျွန်တော်တို့က ဘာလုပ်မှာမလို့လဲ...ပြီးတော့ ကျွန်တော်တို့နှစ်ယောက်တည်းသွားတာမှ မဟုတ်တာ...အဖွဲ့သားတွေလည်း ပါနေတဲ့ဟာ...''
''မသိဘူး... ငါလိုက်မယ်ဆို လိုက်မှာပဲ Kim Jongin...''
''ကျွန်တော်ပြောချင်တာက လေးငယ်နေမကောင်းဘူးလေ...''
''မင်းက ငါ့ကိုခေါ်သွားဖို့ အဲ့ဒီလောက်ငြင်းဆန်နေတာ... မဟုတ်မှလွဲရော.. ငါ့ကွယ်ရာမှာ Park Chanyeolနဲ့ ဘာလုပ်ကြမလို့လဲ...''
''လေးငယ်!!!''
''ငါ့ကို မအော်နဲ့ Kim Jongin...''
''လေးငယ်က ကျွန်တော့သိက္ခာကို စော်ကားနေတာလေ...''
''စော်ကားနေတာမဟုတ်ဘူး..! ငါမြင်တွေ့ပြီး ခံစားနေရတာကို ပြောပြနေတာ....''
''ခင်များက အစွန်းရောက်ပြီး အတ္တကြီးလွန်းတယ် လေးငယ်... ဘာပဲဖြစ်ဖြစ် ခင်များနေမကောင်းလို့ စိတ်ဆတ်နေတယ်လို့ပဲ ကျွန်တော်သတ်မှတ်လိုက်ပါ့မယ်...''
![](https://img.wattpad.com/cover/209870173-288-k497563.jpg)