လေးငယ်(18)++(Z+U)

5.9K 368 42
                                    

လေးငယ်က ညစာစားချိန်အမှီ ပြန်လာပြီး အတူတူစားပါသည်။

''နင်တို့ လင်မယားပဲ အရင်စားနှင့်လိုက် ငါဟိုသားအဖကို စောင့်လိုက်ဦးမယ်...''

''ယောက်ဖနဲ့ သားBaekက ဘယ်သွားကြတာလဲ...''

''မသိပါဘူး... နင့်တူက သူ့အဖေကို ဘာဝယ်ခိုင်းမလို့ဆိုလား ဇွတ်ခေါ်သွားတယ်...''

သူတို့နှစ်ယောက်အား ညစာစားဖို့ ပြင်ဆင်ပေးပြီး Baekhyunမေမေက ထမင်းစားခန်းထဲမှ ထွက်သွားပါသည်။

''Xingရော နေကောင်းရဲ့လား...!''

''အွန်း...ကောင်းပါတယ်...''

''Junmyeonရော ဘာပြောနေသေးလဲ...''

''ဘာမှမပြောဘူး...''

နှစ်ယောက်ကြား ပြောစရာမရှိတော့၍ ထမင်းကိုသာ ပြီးအောင်စားလိုက်ပါတော့သည်။

°~°~°~°~°~°~°~°~°~°~°~

အဲ့ဒီကလေးဟာ ဂျစ်စုတ်စုတ် ပေတိပေကတ်ဖြင့် စိတ်ကောက်ဆိုးလှပါသည်။

သားBaekနဲ့ စကားများရန်ဖြစ်တိုင်း သားBaekကပဲ အလျှော့ပေးပြီး ပြန်ချော့ရတာ သူအသိဆုံး...

အခုလည်း သူ့ကိုဂရုမစိုက် မမြင်သလို မသိသလို လုပ်နေပါသည်။

မနက်ဖြန်ပဲ ဇာတ်ညွှန်းဖတ်ဖို့ ကုမ္ပဏီကို သွားရတော့မည် အရာရာကို စိတ်လက်ကြည်ကြည်သာသာ ရွှင်ရွှင်ပျပျပဲ ဖြစ်စေချင်သည်။

သူမျက်နှာသစ် သွားတိုက် ကိုယ်လက်သန့်စင်ပြီး ထွက်လာတော့ ကုတင်ပေါ် ခြေဆင်းထိုင် နားကြပ်ကို နားမှာတပ် မျက်စိမှိတ်ပြီး သီချင်းနားထောင်နေတဲ့ ကောင်စုတ်လေးကို တွေ့လိုက်ရသည်။

ကောင်လေးဆီ ချဉ်းကပ်လာပြီး နားရွက်မှာတပ်ထားတဲ့ နားကြပ်ကို ဆွဲဖြုတ်လိုက်ကာ တစ်ဆက်တည်းမှာလည်း ကောင်လေးအား အိပ်ယာပေါ် တွန်းလှဲလိုက်ရင်း အပေါ်မှ တက်ခွအုပ်မိုးထားလိုက်ပါသည်။

ကောင်လေးက မယုံကြည်နိုင်ဟန်ဖြင့် သူ့ကို မော့ကြည့်နေသည်။

''လေးငယ်....''

''ငါနဲ့ မျက်လုံးခြင်း စုံချင်တယ်မလား... ငါ့မျက်လုံးထဲကို ကြည့်ပြီး အဖြေရှာချင်တယ်မလား... ကဲ..! ကြည့်...! ငါမင်းကို ကြည့်နေပြီလေ... ဘာတွေ့လဲ Kim Jongin...''

လေးငယ်(လေးငယ်)(completed)Where stories live. Discover now