လေးငယ်(22)(Z+U)

4.3K 372 61
                                    

လေးငယ်နောက်ကျောမှ အသာအယာကပ်လှဲလိုက်ရင်း ထွေးဖက်ထားလိုက်ပါသည်။

''ပြွတ်စ်...! ချစ်လိုက်တာ လေးငယ်ရယ်...''

''ငါ...ငါလည်း မင်းကိုချစ်ပါတယ်...''

နားကြားများ မှားလေလျော့သလား... အားအင်ကုန်ခမ်းပြီး ပင်ပန်းသွားလို့ ကြားချင်တာတွေများ ကြားလေရော့သလား...

''လေး...လေးငယ်...! ဘာပြောလိုက်တာ... ကျွန်တော်သေချာမကြားလိုက်လို့ ပြန်ပြောပေးစမ်းပါ...''

''အာ____မသိဘူးကွာ... ငါအရမ်းပင်ပန်းသွားပြီ အိပ်ချင်တယ်...''

လေးငယ်က နှုန်းခွေပျော့ဖတ်နေဟန်ဖြင့် မျက်လုံးမဖွင့်နိုင်တော့...

''လေးငယ်ကလည်း ကျွန်တော်က ကြားချင်လို့ပါ... ထပ်ပြောပေးပါနော်...''

''……………''

''ကျွန်တော့ကို စိတ်မချမ်းသာစေချင်ဘူးလား...! မပျော်စေချင်ဘူးလား ဟွန်..! လေးငယ်...''

သူ့စကားဆုံးတော့ လေးငယ်က သူ့ဘက်ကို လှည့်လာသည်။

''မင်းက တကယ့်ကို ငရှုပ်လေးပဲ...''

''ကြားချင်လို့ပါ လေးငယ်ရဲ့...''

''သေသေချာချာနားထောင် Kim Jongin...! ငါက တခြားစကားတွေသာ ထပ်ခါထပ်ခါ ထပ်ဖန်တလဲလဲပြောချင်ပြောမယ် အဲ့ဒီစကားကိုတော့ ခဏခဏပြောမှာမဟုတ်ဘူး...''

''ကျွန်တော်နားထောင်နေပါတယ်...လေးငယ်...''

''ငါ Oh Sehunက Kim Jonginဆိုတဲ့ မင်း..ငရှုပ်လေးကို လူကြီးတစ်ယောက်လို ချစ်နေမိပြီတဲ့... ကြားပြီလား...''

လေးငယ်ရဲ့ စကားသံလေးက နားထဲမှာ ချိုမြိန်စွာ ပျော်ဝင်သွားသည်။

''ကျေးဇူးတင်ပါတယ်လေးငယ်ရယ်... ကျွန်တော့ကို လူကြီးတစ်ယောက်လို ချစ်ပေးတဲ့အတွက် လေးငယ်ကို ကျေးဇူးအများကြီး တင်ပါတယ်...ကျွန်တော် အရမ်းပျော်နေတာ လေးငယ်သိလား... ကျွန်တော်က ဒီတသက် လေးငယ်အချစ်ကို မရနိုင်တော့ဘူး ထင်နေတာ...''

''ကိုယ်က မင်းကိုမချစ်ပဲ မင်းနဲ့အတူ အိပ်ယာပေါ်ကအချိန်တွေကို ဖြတ်သန်းမယ်လို့ ထင်နေတာလား..''

လေးငယ်(လေးငယ်)(completed)Where stories live. Discover now