လေးငယ်(EXTRA)

4.7K 353 40
                                        

''🎶🎶🎵🎵''

ဆိုင်သွားဖို့အရေး လေလေးတချွန်ချွန်ဖြင့် ဆံပင်ကေသနေသော လေးငယ်ကိုကြည့်ပြီး Jongin အမြင်မကြည်ဖြစ်နေသည်။

လေးငယ်အခုတလော အရမ်းလှချင်လာသည်။

မှန်ကြည့်ပြီဆိုလည်း ရှေ့ကြည့်နောက်ကြည့် ဘေးကြည့်ဖြင့် မပြီးစီးနိုင်တော့...

အခုလည်း လူငယ်ဆန်ဆန် ပန်းနုရောင် ရှပ်အင်္ကျီလေးနှင့် အပြာရောင် short pentsတိုလေးကို တွဲဖက်ဝတ်ဆင်ထားသဖြင့် လေးငယ်က လေးဆယ်ကျော်နေပေမဲ့ လူငယ်လေးလို နုဖတ်နေဆဲ...

''လေးငယ်..! တော်ရုံပဲ ကောင်းတယ်နော်...! အခုတလော ခင်များယွလာသလိုပဲ... gymရုံ gymရုံနဲ့ trainerတွေနဲ့ အီစီကလီလုပ်နေတာ ကျွန်တော်မသိဘူးထင်လို့လား..''

မကျေနပ်သလို ခပ်ဆူဆူပြောတော့ ခေါင်းဖြီးလို့ မပြီးနိုင်တဲ့ လေးငယ်မျက်နှာက ပြုံးစိစိ

''အမေမွေးကတည်းက ဆော်ကြည်ဘဲကြည်ဖြစ်နေတာ ကိုယ့်ရဲ့အားနည်းချက်ပဲ Baby...!''

''အာ____လေးငယ်က အဲ့ဒီလိုလား...''

''Ring...Ring....''

ထိုစဉ် လေးငယ်ရဲ့ဖုန်းမြည်လာပါသည်။

''ရှူး...! ကိုယ့်ဖုန်းလာနေတယ် Baby...! ခဏလောက် တိတ်တိတ်လေးနေပေး...!!''

သူ့မှာဆက်ပြောချင်နေပေမဲ့ ပါးစပ်ပိတ်ထားလိုက်ရပါသည်။

''ဟဲလို...Taehee shi...! ကိုယ်ပြီးပြီ...! အခုပဲ အိမ်ကထွက်လာတော့မလို့...''

လေးငယ်ပါးစပ်က ကြားလိုက်ရသည်က မိန်းကလေးတစ်ယောက်ရဲ့နာမည်...

''……………''

''အွန်း... တခါတည်း ဝင်ခေါ်လိုက်မယ်လေ... စောင့်နေလိုက်နော်...''

''……………''

''ရပါတယ်...! အလုပ်မရှုပ်ပါဘူး...! ဒါပဲ... ကိုယ်ဖုန်းချလိုက်တော့မယ်...''

လေးငယ် ဖုန်းချလိုက်သည်နှင့် သူလေးငယ်ရဲ့လက်ကလေးကိုဆွဲကာ မျက်နှာခြင်းဆိုင် ဆွဲဖက်လိုက်ပြီး လည်တိုင်လေးထဲ ခေါင်းတိုးဝင်လို့ အနမ်းပေးလိုက်ပါသည်။

''Taeheeဆိုတာ ဘယ်သူလဲ လေးငယ်ရယ်... ဘယ်ကလဲဟင်...''

''ဖယ်ပါဦး...! ကိုယ်သွားရတော့မယ် Baby...! ''

လေးငယ်(လေးငယ်)(completed)Where stories live. Discover now