နောက်တနေ့ ရိုက်ကူးရေးတွင် သူရိုက်ရမည့်အခန်းက အစောကြီးပြီးသွားသဖြင့် ပြန်ခွင့်ရပါသည်။
''အားလုံးပဲ တာဝန်ကျေလိုက်ပါဦး... ဒါရိုက်တာကြီး ကျွန်တော် ပြန်ပြီ...! Park Chanyeol...ကျွန်တော်ပြန်နှင့်ပြီနော်...''
''Ok..! နောက်မှတွေ့မယ် Kim Jongin...''
''မန်နေဂျာကြီး..! ကျွန်တော်တို့ပြန်ကြရအောင်...''
''ကောင်းပါပြီ Kim Jongin...''
ဒီလိုနဲ့ သူOmmaတို့ဆီ အလည်သွားရန် ခပ်စောစောပြန်လာခဲ့ပါသည်။
သူဆိုင်ကိုလိုက်သွားတော့ လေးငယ်က အားလုံးပြင်ဆင်ပြီးနေပြီ
''နားဦးမလား Jongin...!''
''ဟင့်အင်း...! မနားတော့ဘူး လေးငယ်...! ကျွန်တော် Ommaကို ဖုန်းလှမ်းဆက်ထားတယ်... Ommaက ညစာစားဖို့ စောင့်နေမယ်တဲ့...''
''အဲ့ဒါဆို အခုသွားကြတာပေါ့....ကိုယ့်ကားဆိုင်ရှေ့မှာ ရပ်ထားတယ်... ကားပေါ်မှာခဏစောင့်နေနော်..! ကိုယ် မင်ဝူကို မှာစရာရှိတာမှာပြီး ထွက်လာခဲ့မယ်...''
''ဟုတ်..!''
သူလက်ဆောင်သစ်သီးခြင်းလေးကိုယူကာ ဆိုင်ထဲမှ ထွက်လာနှင့်ပြီး အရှေ့မှာရပ်ထားတဲ့ လေးငယ်ရဲ့ကားလေးပေါ် အရင်တက်ထိုင်နှင့်နေလိုက်ပါသည်။
သိပ်မကြာ လေးငယ်က မင်ဝူကိုမှာစရာရှိတာမှာပြီး ဆိုင်ထဲမှထွက်လာကာ ကားမောင်းတဲ့နေရာမှာ ဝင်ထိုင်ပါသည်။
လေးငယ်ကြည့်ရတာ သက်သောင့်သက်သာ ဖြစ်မနေပါ..
''လေးငယ်...''
''ပြောလေ ကလေး..! ဘာလိုချင်လို့လဲ...''
''မဟုတ်ပါဘူး... လေးငယ်ကြည့်ရတာ မျက်နှာက သိပ်မရွှင်သလိုပဲ... အခုလည်း ကျွန်တော့အိမ်သွားဖို့အတွက် စိတ်မသက်မသာ ဖြစ်နေသေးတာလား...''
''……………''
''လေးငယ်... အဆင်မပြေသေးရင် အရမ်းကြီးဖိအားမပေးပါနဲ့...''
''အဟင်း...! ရပါတယ်...! ကိုယ်အဆင်ပြေပါတယ်.... အဆင်မပြေလည်း ပြေအောင်နေရမှာပေါ့... ကိုယ်က သူတို့သားကို ချစ်မိနေပြီပဲ... ဟုတ်ဘူးလား...''