လေးငယ်(2)(Z+U)

5.1K 434 13
                                    

လေးငယ် ဆိုသည့် အမည်မတွင်သည့် နာမ်စားလေးကို သူချစ်သည်။

ထိုနာမ်စားအား အသည်းနင့်အောင် ချစ်မိသလို ထိုနာမ်စားလေးအား အပိုင်စားသည့် လေးငယ်ဆိုသည့် လူကြီးကိုလည်း သူချစ်ပါသည်။

ထိုလူသားအား မည်သည့်အချိန်ကတည်းက ချစ်နေမိသည်မှန်း သူမသိခဲ့

ရင်ခုန်တတ်စအရွယ် အချစ်ဆိုသည့်အရာအား မြည်းစမ်းကြည့်ချင်သည့်အချိန်မှစပြီး

သူ့ရင်ခုန်သံသည် လေးငယ် ဖြစ်ခဲ့သည်။

သူ၏စိတ်ကစားမှုသည် လေးငယ် ဖြစ်ခဲ့သည်။

သူ၏ အချစ်ဦးသည် လေးငယ်ဖြစ်ခဲ့သည်။

ထိုနည်းတူ သူ၏တစ်ဖက်သတ်အချစ်သည်လည်း လေးငယ်ဆိုသည့် Ommaသူငယ်ချင်း Oh Sehunဆိုသည့် ခပ်ချေချေလူကြီးဖြစ်ခဲ့ပါခဲ့ပါသည်။

လေးငယ်သည် သူမတူအောင် လူကြီးဆန်သည်။

အနေအေးသည်။

မာနကြီးသည်။

စည်းကမ်းကြီးသည်။

ထိုအပြုအမူတွေကလည်း သူ့အတွက် လေးစားပြီး အတုယူစရာ ဖြစ်ခဲ့ပါသည်။

လေးငယ်သည် တခါတရံ ခြောက်သွေ့နေသည့် သစ်ရွက်ခြောက်လို ပေါ့ပါးပြီး မျောလွင့်နေသည်ဟု ခံစားမိသည်။

တခါတရံ ငြိမ်သက်နေသည့် ကန်ရေပြင်လို ခံစားချက်တွေကို ဖုံးကွယ်ထားသည်ဟု ခံစားမိပြန်သည်။

တခါတရံ ဟောင်းနွမ်းနေသည့် ပန်းချီကားတစ်ချက်လို အထီးကျန်ဆန်လွန်းသည်ဟု ခံစားမိနေခဲ့ပါသည်။

သို့ပေမဲ့ ထိုအရာတွေအားလုံးကို ပိုင်ဆိုင်ထားသည့် လူဟာ လေးငယ်ဆိုသည့် ဒီလူကြီးဖြစ်နေသည့်အတွက် အဲ့ဒီအရာတွေအားလုံးကို သူချစ်သည်။

သူ့အိမ်မက်ရဲ့သခင် သူ့ဘဝရဲ့အရှင်... ကျန်ရှိနေတဲ့ ဘဝတစ်လျှောက် လေးငယ်နဲ့အတူ ဖြတ်သန်းသွားဖို့အထိ သူဆုံးဖြတ်ချက်ချထားခဲ့သည်။

တနေ့ လေးငယ်ကို သူပိုင်ရမည်။

°~°~°~°~°~°~°~°~°~°~°~°~°~

လေးငယ်(လေးငယ်)(completed)Where stories live. Discover now