ဆရာဝန်က သူ့အနာကို သေသေချာချာစစ်ပေးပြီး...
''အနာကျက်ပြီ Oh Sehun..! ပေးထားတဲ့သောက်ဆေးလေးကိုပဲ ကုန်အောင်ဆက်သောက်လိုက်ရင် ရပါပြီ...''
''ကျေးဇူးပါ ဒေါက်တာ...''
''မလိုပါဘူး... Sehun shi...! တစ်ခုပဲ... အနာကျက်ပြီဆိုပြီး ယောက်ျားကို အလိုမလိုက်နဲ့ဦးနော်...''
ဆရာဝန်ကြီးရဲ့ ရွတ်နောက်နောက်စကားကြောင့် မျက်နှာကို ဘယ်ထားလိုက်ရမှန်းမသိ ထူပူသွားခဲ့ရပါသည်။
''အာ_____ ဟုတ်... ဟုတ်ကဲ့ပါဆရာ! ကျွန်တော့ကို ခွင့်ပြုပါဦး...''
''ကောင်းပါပြီ...! လိုအပ်တဲ့အကူအညီရှိရင် အချိန်မရွေးလာခဲ့ပါ...''
ဆေးဖိုးဝါးခ ကျသင့်ငွေရှင်းကာ ပြန်လာခဲ့ပါသည်။
အိမ်ပြန်လာတဲ့လမ်းတစ်လျှောက် သူ့စိတ်တွေ လှုပ်ရှားကာ ခြေဖျားလက်ဖျားများ အေးစက်နေပါသည်။
စိတ်ကောက်နေတဲ့အဆိုးလေးကို မည်သို့ချော့လိုက်ရမည်နည်း။
''ငါနဲ့အတူလာအိပ်တော့... Kim Jongin...''
အာ___အဲ့ဒီလိုလည်း မဟုတ်သေးပါဘူး...
''မင်း ဒီနေ့ည ငါနဲ့လာအိပ်ဖို့ စိတ်ရှိလား...''
လခွမ်း...! ဘယ်လိုတောင်လား...
''ကိုယ်မင်းရဲ့ရင်ခွင်ကို လွမ်းနေပြီ ခွေးကလေးရေ...''
အတွေးလေးဆုံးတော့ ပြုံးမိလိုက်ပါတော့သည်။
°~°~°~°~°~°~°~°~
လေးငယ် မနက်ကတည်းက အိမ်ကထွက်သွားသည်။ ဟိုတည ပြဿနာဖြစ်ပြီးကတည်းက လေးငယ်အနှောင့်အယှက်မဖြစ်အောင် သူ့ဘက်က အတတ်နိုင်ဆုံး ဆင်ခြင်ပြီး နေပါသည်။
လိုင်းပေါ်တက်ပြီး ဟိုကြည့်ဒီကြည့်လျှောက်ကြည့်နေစဉ် Baekhyunဆီမှ Vedio callခေါ်လာသည်။
''ဟေး...Baekhyun...! နေကောင်းလား သူငယ်ချင်း...! ဦးနဲ့ အန်တီရော နေကောင်းတယ်မလား... အဲ့ဒီမှာ အဆင်ပြေရဲ့လား...! လေးငယ်က မင်းကိုသတိရနေတာ... ပြန်လာခဲ့တော့လေ Baekhyun...!''
သူ့ဘက်ကသာ စကားတွေရွန်းရွန်းဝေအောင်ပြောပြီး ရယ်ပြုံးနေတာ Baekhyunက မရယ်မပြုံး ခပ်တည်တည်