လေးငယ်(13)(Z+U)

4.8K 400 35
                                        

မနက် သူနိုးလာတော့ ခေါင်းအနည်းငယ်ကိုက်နေသည်မှလွဲ၍ အားလုံးအဆင်ပြေသည်။

ကုတင်ပေါ်မှ ခြေထောက်ချလိုက်ပြီး ချက်ချင်းမတ်တပ်မရပ်နိုင်သေး...

''ကျွီ....Click...''

တခါးဖွင့်သံနှင့်အတူ ရေချိုးခန်းထဲမှ လေးငယ် ထွက်လာသည်။

''Morneeလေးငယ်...''

သူလှမ်းနှုတ်ဆက်တော့ လေးငယ်က အိုးတိုးအမ်းတမ်း ဖြစ်သွားကာ ကြောင်အမ်းအမ်းဖြစ်သွားသည်။

သို့ပေမဲ့ လူကြီးပီပီ ပျက်သွားသည့်အမူအယာကို ချက်ချင်းထိန်းလိုက်ပြီး အဖက်မလုပ်ဟန်ဖြင့် အဝတ်ဘီရိုဆီ ကပ်သွားပါသည်။

°~°~°~°~°~°~°~°~

''ကျွန်တော့ကို စိတ်မဆိုးပါနဲ့...လေးငယ်ရယ်...''

ကလေးကြီးလို သူ့ခါးကို လာဖက်ကာ ချွဲနွဲ့နေတဲ့ Kim Jonginကြောင့် မနေ့ညက ပုံရိပ်တွေက သူ့မျက်စိထဲ အနှေးပြကွက်တွေနှယ် ပြန်ပေါ်လာခဲ့ပါသည်။

ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ...

''ချစ်တယ် လေးငယ်...ကျွန်တော့ကို မမုန်းပါနဲ့နော်... ကျွန်တော် လေးငယ်နဲ့မခွဲနိုင်လို့... လေးငယ်ကိုသူများဆီ မပေးနိုင်လို့ဆိုတာ လေးငယ်သိတယ်မလား... လေးငယ်ကို ကျွန်တော့အပိုင်ဖြစ်ချင်လို့ အလိုမတူပဲ အတင်းအကြပ်သိမ်းပိုက်မိတာလေးငယ်ရယ်... ကျွန်တော့ကို နားလည်ပေးပါနော်...''

သူ့ဘဝကြီး လူပျိုရည်ပျက်သွားတာကိုပဲ သူ့ဘက်က နားလည်ပေးရဦးမည်တဲ့လား... ဘယ်လောက်တောင် ဆိုးလိုက်တဲ့ ကံတရားလဲ...

သောက်ကလေး!! ပြောလိုက်တဲ့စကားက ဘယ်ကိုရောက်သွားတယ်ဆိုတာရော သိရဲ့လားမသိ... သိမှာလည်းမဟုတ်ပါဘူး Kim Junmyeonရဲ့သားပဲဟာ...

''ငါက မင်းလက်ထပ်ထားတဲ့သူပဲ Kim Jongin... မင်းပြုသမျှ နုရမှာပေါ့... စိတ်ဆိုးစရာမရှိပါဘူး...''

သူ့ခါးမှ Kim Jonginရဲ့လက်ကို ဖြည်ချပြီး တစ်ခွန်းခြင်း ပြောလိုက်ပါသည်။

''လေးငယ်...! မနေ့ညက ကျွန်တော်လေးငယ်ကိုချစ်ခဲ့တာ ကျွန်တော့ရဲ့မှားယွင်းမှုမဟုတ်လို့ ကျွန်တော်မတောင်းပန်နိုင်တာ လေးငယ်ခွင့်လွှတ်ပေးပါ...''

လေးငယ်(လေးငယ်)(completed)Where stories live. Discover now