''မဟုတ်ဘူး လေးငယ်ရယ်... ကျွန်တော်ရှင်းပြပါရစေ...''
''တော်ပြီ Kim Jongin.... တော်ပြီ...!''
လေးငယ်က ဘာစကားမှထပ်မပြောတော့ပဲ အိပ်ခန်းထဲက ထွက်သွားခဲ့ပါတော့သည်။
အဲ့ဒီညက လေးငယ် အိပ်ခန်းထဲ ပြန်ဝင်မလာခဲ့ပါ...
°~°~°~°~°~°~°~°~°~°~°~
မနေ့ညက ညဥ့်နက်မှ အိပ်ပျော်သွားသဖြင့် မနက်ရှစ်နာရီထိုး မန်နေဂျာကြီးဖုန်းဆက်နိုးမှ သူနိုးလာပါသည်။
shootingသွားရန် မျက်နှာသစ် ကိုယ်လက်သန့်စင်ကာ အောက်ထပ်သို့ ဆင်းလာတော့ တစ်အိမ်လုံး တိတ်ဆိတ်နေပြီ...
ထမင်းစားခန်းထဲဝင်ကြည့်လိုက်တော့ လေးငယ်က သူ့အတွက် စားပွဲပေါ်မှာ နံနက်စာ ပြင်ပေးခဲ့ပါသည်။
ပန်းရောင်အဝတ်စလေးကိုလှပ်ကြည့်လိုက်တော့ ဟင်းရွက်ကြော်၊ ကြက်ဥလိတ်၊ ကြာဇံသုတ် စားချင်စဖွယ်ချည်းပင်...
သို့ပေမဲ့ လေးငယ်မရှိတဲ့ နံနက်စာက သူ့အတွက် စားချင်သောက်ချင်စိတ်ကို ကုန်ခန်းစေပါသည်။
တွေးမိတော့ မနေ့က လွှတ်ကနဲထွက်သွားမိတဲ့ ကိုယ့်ပါးစပ်ကို သွေးထွက်အောင် ရိုက်ချင်သည်။
အဝတ်စလေးကို လုံခြုံအောင်ပြန်အုပ်လိုက်ရင်း ရေခဲသေတ္တာထဲမှ နို့ဘူးလေးကိုထုတ်သောက်ကာ အိမ်ပြင်ထွက်လာခဲ့ပါတော့သည်။
°~°~°~°~°~°~°~°~°~°~
Park Chanyeolရဲ့ခါးကို ခွဖက်ထားရင်း မွတ်သိပ်ပြင်းရှတဲ့ အနမ်းတစ်ခုကို ဖန်တီးကာအခန်းထဲဝင်လာခဲ့သည်။
ဒီအခန်းဟာ ဒီဇာတ်တစ်ခုလုံးရဲ့ အမြင့်ဆုံးအခန်း...
ရိုက်ကွင်းတစ်ခုလုံး အသက်ရှူသံပင်မကြားရပဲ တိတ်ဆိတ်ငြိမ်သက်ကာ သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်ထဲ မျောပါနေကြပါသည်။
''တော်... တော်ပြီ Daddy...~~~!''
ပြင်းထန်တဲ့ သွေးသားဆန္ဒတို့ကြောင့် သူ့အသ်က အဖျားခတ် တုန်ခါသွားသည်။
''အဟား... သေချာလို့လား Baby...! အခုအချိန် ကိုယ်ရပ်လိုက်မယ်ဆိုရင် မင်းရဲ့အငယ်လေး နေရမခက်ဘူးလား...''