လေးငယ်က ညနေခြောက်နာရီခွဲကွက်တိတွင် အိမ်ရှေ့ရောက်လာပါသည်။
''ပြီးပြီမလား...ကားပေါ်တက်! သွားမယ်...''
စကားတွေက အပိုအလိုမရှိ လိုတိုရှင်းပင်...
''ဟုတ်..! ဟုတ်...''
သူကားပေါ်တက်ခါနီး အနားသို့ Baekhyunအမေ ရောက်လာသည်။
''မောင်လေး.. Hunnie..! Yixingနဲ့ Junmyeonအတွက် လက်ဆောင်ဝယ်သွားပေးဖို့လည်း မေ့မနဲ့ဦး...''
''ဝယ်လာခဲ့ပြီ...''
ကားနောက်ခန်းတွင် တင်ထားသည့် အလတ်စား သစ်သီးခြင်းလေးနှင့် ဖဲကြိုးစည်းထားသည့်ဝိုင်ပုလင်းလေးက လှမ်းမြင်နေရပါသည်။
''အေးပါ...! ဝယ်လာခဲ့ပြီဆိုလည်း ပြီးပါရော... နောက်မှ ငါလာလည်ဦးမယ်လို့ Myeonကို ပြောလိုက်...''
''ဒါပဲမလား... သွားမယ်...တက်! ဟိုကောင်လေး...''
°~°~°~°~°~°~°~°~°~°~
နံဘေးကနေ လေးငယ်ကို ခိုးကြည့်ရင်း ထိုင်လိုက်လာခဲ့သည်။
ကြည်ပြာနုရောင်ရှပ်အင်္ကျီနှင့် အနက်ရောင် စတိုင်ပင်န်ဘောင်းဘီအား လိုက်ဖက်စွာဝတ်ဆင်ထားသည့်လေးငယ်က လူကြီးဆန်ဆန် တည်ငြိမ်ရင့်ကျက်စွာ ကြည့်ကောင်းနေသည်။
တနေကုန် ကော်ဖီဆိုင်မှာ ဆိုင်ထိုင်နေခဲ့ပေမဲ့ လေးငယ်က ယခုညနေစောင်း မိုးချုပ်သွားသည်အထိ ဖျတ်လတ်လန်းဆန်း လတ်ဆတ်နေဆဲပင်
ဘေးဘီကို တစ်ချက်မကြည့် နှုတ်ခမ်းပါးကို တင်းတင်းစေ့ကာ ခပ်တည်တည်ဖြင့် ရှေ့တူရှုပြီး မောင်းနေသည်။
''နေ့လည်က ကျွန်တော့ဆီ Omma ဖုန်းဆက်သေးတယ်... ကျွန်တော်နဲ့လေးငယ် အတူလာမယ်ဆိုလို့ Ommaက အရမ်းဝမ်းသာနေတာ... လေးငယ်ကြိုက်တဲ့ ဆန်မုန့်ချိုတွေလည်း လုပ်ထားပေးမယ်ပြောတယ်...''
''အွန်း...''
သူကသာ အားရဝမ်းသာ စကားတွေ ရေပက်မဝင်ပြောနေပေမဲ့ လေးငယ်ပြန်ပြောတာက အင်းဆိုသည့် မဖြေချင့်ဖြေချင် တလုံးတည်းရယ်...
''လေးငယ်... နေမကောင်းဘူးလား... စိတ်ရှုပ်စရာတွေရှိနေလို့လားဟင်...''