လေးငယ်(31)(Z+U)

3.8K 335 59
                                    


လေးငယ်က ဖက်ထားသည့် သူ့လက်ကို လာပုတ်ပြီး...

''ဖယ်...ဖယ်စမ်းပါ... ဒီမှာ ခေါက်ဆွဲတွေ မျိုချလို့မရဘူး...''

သူ့လက်တွေကို မဖယ်ပေးပဲ အနည်းငယ် ဖြေလျှော့ပေးလိုက်ပါသည်။

''လေးငယ်....''

''...............''

''ကျွန်တော့ချစ်ချစ် လေးငယ်ရေ....''

''...............''

''ဖယ်စမ်းပါ...Kim Jonginရယ်...! ခေါက်ဆွဲတွေ ပွတော့မယ်... မင်းရောစားမယ်ဆိုလို့ အများကြီးလုပ်ထားတာနော်! စားမယ်ဆိုလာစား...''

ဒီလောက်ဆို အခြေအနေမဆိုး...!

သူလည်း လေးငယ်ကို ဖယ်ထားသည်ကို လွှတ်လိုက်ပြီး တစ်ဘက်စားပွဲမှာ ဝင်ထိုင်ကာ ခေါက်ဆွဲပြုတ်စားလိုက်ပါသည်။

စားရင်းစားရင်း ကုန်သွားခဲ့ပြီ....နောက်ဆုံးလေးငယ်က အိုးကလေးကို မ'လို့ အရည်လေးကို အပြီးသတ်မော့သောက်လိုက်ပါသည်။

''wow.... ဗိုက်ကိုတင်းသွားတာပဲ....''

°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~

အိပ်ခန်းထဲရောက်တော့... လေးငယ်က စာကြည့်မျက်မှန်ကိုတပ်လို့ အိပ်ယာထဲမှာ စာအုပ်ဖတ်ဖို့ ပြင်နေပါသည်။

''ကျွန်တော် ရေချိုးလိုက်ဦးမယ် လေးငယ်...''

''ချိုးလေ...''

အသည်းယားဖို့ကောင်းအောင် လုပ်နေသည့်လေးငယ်ကို သူ့စိတ်ရှိတိုင်း မထနိုင်အောင် လုပ်ပစ်လိုက်ချင်သည်။

ဆက်ပြီးစကားပြောနေလျှင် သူရေချိုးတဲ့နေရာဆီ ရောက်တော့မယ်မထင်...

ထို့ကြောင့် မျက်နှာသုတ်ပုဝါကိုယူလို့ ရေချိုးခန်းထဲဝင်လာခဲ့ပါသည်။

°~°~°~°~°~°~°~°~°~°~

နာရီဝက်တစ်နာရီနီးပါး ရေစိမ်ချိုးပြီးနောက် သူထွက်လာတော့ လေးငယ်က စိတ်ဝင်တစားဖြင့် စာဖတ်နေဆဲ...

''လေးငယ်...! ကျွန်တော့ကို ညဝတ်အင်္ကျီလေးထုတ်ပေးပါဦး...''

''...............''

လေးငယ်က စာအုပ်ဖတ်နေရာမှ တုပ်တုပ်မလှုပ်

''လေးငယ်~~~~ လေးငယ်က ကျွန်တော့ယောက်ျားလေ... အဲ့ဒီလောက်တော့...''

လေးငယ်(လေးငယ်)(completed)Where stories live. Discover now