သူဆိုင်ထဲဝင်လိုက်သည်နှင့်...တပည့်ကျော် မင်ဝူက ရောက်နေပြီ
''Mornee...မင်ဝူ..''
''Mornee...သူဌေး...!''
''ဒီနေ့ ဘာအစီအစဉ်ရှိလဲ မင်...''
''ဒီနေ့..... ကော်ဖီစေ့တွေရောက်မယ် သူဌေး...! ပြီးတော့.... သူဌေးမှာထားတဲ့ နယ်ကဂျုံမုန့်ကားလည်း ရောက်လိမ့်မယ်...''
''အဲ့ဒါတွေကို မင်းကြည့်ပြီး လက်ခံထားလိုက် မင်...''
''သူဌေး သွားစရာရှိလို့လား....''
''အွန်း... သွားစရာလေးရှိလို့....''
''ကောင်းပါပြီ... စိတ်ချလက်ချသွားပါ... ကျွန်တော်လက်ခံထားလိုက်ပါ့မယ်...''
''ok...!''
°~°~°~°~°~°~°~°~°~°~°~
ဆိုင်ခဏဝင်ပြီး မင်ဝူကို လိုအပ်သည်များ မှာခဲ့ကာ ရှေ့နေသူငယ်ချင်း Wu Yifanဆီ ထွက်လာခဲ့ပါသည်။
Knock....Knock....
''ကျွန်တော် ဆွေးနွေးစရာရှိလို့ပါ ရှေ့နေကြီး...''
''အာ....ဟုတ်ကဲ့...! ဝင်လာခဲ့ပါ.. ကျွန်တော်ဘာကူညီ....... ဟာ__!!! Oh Sehun...!! မတွေ့တာကြာပြီ...! လာ...သူငယ်ချင်း...! ဘယ်ကဘယ်လို မျက်စိလည်ရောက်လာတာလဲ... ဘာလဲ မင်းရဲ့မင်္ဂလာဆောင် လာဖိတ်တာလား...''
သူ့ကိုမြင်တော့ ငယ်သူငယ်ချင်း ရှေ့နေပေါက်ဖော်ကြီးက ရွှေကိုင်းတပ်မျက်မှန်ဝိုင်းလေးကိုပင့်လို့ ရွေသွားတဝင်းဝင်းဖြင့် ပြုံးရယ်ကာ ဝမ်းသာအယ်လယ် ကြိုဆိုပါသည်။
''မဟုတ်ပါဘူး...! ကိုယ်မင်းနဲ့ ဆွေးနွေးစရာ တိုင်ပင်စရာလေးရှိလို့ Yifan...''
''လာ....ထိုင်... ကိုယ်ဘာကူညီရမလဲ...Sehun...''
Yifan ထိုင်ခိုင်းသည့် ဆိုဖာခုံတွင် သူဝင်ထိုင်လိုက်ပြီး လက်ဆွဲအိတ်ထဲမှာ ထည့်ယူလာတဲ့ စာရွက်စာတမ်းတွေကို ထုတ်ယူလိုက်ပါသည်။
''ဒါတွေက တရားဝင်ရဲ့လားလို့ ကြည့်ပေးစမ်းပါ...ငါသိချင်လို့...''
သူကမ်းပေးတဲ့ စာရွက်တွေကို Yifanက သေသေချာချာကြည့်သည်။
''အင်း...! ဒါတွေက အစစ်တွေပဲ...! တော်ရုံရှေ့နေနဲ့ ချုပ်ထားတာမဟုတ်ဘူး... Seoul တရားရုံးချုပ်ရဲ့ တံဆိပ်တုံးထိ ပါနေတယ်... စိတ်ချရပါတယ်...''