လက်မှနာရီကိုကြည့်လိုက်တော့ ခြောက်နာရီခွဲတော့မည်။
တနေ့လုံး စိတ်တွေကြည်မနေ၍ အိမ်ကိုစောစောပြန်လာခဲ့သည်။
ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီး စိတ်ပြေလက်ပျောက် Onlineပေါ်တက်တော့ ပိုဆိုးရသည်။
Kim Jonginနဲ့ ဟိုမင်းသားကြီးရဲ့ ပရမ်းပတာ ဖရိုပရဲပုံတွေက ပလူပျံနေသည်။
ပုံတွေကို ကျော်ကြည့်လိုက်ရင်း မသိမသာ real_pcyဆိုသည့်accနှင့် zkdlin accကို followလုပ်ထားလိုက်ပြီး Laptopကို ပိတ်ကာ အောက်ထပ်ဆင်းလာခဲ့ပါသည်။
''လေးငယ်..! Jonginပုံတွေ တွေ့ပြီးပြီလား...ပုံတွေတင်ပြီး နှစ်နာရီပဲရှိသေးတယ် world wild top 5မှာ #SugerDaddy #ChanJong ဆိုပြီး trenဖြစ်နေတယ်...''
''……………''
ဘာစကားမှ မပြောချင်၍ ပါးစပ်ပိတ်ထားလိုက်ပြီး ထမင်းစားခန်းထဲဝင်ပြီး စားပွဲမှာဝင်ထိုင်လိုက်ပါသည်။
''ညစာစားတော့မယ် အစ်မ...''
''အမ်!! နင်ကစားတော့မလို့လား... သားJongကို မစောင့်တော့ဘူးလား မောင်လေး...!''
''မစောင့်ပါဘူး... ဝမ်းခြင်းဆုံတာမှမဟုတ်တာ... ပြီးတော့အခုပဲ ခုနစ်နာရီထိုးတော့မယ် ငါဗိုက်ဆာပြီ...''
''အေး..အေး... အဲ့ဒါဆိုလည်း ငါပြင်ပေးမယ်...! ဒါနဲ့ လကုန်ရင် ငါတို့ပြန်တော့မယ် Hunnie...! သားငယ်လေးလည်း ကျောင်းပိတ်ထားတုန်း ငါတို့နဲ့ခဏလိုက်နေလိမ့်မယ်...''
''သားBaekက လေးငယ်ကို ထားခဲ့တော့မလို့လား...''
ထမင်းစားခန်းထဲ လိုက်ဝင်လာသည့် တူဖြစ်သူကို လှမ်းမေးလိုက်ပါသည်။
''အဟီး... လေးငယ်ကလည်း Jonginလည်း ရှိနေတာပဲဟာ...ပြီးတော့ လေးငယ်တို့လည်း အိမ်ထောင်ဦးကို လွတ်လွတ်လပ်လပ်ဖြတ်သန်းရတာပေါ့...''
''အာ....ဒီကောင်လေး....''
''သားငယ်လည်း လေးငယ်အတူ တခါတည်းစားလိုက်တော့...! အဲ့ဒီဖုန်းကြီးက ချပါဦး Byun Baekhyunရယ်... ဘာတွေများ အဲ့ဒီလောက်ထိ ကြည့်စရာပါလို့ လက်ကမချနိုင်ရတာလဲ...''
အစ်မဖြစ်သူက သူ့သားကို ဗျစ်တောက်ဗျစ်တောက်ရွတ်ရင်း ထမင်းပန်းကန်ကို ချပေးပါသည်။
![](https://img.wattpad.com/cover/209870173-288-k497563.jpg)