ဒုန်း! ဒုန်း...! ဒုန်း...!
''လေးငယ်...!''
ဒုန်း...! ဒုန်း...! ဒုန်း...! ဒုန်း....
''လေးငယ်....''
တံခါးကို တဒုန်းဒုန်းလာထုပြီး သူ့ကိုအော်ခေါ်နေတဲ့အသံကြောင့် နိုးလာခဲ့ပါသည်။
သူ့ခေါင်းတွေထိုးကိုက်နေပြီး ချမ်းစိမ့်စိမ့်ဖြစ်နေသဖြင့် အိပ်ယာထဲက ချက်ချင်းမထနိုင်သေး...
ဖျားနေပြီထင်ပါရဲ့...
ဒုန်း..! ဒုန်း...! ဒုန်း...
''လေးငယ်....! တံခါးဖွင့်... လုပ်တုန်းကလုပ်ထားပြီး အခုလိုရှောင်ပုန်းနေလို့ရမလား...''
ဒုန်း...! ဒုန်း...! ဒုန်း...!
''လေးငယ်!!''
ကောင်လေးပြောနေတဲ့စကားတွေကို တလုံးမှနားမလည် ဒါပေမဲ့ ကောင်လေးစိတ်တအားဆိုးနေမှန်း သူသိသဖြင့် အိပ်ယာထဲမှ အားတင်းပြီးထွက်လာခဲ့ပါသည်။
click...!
တံခါးလေးကို အသာဖွင့်လိုက်ပြီး...
''စောစောစီးစီး မင်းဘာတွေဖြစ်နေတာလဲ Kim Jongin...!''
စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
''ခင်များ ဘာတွေလျှောက်လုပ်နေတာလဲ...''
ကောင်လေးက တံခါးကိုဆောင့်တွန်းဖွင့်လိုက်သောကြောင့် သူဟန်ချက်ပျက်ပြီး ယိုင်သွားသဖြင့် တံခါးဘောင်ကို လှမ်းကိုင်လိုက်ရပါသည်။
''ဘာဖြစ်နေတာလဲJongရယ်...''
''မခေါ်နဲ့... ခင်များပါးစပ်ကိုပိတ်ထား... ဒီအချိန်တလလောက်ကလေးကိုပဲ ခင်များမှာ သည်းခံစိတ်မထားနိုင်ဘူးလား Oh Sehun...!''
ကောင်လေးပြောနေတဲ့ စကားတွေကို အခုချိန်ထိ သူတလုံးမှနားမလည်သေး... ဘာကိုသည်းခံစိတ်မထားနိုင်တာလဲ
''ဘာတွေပြောနေတာလဲ Jonginရယ်...! မင်းပြောနေတာတွေကို ကိုယ်ဘာမှနားမလည်တော့ဘူး...ကိုယ့်ကိုနားလည်အောင်ရှင်းပြပေးလေ...''
''သွားစမ်းပါ... အခုမှ မသိချင်ယောင်ဆောင်မနေနဲ့... ခင်များဘာတွေလုပ်ထားလဲဆိုတာ ကိုယ့်ဟာကိုယ်သိမှာပေါ...Oh Sehun...''
