မောင်ဖြစ်သူရဲ့ အော်သံကိုကြားပြီး သိပ်မကြာ အိမ်ပေါ်ထပ်မှဆင်းလာသည်ကို တွေ့လိုက်ရပါသည်။
''Sehun..! နင်တို့ ဘာဖြစ်ကြပြန်ပြီလဲ...''
''ဘာမှမဖြစ်ဘူး...''
''သားJongရော... ဒီမှာ နင်တို့နှစ်ယောက်အတွက် ညစာစားဖို့ ပြင်ပြီးသွားပြီ''
''မသိဘူး...! သူက စားလာရောပေါ့...''
''မဟုတ်တာ... နင်နဲ့အတူစားချင်လို့ မစားလာခဲ့ဘူးဆို...! ထမင်းစားဖို့ နင့်ကိုသွားခေါ်မယ်ဆိုပြီး တက်သွားတာ...''
''……………''
''နင်ကလည်းဟယ်... ဘာမဟုတ်တာလေးနဲ့ ကလေးကို ဂျစ်မတိုက်ပါနဲ့ သူ့ခမျာ တနေကုန်စိတ်ပင်ပန်း လူပင်ပန်း ပင်ပန်းလာတာ...''
''……………''
''ခဏနေ သွားခေါ်လိုက် ကြားလား... နင်နဲ့လည်း ခက်တယ် Oh Sehunရယ်...''
''ငါတစ်ယောက်တည်း နေချင်တယ် အစ်မ...''
''နင်တို့နှစ်ယောက်နဲ့လည်း ငါစိတ်ညစ်ပါတယ်ဟယ်...''
အစ်မက ပွစိပွစိရေရွတ်ရင်း ရှောင်ထွက်သွားခဲ့ပါပြီ
အဲ့ကလေး ဘာမှ မစားလာသေးဘူးပြောတယ် ဗိုက်ဆာနေတော့မှာပဲ....
အတွေးဝင်လာတော့ ကိုယ့်ဟာကိုယ် မကောင်းတဲ့လူလို့ ခံစားရပါသည်။
ရင့်ကျက်တည်ငြိမ်ရမဲ့အရွယ် ရောက်နေတဲ့သူက တဒင်္ဂဖြစ်ပေါ်လာတဲ့ အတွင်းစိတ်ကို မထိန်းသိမ်းထားနိုင်ခဲ့ဘူး...
အချစ်သည် ပူလောင်လှ၏။ ခေါင်းရှုပ်လှပါသည်။
အခုအချိန် သူ့မျက်နှာ မပြုံးနိုင်သေးတာတော့ အသေအချာ ဘာမှမဖြစ်တဲ့ပုံစံနဲ့ ခေါ်ပြောဖို့ရာ မဖြစ်နိုင်သေး....
°~°~°~°~°~°~°~°~°~°~°~°~
အခန်းထဲ၌ မလှုပ်မယှက် ထိုင်နေမိသည်။
မသတီဘူးတဲ့လား လေးငယ်ရယ်...
အခုအချိန်မှတော့ ဘယ်လိုမှ နောက်ပြန်လှည့်လို့မရတော့...
''Jongin...''
|knock...knock...|
အပြင်မှ တံခါးလာခေါက်သည့် Baekhyunကြောင့် မျက်နှာကို လက်ဖြင့် ပွတ်ဆွဲလိုက်ပါသည်။