လေးငယ်(44)(Z+U)

3.5K 374 64
                                    

လေးငယ်က သူစိမ်းဆန်တယ်...

လေးငယ်က သွေးအေးတယ်...

လေးငယ်နဲ့ အနေဝေးသွားသလို ခံစားရတယ်...

လေးငယ်...ရက်စက်တယ်...

မထွေးနိုင် မအန်နိုင်တဲ့ ဝေဒနာတို့ကို ကြိတ်မှိတ်မျိုသိပ်ရင်း အသိအာရုံတို့ကို မူးယစ်ရီဝေစေလိုက်ပါသည်။

ပျော်ပါစေလေးငယ်...

ကျေနပ်ပါစေ....

°~°~°~°~°~°~°~°~°~°~°~°~

ညက ထိုကလေး အခန်းထဲက ထွက်သွားပြီးနောက် ပြန်ဝင်မလာခဲ့ပါ...

ပြောချင်တိုင်းပြော သူစိမ်းတစ်ယောက်လို မောင်းထုတ်လိုက်ပြီးမှ စိတ်မကောင်း...

ကလေးစုတ်က အပြစ်လုပ်ထားတယ်ဆိုပေမဲ့ အိမ်ပြန်ရောက်ကတည်းက သူ့မျက်နှာကို အရိပ်တကြည့်ကြည့် မျက်နှာငယ်လေးနှင့် မလုပ်ဖူးတာတွေလုပ်ပြီး တောင်းပန်ရှာပါသည်။

တောင်းပန်တဲ့သူက တောင်းပန်နေတယ် ဆိုပေမဲ့ အချစ်ခံရတဲ့လူတိုင်း အနည်းနှင့်အများတော့ ဆိုးချင်ကြဆိုသည့်အတိုင်း သူ ထိုကလေးအပေါ် အနိုင်ယူဗိုလ်ကျပြီး ဆိုးချင်သည်။

ကောင်ဆိုးလေးက မကပ်ရတာကြာတော့ သူ့ကိုကပ်ချင်နေပြီမှန်း ရိပ်စားမိပါသည်။

အကြည့်တွေက ရီဝေပြီး တစ်စုံတစ်ခုကို တောင်းဆိုနေကြသည်။

သွေးဆူပြီး ထကြွသောင်းကျန်းချင်တဲ့ ဆယ်ကျော်သက် ဟုန်းဟုန်းတောက်တဲ့အရွယ်မို့ အိမ်ထောင်ရေးသုခကို ခံစားချင်ရှာမှာပေါ့လေ...

ဒါပေမဲ့ သူဘာလို့များ ဒီကလေးနဲ့ ချစ်တင်းနှောဖို့ စိတ်မရှိနေရတာလဲ... ဘာလို့များ ဖြည့်ဆည်းပေးဖို့ ဆန္ဒမရှိနေရတာလဲ...

တွေးမိတော့ အားနာပြီး တာဝန်မကျေသလိုလို

အေးစက်သွားတဲ့ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး မုန်းမိပါသည်။

တောင်စဉ်ရေမရ အတွေးတို့နဲ့ အိပ်ယာထဲ၌ တလူးလူးတလှိမ့်လှိမ့်လုပ်ရင်း အိပ်ပျက်ည ဖြစ်ခဲ့ရပါတော့သည်။

°~°~°~°~°~°~°~°~°~°~°~°~°~°~

ညောင်းတောင့်နေတဲ့ ခံစားမှုကြောင့် Jonginနိုးလာတော့ ထမင်းစားခန်းထဲမှာပဲ ရှိသေးသည်။

လေးငယ်(လေးငယ်)(completed)Where stories live. Discover now