ဒေါက် ဒေါက်
အခန်းတံခါးခေါက်သံကြောင့် ရှောင်းကျန့် နိုးလာသည်။ ခေါင်းက တစစ်စစ် ကိုက်နေတာကြောင့် ချက်ချင်းမထနိုင်သေး ၊ ဘေးကို ကြည့်လိုက်တော့ သူ့ကို ရင်ခွင်ထဲထည့်ပြီးအိပ်ပျော်နေသော သူ ၊ သေသေချာချာ ကြည့်မိတော့ ဝမ်ရိပေါ်
ဘာတွေဖြစ်ကုန်တာလဲ အားယူပြီးထကာ ကြည့်မိတော့ နှစ်ယောက်လုံး ကိုယ်ပေါ်တွင်အဝတ်အစားမရှိ
"အားးးးးးးးးး"အော်သံကြောင့် ဝမ်ရိပေါ်လည်းနိုးလာသည် ။
ပွင့်သွားသောတံခါးဝ၌ နှစ်ဖက်မိဘများ ၊ မိုးကြိုး အစင်းတရာလောက် ပစ်ချလိုက်သလိုဘဲ၊ ဘာတွေဖြစ်ကုန်တာလဲ
"မားတို့က သဘောတူတယ်ဘဲ ပြောရသေးတယ် ခုခေတ်ကလေးတေများ မြန်ပါ့ " ဝမ်မားမားက ရယ်မောရင်း
"ကျန့်ကျန့် တို့များပြောတော့ သဘောမတူဘူးတဲ့ ခုကြတော့လည်း ညတုန်းက နားချလိုက်ရတာတောင်မောတယ် " ရှောင်းမားမား က ထောက်ခံလိုက်ရင်း
" မား ထင်သလိုမဟုတ်ဘူး ကျန့်ကျန့် ဘယ်လိုရောက်နေမှန်းတောင်မသိဘူး ၊ ဝမ်ရိပေါ် မင်းရှင်းပြလိုက်လေ "
" ဘာကိုရှင်းပြရမှာလဲ လူကြီးတေလည်းသိသွားပြီကို "
" မင်း မင်း ဘာပြောတာလဲ ၊ တကယ်မဟုတ်ဘူးလို့ပြောလိုက်လေ "
"ကဲကဲ ကျန့်ကျန့် ရှက်မနေနဲ့တော့ ရေချိုးပြီး ဆင်းလာခဲ့တော့ မားတို့အောက်မှာစောင့်နေမယ် "
" ကိုယ်ရေချိုးလိုက်အုံးမယ် " ပြောပြီး အိပ်ယာပေါ်ကထသွားတဲ့ ဝမ်ရိပေါ်
ရှောင်းကျန့် ဝမ်းနည်းမှု စိတ်ရှုပ်ထွေးမှုတေကြောင့် မျက်ရည်များကျဆင်းလာသည်။ ဒါဘယ်လို အခြေအနေကြီးလဲ မဟုတ်ဘူး ဒါ တကယ်မဟုတ်ဘူး သူလိုချင်တဲ့ အနေအထားမဟုတ်ဘူး သူချစ်တာ ရှီးချန်ကော.....
ဝမ်ရိပေါ် ရေချိုးနေရင်း
" တောင်းပန်ပါတယ် ကလေး ကိုယ်မင်းကို အရမ်းချစ်လို့ ၊ တခြားသူလက်ထဲ မထည့်နိုင်ဘူး ၊ မင်း ကိုယ့်ကို အခုမချစ်ရင်တောင် မင်းချစ်လာဖို့ ကိုယ်ကြိုးစားမှာပါ "
YOU ARE READING
အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞
Fanfictionမင်းကို လက်ထပ်ရပေမယ့် ငါလုံးဝမချစ်ဘူး အဲ့တာကြောင့် ဒီနေ့ကစပြီး စိတ်ဆင်းရဲစေရမယ် xiao zhan ကလေး ကိုယ့်ကိုမချစ်ပေမယ့် ကိုယ်ကတော့ ကလေးကို အရမ်းချစ်တယ် wang yi bo