ရိပေါ်မနက်နိုးလာတော့ မထသေးဘဲ ညကအကြောင်းကိုတွေးနေတယ်၊ မနက်လင်းတာနဲ့ သူ့မျက်နှာလေးကိုတွေ့ချင်နေတယ်၊ ရိပေါ် ကောင်လေးအကြောင်းစဉ်းစားလိုက်တာနဲ့ နှလုံးသားလေးက သိသိသာသာ လှုပ်ရှားသွားတယ်၊
ရိပေါ် အခန်းထဲကထွက်ပြီး ပထမဆုံးအလုပ်က ဝရံတာကိုသွားပြီး သူရှိတဲ့နေရာလေးကိုငေးကြည့်တာ၊ ရိပေါ် ဝရံတာကိုရောက်တော့ မြင်ကွင်းက သူ့အကြည့်ကိုဆွဲဆောင်နေတယ် ဘာလို့လဲဆိုတော့
ရှောင်းကျန့် ခြံထဲမှာ မုန့်ယောင်တို့နဲ့ ထိုင်နေတာ ဘာတွေပြောနေကြလဲတော့မသိဘူး ဒါပေမယ့် ကောင်လေးပျော်နေတယ် ၊ သူဒီကိုရောက်ပြီးထဲက သူရယ်နေတာ ပထမဆုံးမြင်ဖူးတာဘဲ ၊ လှလိုက်တာ ယောက်ျားလေးတယောက်ကို အဲ့လိုမသုံးနှုန်းကြပေမယ့် တကယ်ကိုလှတာ ၊ အရမ်းကိုတောက်ပပြီး အပြစ်ကင်းကင်းနဲ့ လှတာ
ရိပေါ် သူရယ်နေတာကြည့်ရင်း ကိုယိပါလိုက်ရယ်နေတဲ့အဖြစ်ကို သတိထားမိတော့ တယောက်တည်းရှက်ပြီးတော့ ဂုတ်ကို လက်နဲ့ပွတ်ပြီး အပြုံးတေကို ထပ်ခိုးကြည့်နေမိတယ်။
အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူကပြုံးနေရင် ကိုယ်ပါ အလိုလိုပျော်နေမိတာမျိုး 🥰🥰
----------------
ရှောင်းကျန့် ဒီနေ့တော့ကြည်ကြည်လင်လင်ဘဲ ၊ ဘာလို့လဲဆိုတော့ ညကကိုကို့ ရင်ခွင်ထဲအလည်ရောက်လို့လေ။ မုန့်ယောင်ကောတို့တောင်ပြောတယ် ဒီနေ့ ပျော်နေတယ်ထင်တယ်တဲ့ ၊ ညက အကြောင်းတော့မပြောတော့ပါဘူး ဘာလို့လဲ ဆိုတော့ ရှီးချန်ကော ကိုကြည့်ရတာ ဘာကိုအလိုမကျလည်းမသိဘူး၊ တခုခုကို မျက်မှောင်ကုတ်ပြီး စဉ်းစားနေတယ်၊ညကစိတ်ပူနေတဲ့ ကိုကို့ မျက်နှာကိုပြန်တွေးမိတော့ မျက်နှာတွေတောင်ရဲသွားတယ်ထင်တယ် ရှီးချန်ကောက ရှောင်းကျန့်နေကောင်းသွားပြီမဟုတ်လား ၊ မျက်နှာပြန်ရဲနေတယ် အဖျားပြန်တက်တာလား ပြောရင်း နဖူးကိုလာကိုင်ပြီး အဖျားစမ်းပေးတယ်
ရှောင်းကျန့် ရှက်ရှက်နဲ့ ယုန်သွားတေ ပေါ်အောင်ပြုံးလိုက်ပြီး
"နေပူလာလို့ထင်တယ် အထဲဝင်တော့မယ်နော်ကော"
ESTÁS LEYENDO
အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞
Fanficမင်းကို လက်ထပ်ရပေမယ့် ငါလုံးဝမချစ်ဘူး အဲ့တာကြောင့် ဒီနေ့ကစပြီး စိတ်ဆင်းရဲစေရမယ် xiao zhan ကလေး ကိုယ့်ကိုမချစ်ပေမယ့် ကိုယ်ကတော့ ကလေးကို အရမ်းချစ်တယ် wang yi bo