ရိပေါ် ဆေးရုံရှေ့ခုံတန်းမှာ စိတ်ညစ်ပြီးထိုင်နေတယ်။ ဆရာဝန်ပြောသွားတာတွေ ပြန်စဉ်းစားရင်းနဲ့၊ ဆေးစစ်ချက်အရ သူ့သွေးထဲမှာ အိပ်ဆေးအလွန်အကျွံသုံးထားတာတွေ့ ရတယ်တဲ့ ၊ ပြီးတော့ နောက်ဆေးတမျိုးလည်းသုံးထားသေးတယ်တဲ့ ဦးနှောက်လုပ်ဆောင်ချက်ကို အားနည်းစေတဲ့ဆေး တော်သေးတာက သူအဲ့ဆေးတွေကို မသောက်ဘဲ နေမိတာ ၊ သူ့ရွေးချယ်မှုမှန်သွားတယ်။
မုန့်ယောင် ဆရာဝန်နဲ့ စကားပြောပြီးထွက်လာတော့ ရိပေါ်ခေါင်းငိုက်စိုက်ပြီးထိုင်နေတယ် ။ သူ့ပုံစံကတော်တော်လေး စိတ်ဆင်းရဲနေသလိုမျိုး ၊ အိပ်ငွေ့ချပြီးရင် သူသိချင်တာတွေ သိရတော့မယ်ထင်နေတာ အခုတော့ ထပ်ခါထပ်ခါ အဖျက်ခံထားရပြီး အသစ်ရိုက်သွင်းခံရတောကြောင့် အရင်ကအကြောင်းတွေမှတ်မိဖို့ မသေချာဘူးတဲ့ ၊ သူ့ပုံစံက တော်တော် စိတ်မကောင်းဖြစ်နေပုံရတာကြောင့် မုန့်ယောင်ဘာမှမပြောဘဲ ခုံဘေးမှာ ဝင်ထိုက်လိုက်တယ်။
ရိပေါ်ကိုဒီလိုပုံစံမျိုးတခါမှမတွေ့ဖူးတာကြောင့် ဘေးမှာ အချိန်တော်တော်ကြာတဲ့အထိ တိတ်တိတ်လေးနေပေးလိုက်တယ်၊ မုန့်ယောင် ဖုန်းလေးမမြည်လာခင်အထိပေါ့
"ကော ဘာလုပ်နေလဲ ၊ ဒီနေ့ ကျွန်တ်ေတို့ xxxBar မှာရှိမယ်၊ လာမယ်မဟုတ်လား "
"အင်း လာမယ်လေ၊ ခုတော့ မအားသေးဘူး ၊ ရိပေါ်နဲ့ ဆေးရုံမှာ ရှောင်းကျန့်ကိုမပြောနဲ့နော်""မပြောပါဘူး ၊ အဲ့တာဆို ရိပေါ်ကောပါခေါ်ခဲ့လေ"
"အေး လာခဲ့မယ်"
-----------------မုန့်ယောင် ကားကိုအိမ်အပြန်လမ်းမဟုတ်ဘဲ တခြားဘက်ဦးတည်နေတာကြောင့်
"အိမ်မပြန်ဘူးလား"
"စိတ်ညစ်နေတယ်မဟုတ်လား ၊ ထွက်ပေါက်ပေးရမှာပေါ့
ရှောင်းကျန့်တို့လည်းရှိတယ်"
ရှောင်းကျန့်လည်းလာမယ်ဆိုတော့ ဘာမှမပြောဘဲ မှန်အပြင်ကိုကြည့်နေလိုက်တယ်၊ သူတကယ် တွေ့ချင်တယ်သူတို့ရောက်တော့ ရှောင်းကျန့်ကမရောက်သေးဘူး။
ရိပေါ် ရောက်ကတည်းက မနားတမ်းသောက်နေတာ ရှောင်းကျန့်ရောက်လာတော့ တော်တော်မူးနေပြီ ။အမူးသမားရိပေါ်ကို ထိန်းနေတာနဲ့ ရှောင်းကျန့် မသောက်လိုက်ရဘူး၊ သူ့ကို လိုက်ကြည့်နေကြတယ်ဆိုပြီး ပြဿနာလိုက်ရှာနေလို့ မနည်းထိန်းပြီး အိမ်ပြန်လာရတယ်။
ESTÁS LEYENDO
အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞
Fanficမင်းကို လက်ထပ်ရပေမယ့် ငါလုံးဝမချစ်ဘူး အဲ့တာကြောင့် ဒီနေ့ကစပြီး စိတ်ဆင်းရဲစေရမယ် xiao zhan ကလေး ကိုယ့်ကိုမချစ်ပေမယ့် ကိုယ်ကတော့ ကလေးကို အရမ်းချစ်တယ် wang yi bo