part22

5.2K 282 1
                                    

ရှောင်းကျန့်နိုးလာတော့ ရိပေါ်ဘေးမှာရှိမနေ၊ ရှောင်းကျန့်အိပ်နေရာမှချက်ချင်းထလိုက်သည်။ ခေါင်းက မိုက်ခနဲ ကြိုးစားထလိုက်သည်။ အဖျားက မနေ့ကလောက်မကြီးပေမယ့် အရှင်းတော့မပျောက်သေး

ရိပေါ်အောက်ထပ်ဆင်းလာပြီး မျက်လုံးကလည်းတခုခုကိုရှာနေတယ်။ ဧည့်ခန်းမှာ မားနဲ့ ကျဲက စကားပြောနေတယ်
ရှောင်းကျန့် တယောက်ယောက်ကိုရှာနေတာ မားကသိတော့

" ကျန့်ကျန့် ဘာရှာနေတာလဲ "

"ဘာမှရှာမနေနဲ့ ၊ မရှိတော့ဘူး" မားစကားဆုံးတော့ ရှောင်းကျန့် မျက်နှာသိသိသာသာပျက်သွားတယ် ။

ဒါကိုသိတဲ့ကျဲက ထိုင်ရာကနေထလာပြီး ရှောင်းကျန့်ခေါင်းလေးကိုပုတ်ပြီး

" မီးဖိုခန်းထဲမှာရှိတယ် ၊ ကျန့်ကျန့် အတွက် မနက်စာလုပ်ပေးချင်လို့ ဆိုပြီး ကျဲတို့ကိုတောင်မလုပ်ခိုင်းဘူး ၊ သွားကြည့်လိုက်အုံး "

ရှောင်းကျန့် ထမင်းစားခန်းရောက်တော့ မီးဖိုပေါ် အိုးတလုံးနဲ့ အလုပ်ရှုပ်နေတဲ့ ရိပေါ်

" အဟမ်း " ရှောင်းကျန့် ချောင်းဟန့်လိုက်တော့

"ကလေး ၊ နိုးပြီလား ၊ ဘာလို့ဆင်းလာတာလဲ ကိုယ်မနက်စာလုပ်ပေးနေတာ "

ရှောင်းကျနိ့ဆီ အပြေးလေးလာပြီး နဖူးလေးစမ်းပြီး ကိုယ်ပူတိုင်းနေတဲ့ ရိပေါ်ရဲ့လှုပ်ရှားမှုကြောာင့် ရှောင်းကျန့် ရင်တေအဆမတန်ခုန်ပေါက်နေတယ်၊ မနက်စောစောမှာလည်း သူ့ကိုကိုက ဆွဲဆောင်မှု အပြည့်နဲ့ ဆိုတော့

*နေမကောင်းလို့ မသေဘဲ ရင်ခုန်လွန်းလို့သေတော့မယ်ငါတော့ ဒီကိုကိုကြောင့်*

"အဖျားနညိးနည်းကျန်သေးတယ် အေးနေတာကို ဆင်းလာတယ် ၊ ကိုယ် ဆန်ပြုတ်လုပ်ပေးနေတာ ကျက်တော့မယ် ၊ ကလေး သွားနားနေလေ ၊ ကိုယ်လိုက်ပို့မယ်လာ "

------------
ခဏကြာတော့ ဆန်ပြုတ်ပန်းကန်နဲ့ ရိပေါ်ရောက်လာတယ်။

"ကလေး ထ မနက်စာစားမယ်" ရိပေါ်ပြောပြီး ကုတင်ပေါ် ထိုင်လိုက်တယ်။

"ကိုယ်ခွံကျွေးမယ်နော် ၊ ကလေး ပင်ပန်းမှာစိုးလို့ "
(ဝမ်တော်တော်ဖြစ်)

အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞Tahanan ng mga kuwento. Tumuklas ngayon