ရှီးချန် ဒီစကားကို အရင်ကပြောခဲ့မယ်ဆိုရင် ရှောင်းကျန့် ချက်ချင်းလက်ခံလိမ့်မည်၊ သို့သော် အခုတော့
" ကော ခြေထောက်နာနေတယ်မဟုတ်လား ၊ အရင်နားလိုက်ပါအုံး၊ နောက်မှပြောကြတာပေါ့။ "
ရှောင်းကျန့် ပြောပြီး အခန်းထဲကထွက်လာခဲ့တယ်။
--------------ရှီးချန်ကောကို လိုက်ပို့ပြီး ကျန်းချန် သူ့ကိုပြန်ပို့တော့ မိုးချုပ်နေပြီ။ ရိပေါ်ကတော့ ပြန်မရောက်သေးဘူး၊
ရှောင်းကျန့် ရေမိုးချိုးပြီး ရိပေါ်ပြန်အလာကိုစောင့်နေတယ်
တောင်! (မက်စေ့ အသံနော်😁)
--ဒီနေ့ အသင်းကလူတေနဲ့ ပွဲလုပ်နေလို့၊ နောက်ကျမယ် ၊
ရှောင်းကျန့် ဝင်လာတဲ့မက်ဆေ့ကိုကြည့်ပြီး စိတ်အလိုမကျစွာနဲ့ အိပ်ယာဝင်ခဲ့တယ်။
-------------------ရိပေါ် ဝင်လာတဲ့မက်ဆေ့ကိုကြည့်ပြီး တချက်ပြုံးလိုက်တယ် ပြီးတော့ ဘူးထဲက လက်ကျန်ဘီယာကို မော့သောက်လိုက်တယ်။
-- အင်း ၊ အများကြီး မသောက်နဲ့နော် အစာအိမ်နာနေတယ်မဟုတ်လား၊ ပြိုင်ပွဲနိုင်တာ ဂုဏ်ယူတယ်နော်၊--
ဂျီရုန်းနဲ့ မုန့်ယောင်က ရိပေါ်ကိုကြညိ့ပြီး
"သူဘာဖြစ်နေတာလဲ ၊ ရောက်ကထဲကဘာမှမပြောသောက်နေတာ "
"ပျော်လို့သောက်တယ်ပြောရအောင်လဲ သူ့ရုပ်ကိုကြည့်ပါအုံး"
"ငါ့ အတွေ့အကြုံအရပြောရရင်, ဒီကောင် အသဲကွဲနေတာ၊ ဘာလို့လည်းဆိုတော့
ညနေက ရှောင်းကျန့် ရှီးချန်ကိုပြိုင်ပွဲပြီးတော့ တွဲသွားတာတေတွ့တယ်၊ ""ရှောင်းကျန့်က ရှီးချန်ကိုကြိုက်နေတာ မဟုတ်လား "
"အဲ့လိုထင်ရပေမယ့် ခုနောက်ပိုင်း ရှောင်းကျန့် က ရှီးချန်ကိုအရင်လိုမဟုတ်သလိုဘဲ
ပြီးတော့ ရိပေါ်ကို လှမ်းလှမ်းကြည့်နေတာ မင်းလည်းတွေ့တယ်မဟုတ်လား ""ဟုတ်တယ်လေ
ဘာဘဲပြောပြော ငါတို့ကောင်ကြီး အတွက် ငါတို့ဝင်ပါရတော့မယ်ထင်တယ် "သူ့ကိုကြည့်ပြီး တိုင်ပင်နေကြတဲ့နှစ်ယောက်ကို စိတ်မဝင်စား တဲ့ရိပေါ်ကတော့ ရှေု့ကဘူးတေကိုသာ တဘူးပြီးတဘူး သောကိနေတယ် ။
---------
ရိပေါ် နောက်ကျမယ်ပြောပေမယ့် ညကပြန်မလာဘူး။

BẠN ĐANG ĐỌC
အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞
Fanfictionမင်းကို လက်ထပ်ရပေမယ့် ငါလုံးဝမချစ်ဘူး အဲ့တာကြောင့် ဒီနေ့ကစပြီး စိတ်ဆင်းရဲစေရမယ် xiao zhan ကလေး ကိုယ့်ကိုမချစ်ပေမယ့် ကိုယ်ကတော့ ကလေးကို အရမ်းချစ်တယ် wang yi bo