part 53

4.1K 257 6
                                    

ရိပေါ် သတိရလာတော့  မျက်နှာကျက်အဖြူတွေ သူသိတာပေါ့၊ ဘယ်ရောက်နေလဲဆိုတာ ၊ ဘယ်နေရာ ဘယ်ဒေသကိုရောက်ရောက် ဒီအပြင်အဆင်၊ အနံ့အသက်တွေကပြောင်းသွားတာမှမဟုတ်တာ၊ ရှီးချန် သူသတိရလာတော့ ဆရာဝန်ပြေးခေါ်တယ်၊

သူတို့ပြောနေတာကိုနားထောင်ကြည့်တော့ သူသတိလစ်သွားပြီး မေ့နေတာ တပတ်ကျော်ပြီတဲ့ ၊  သူနောက်ဆုံးအချိန်ကိုပြန်တွေးကြည့်တော့ မြင်ကွင်းထဲပေါ်လာတာက သူနဲ့ကလေး ရဲမင်္ဂလာဆောင်ဓာတ်ပုံ ၊ ပြီးတော့ ကလေးမရှိတော့ဘူး ၊ နှုတ်မဆက်ဘဲ သူ့ကိုထားခဲ့တယ် နှလုံးသားကနာကျင်မှာတွေကို မျက်ရည်အဖြစ်ဖော်ပြနေတော့ သူမတားမိဘူး စိတ်လိုလက်ရစီးကျပါစေတော့၊

ဆရာဝန်က နေလို့မကောင်းတဲ့နေရာရှိလားတဲ့ ၊ သူ အိမ်ပြန်ဖို့ဘဲ တောင်းဆိုမိတယ်၊ အဆင်မပြေတဲ့နေရာ ရှိလားတဲ့ ရှိတာပေါ့ ဒါပေမယ့်ပြောမနေတော့ပါဘူး ပြောလည်းကုပေးနိုင်မှာမှမဟုတ်တာ၊

မုန့်ယောင်တို့က သူတို့ကိုရှောင်းကျန့်ကမပြောဖို့တားထားတာကြောင့် မပြောပြခဲ့ရကြောင်းတောင်းပန်ကြတယ်၊ ပြီးတော့ ဝမ်းချောင်ကို တရားစွဲတာလည်းအကုန်လုံးအဆင်ပြေကြောင်း ၊ သူတို့ရှောင်းကျန့်ကို အစွမ်းကုန်ရှာနေကြတယ်ဆိုတာပြောပြကြတယ် ၊ ဒါပေမယ့်

ရိပေါ်ကားပေါ်မှာ ထိုငိနေရင်း အိမ်အမြန်ရောက်ဖို့သာ ဆုတောင်းနေတယ်။  ရိပေါ် တံခါးလက်ကိုင်ကို ကိုင်ပြီးတော့ ၊ နောင်တရမိတယ် သူဒီတံခါးကိုသာခပ်စောစောဖွင့်မိခဲ့ရင် ကလေးထွက်သွားတာကို တားလိုက်နိုင်မလားလို့ပေါ့၊

ရိပေါ် အိပ်ယာပေါ်လှဲလိုက်ရင်း အရင်ကအကြောင်းတွေ ပြန်သတိမရပေမယ့် ကြိုးစားပြီးတွေးနေမိတယ်၊ အဲ့တာကြောင့် သူဟာ ကလေးနဲ့ ပတ်သက်ပြီး အမြဲရင်းနှီးနေတာ ၊သူ တကယ်ဘဲ ကလေးကိုပိုင်ဆိုင်ခဲ့ရတာဘဲ ၊ ဒါပေမယ့် ဘာလို့များ ဖုံးကွယ်ခဲ့တာလဲ ကလေးရယ်၊ နံရံမှာ ကပ်ထားတဲ့ သူ့ပုံတူတွေကိုကြည့်ပြီး ကလေးဘယ်လောက်များသူ့ကို လွမ်းနေခဲ့သလဲ သူတွေးကြည့်တာနဲ့သိတယ်။

စားပွဲပေါ်က စာအိတ်လေး ၊ ဖွင့်ကြည့်မနေတော့ဘူး ၊ ကားပေါ်မှာ ရှီးချန်ပြောလို့သိပြီးပြီ၊ ကလေးက သူ့ပိုင်ဆိုင်မှုတွေကို ရိပေါ်နာမည်နဲ့ အကုန်လွှဲပေးခဲ့တယ်တဲ့ ၊
ကိုယ့်အဲဒါတွေအကုန်လုံး မင်းတယောက်ထဲနဲ့ လဲပစ်လို့ရတယ်၊ ကျေးဇူးပြုပြီး ကိုကို့ အနားကိုသာပြန်လာပေးပါ ကလေးရယ်၊
-------------------------

အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞Tempat cerita menjadi hidup. Temukan sekarang