ရှီးချန် ဖုန်းဆက်ထားလို့ ရိပေါ် ခြံပြင်ထွက်စောင့်နေတယ်။ အပြင်မှာတွေ့ပြီး စကားပြောချင်တယ်ဆိုလို့ ၊ ရှီးချန်ရောက်လာတော့ ရိပေါ်ကားပေါ်တက်လိုက်ပြီး ထွက်လာခဲ့တယ်။
ရှီးချန် သူ့ကိုခေါ်လာတာက တောင်ကုန်းတစ်ခု ၊ တိတိကျကျပြောရရင် သူ့အရိုးပြာရှိတယ်ဆိုပြီး သူတို့မြေမြုပ်ထားတဲ့ မြေပုံရှေ့ကို ၊
ရိပေါ် သူ့ရှေ့ကမြေပုံကိုကြည့်ပြီး တခုခုကိုတွေးနေတယ်။
ဒါပေမယ့် သူဘာမှစဉ်းစားလို့မရဘူး၊ သူသတိမမေ့ခင်ရှေ့က အကြောင်းအရာတေက သူ့ခေါင်းထဲကဖြတ်ထုတ်ထားသလိုဘဲ ၊ ဘာမှရှိမနေဘူး။ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တာကရှီးချန်"ရိပေါ် ဒီမှာကြည့်"
ကောင်လေး လေးယောက်ပုံ၊ ကျန်တဲ့သူတေသိပေမယ့် အလယ်တစ်ယောက်ကိုတော့ မသိဘူး၊
"ဒါ ဘယ်သူလဲ"
"သူ့နာမည်က ဂျီရုန်းလို့ခေါ်တယ်၊ မင်းနဲ့အတူပျောက်သွားတဲ့ တယောက်ပေါ့""ငါ နဲ့အတူ "
"ဟုတ်တယ် ၊ မင်းတို့နှစ်ယောက် ဟိုတယ်ဖွင့်ပွဲသွားပြီး အပြန်မှာ ကားမှောက်ပြီး သေသွားပြီဆိုပြီး ငါတို့ဆီအကြောင်းကြားလာတယ်၊ ငါတို့ လိုက်သွားတော့ မင်းတို့အလောင်းမတွေ့ရဘူး ၊ သဂြိုဟ်ပြီးနေပြီ ငါတို့ရလာခဲ့တာက မင်းတို့ပြာအိုးတေဘဲ "
ရိပေါ် သူပြောတာတွေကို သေချာနားထောင်နေတယ်၊ သူ့ သူငယ်ချင်းသေတဲ့အကြောင်းသူမသိဘူး ၊ မုန့်ယောင်ကလည်း မပြောဘူးဆိုတာ ရိပေါ်ကအကုန်မေ့နေတော့ သတိရမှပြောပြမယ်ဆိုပြီး စိတ်မကောင်းဖြစ်မှာစိုးလို့ ဒီအတိုင်း မပြောဘဲနေတာ၊ သူ့ကိုတောင် အုတ်ဂူရှိတဲ့အကြောင်းမပြောဘူး ဒီအတိုင်းပျောက်သွားတယ်ဘဲအသိပေးထားတာ
"ငါတို့ အရင်ကအကြောင်းပြောပြပါလား"
ရှီးချန် အရင်ကအကြောင်းတေ သူ့ကိုပြောပြလိုက်တယ် ၊ရှောင်းကျန့် ကိုတော့ သူတို့ရဲ့ ဂျူနီယာလေး လို့ဘဲပြောပြလိုက်တယ် ၊ ရှောင်းကျန့် ကိုဂတိပေးထားတာကြောင့်ရော သူ့ကိုဒီပြဿနာထဲ ဆွဲမထည့်ချင်တာရောကြောင့်၊
ČTEŠ
အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞
Fanfikceမင်းကို လက်ထပ်ရပေမယ့် ငါလုံးဝမချစ်ဘူး အဲ့တာကြောင့် ဒီနေ့ကစပြီး စိတ်ဆင်းရဲစေရမယ် xiao zhan ကလေး ကိုယ့်ကိုမချစ်ပေမယ့် ကိုယ်ကတော့ ကလေးကို အရမ်းချစ်တယ် wang yi bo