part 44

4K 260 11
                                    

ဂျီရုန်း  ရှီးချန်ကိုတွေ့တော့ ဖက်ပြီးငိုမိတယ်၊ သူ့သူငယ်ထချင်းတွေကို ဘယ်တော့မှပြန်မတွေ့ရတော့ဘူး ထင်နေတာ ။ ရှီးချန်လည်း နှစ်သိမ့်ပေးရင်း စိတ်မကောင်းဖြစ်နေတယ်၊  ဒီလောက်နှစ်တွေ အကြာကြီး ဆင်းရဲဒုက္ခခံနေရလို့၊  ရိပေါ် အကြောင်းလည်း ပြောပြလိုက်ရင်း သူတို့
accident ဖြစ်တဲ့အကြောင်းကို မေးလိုက်တယ်။

လွန်ခဲ့သော ငါးနှစ်

"ရိပေါ်  ချက်ချင်းပြန်မှာလားကွာ၊ တညလောက်နားလို့ရပါတယ်"

"မရပါဘူး ၊ ကလေးက ကိုရီးယားမှာ ငါလိုက်လာမယ်ပြောထားတာ အရမ်းလွမ်းနေပြီကွ"

"မင်းကလည်းကွာ   မတွေ့ရတာ ရက်ပိုင်းလေးကို အကဲပိုနေတယ်"

"ချစ်တာကိုးကွ ၊ အခုတောင် မဖြစ်လို့လာရတာ ၊ ကလေးနဲ့ ခွဲချင်တာမဟုတ်ဘူး ၊ မင်းက fa ဆိုတော့ နားမလည်ပါဘူးကွာ"

"အေးပါ ပြောထားအုံး ငါလည်းအတွဲရမှမင်းထက်ကဲပြမယ်"

"အစွမ်းရှိရင်ကြိုးစားလိုက်ပေါ့ကွာ  ဟားး ဟားးဟားး"

ကားပေါ်မှာ တယောက်နဲ့တယောက်စကားနိုင်လုနေတဲ့ ကောင်လေး နှစ်ယောက် နောက်မှာ သူတို့ကို ဘဝပြောင်းပေးမယ့် သေမင်းပါလာတာကိုတော့ သတိမထားမိကြဘူး။

လမ်းကွေ့တနေရာအရောက် အနောက်ကပါလာတဲ့ ကားက သူတို့ကားကို အရှိန်နဲ့ တိုက်ချလိုက်တယ်။ ရိပေါ်တို့ကားလေးက သစ်ပင်ကိုဝင်တိုက်မိတယ် ရုတ်တရတ်ဆိုတော့ အရှိန်မထိန်းနိုင်ဘဲ ။ ကားက airbag ပွင့်သွားတော့ အသက်သေတဲ့အထိမဖြစ်ပေမယ့် ဒဏ်ရာတွေတော့ရသွားတယ်။ ရိပေါ်က ခြေထောက်ကျိုးသွားတယ်၊  ဂျီရုန်းကတော့ မှန်စတေစိုက်တာကလွဲလို့ ကြီးကြီးမားမားမဖြစ်ဘူး၊ ရိပေါ်က ကားမောင်းတဲ့သူဆိုတော့ ကားစတီယာရင်ကို သူ့ဘက်ဆွဲလှည့် လိုက်တာကြောင့်၊

သူတို့ကို ဆေးရုံပို့တော့ ရိပေါ်က သတိမရသေးဘူး၊  ဂျီရုန်းကတော့ သတိရတယ် ၊ ဒါပေမယ့် မှန်စတွေနဲ့ ထိထားပြီး သွေးထွက်နေတာကြောင့် သတိရရတချက် ၊ မရတချက်ဖြစိနေတယ်၊ အဲ့အချိန်မှာအခန်းထဲ ဝင်လာသူက ဝမ်ချောင်၊ ဂျီရုန်းမျက်လုံးမှိတ်ပြီး နားစွင့်နေလိုက်တယ်။

အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞Where stories live. Discover now