လွန်ခဲ့သော ဆယ်မိနစ်ခန့်
ရိပေါ် ရုံးခန်းမှာထိုင်နေပေမယ့် စိတ်နဲ့လူနဲ့မကပ် ရှောင်းကျနိ့သူ့အပေါ်ပြောင်းလဲနေပြီလို့ ခံစားရပေမယ့် မနက်ကမြင်လိုက်တဲ့မြင်ကွင်းကဘာလဲ သူနဲ့သွားဖို့ချိန်းပီးမှ ရှီးချန်ဖုန်းလည်းလာရော ပြေးသွားတာဘာ့ကြောငိ့လဲ ၊ ပြီးတော့ အဆိုးဆုံးက သူ့ကလေးက ရှီးချန်နဲ့အတူရှိတာကို ပျော်နေခြင်းဘဲ
ရိပေါ်ဆုံလည်ခုံကိုနောက်သို့မှီရင်း အနားယူနေတုန်း တံခါးခေါက်သံကြားလိုက်ရတယ် တဆက်ထဲ ဝမ်းချင်ဝင်လာတယ် ၊ စိတ်ရှုပ်နေပါတယ်ဆို ဒီမိန်းမက တမျိုး
"ရိပေါ် နေမကောင်းဘူးလား ၊ ရိပေါ်ရောကိနေတယ်ဆိုလို့ ၊ မတွေ့တာတောင်ကြာပြီနော်"
"ကျွန်တော်ခုမှရောက်တာ နာရီဝက်တောင်မပြညိ့သေးဘူး၊ သတင်းရတယ်ဆိုတော့ ကျွန်တော့ကိုထောက်လှမ်းနေတာတော့မဟုတ်ပါဘူးနော်"
ပုံမှန်ဆို ရိပေါ်အဲ့လောက်မပြောဖြစ်ပေမယ့် ခုတော့ ဒေါသထွက်နေတာမို့ပြောလိုက်ခြင်းပင်။
ဝမ်းချင် ပျက်သွားသောမျက်နှာကိုပြန်ထိန်းလိုက်ရင်း
"မဟုတ်ပါဘူး ရိပေါ် ၊ ကျွန်မဒီနေ့ ကိစ္စလေးရှိလို့လာရင်းရိပေါ်ရှိလားလို့မေးကြည့်တော့ ရှိတယ်ဆိုလို့လာဝင်နှုတ်ဆက်တာပါ
ရိပေါ်က ကျွန်မဆိုအရမ်းစိမ်းကားတာဘဲ ၊ သူစိမ်းတေမှမဟုတ်တာကို ၊ ပြီးတော့ ကျွန်မ ရိပေါ်ကို "
ဆက်ပြောမယ့်စကားကိုရိပေါ်ဟန့်တားလိုက်ပြီး
"လာနှုတ်ဆက်တာဆို အခုရပြီပေါ့ ကျွန်တော်အလုပ်မအားလို့ ၊ အော် ပြီးတော့ ဟိုနေ့ကလက်ဆောင်တေပြန်ယူလာခဲ့တယ် ၊ တခါထဲပြန်ယူသွားလိုက်ပါ "
ရိပေါ်ရုံးခန်းက မှန်တေနဲ့ကာထားတာ ၊ မှန်က အတွင်းကမြက်ရပေမယ့် အပြင်ကမမြင်ရဘူး ၊ ရိပေါ်က အခန်းကိုကျောပေးထားတော့ ရှောင်းကျန့်လာတာမသိပေမယ့် ဝမ်းချင်ကတော့မြင်ရတယ်၊ အဲ့တာကြောင့်
"ကျွန်မသွားမှာပါ ဒါပေမယ့်၊ တခုတော့ ပြောပါရစေ၊
ဝမ်ရိပေါ်ကို ကျွန်မချစ်တယ် "
ŞİMDİ OKUDUĞUN
အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞
Hayran Kurguမင်းကို လက်ထပ်ရပေမယ့် ငါလုံးဝမချစ်ဘူး အဲ့တာကြောင့် ဒီနေ့ကစပြီး စိတ်ဆင်းရဲစေရမယ် xiao zhan ကလေး ကိုယ့်ကိုမချစ်ပေမယ့် ကိုယ်ကတော့ ကလေးကို အရမ်းချစ်တယ် wang yi bo