part 55 uni

4K 160 5
                                    

ရိပေါ် သူ့ရှေ့မှာ ရှုံ့ရှုံ့နဲ့ ငိုနေတဲ့ ကလေးကိုချော့နေရတယ်။ ရိပေါ် အကြောင်းစုံကိုရှင်းပြလိုက်တော့ သူ့ကိုသနားလို့တဲ့ငိုနေတာ နှာခေါင်းလေးတောင်ရဲနေပြီ။ တချက်တချက်ထပြီး ဝမ်းချောင်တို့ ကို သတ်ပစ်ချင်တယ်လို့ ထကြိမ်းသေးတာ၊ သူတို့လည်း သူတို့လုပ်တဲ့ အပြစ်ကို ထောင်ထဲမှာပေးဆပ်နေရကြောင်း သေချာပြောပြရတယ်၊

ရှောင်းကျန့် တချက်တချက်ဒေါသထွက်လာရင် ရိပေါ်တောင်လန့်တယ်၊ ဝမ်းချောင်တို့ကို ကျိန်းနေချိန်မှာ မဆီမဆိုင် သူတောင်ကျက်သီးထမိတယ်၊ ဝမ်းချောင် ထောင်ကျနေတာ တော်သေးတယ်လို့တောင်တွေးမိတယ်။ ( ရိပေါ်က ဝမ်းချင်ကိစ္စကို သတိမရလို့နော် 😁😁)
ချန်မေကို လွှတ်ပေးလိုက်တဲ့ အကြောင်းမပြောရဲသေးဘူး၊ ဒီယုန်ပေါက် ဒေါသနဲ့ နောက်မှပြောပြတော့မယ်၊ အဲ့ဒီအခါကျမှ ဟိုကောင်တေ သူတို့ဘာသာရှင်းကြတော့ဘဲ သွားခိုင်းတဲ့ အထဲမှာ သူ့သဘောမပါတော့ အေးဆေးဘဲ 😏😏၊ ( ဒါပေမယ့် ယုန်ပေါက် သိသွားတဲ့အချိန်မှာ သူ့ကိုဘဲ စိတ်ဆိုးလို့ နှစ်ညအိပ် သုံးရက်လောက်ချော့လိုက်ရတယ်)

"အဲ့တာဆို ကိုကို က အရင်ကအကြောင်းတေ သတိမရဘူးပေါ့"

"အဲ့တာတေကလအခုချိန်မှာ အရေးမကြီးပါဘူး ကလေးရယ်၊ အဓိက ကိုကို တို့တယောက်နဲ့ တယောက်ချစ်ကြတယ်လေ ၊ ကိုကို အတွက ် ကလေးထက်ပို အရေးကြီးတာဘာမှမရှိဘူး"

ရိပေါ် ရင်ခွင်ထဲက ကလေးကို ချစ်တယ်ပြောတော့၊ အရှက်သည်းပြီး သူ့ရင်ခွင်ထဲအတင်းတိုးဝင်နေတယ်၊ ပြီးတော့ တိုးတိုးလေး
"ကလေး လည်း ကိုကို့ ကိုချစ်တယ်"

"အဲ့တာဆို ကိုယ့်ယောက်ျားကို စာချုပ်လေး တစ်စောင်နဲ့ထားခဲ့ရလား ၊ အရူးလို ကိုယ့်မှာ ဘယ်လောက်ငိုခဲ့ရသလဲသိလား ၊ "

"အဲ့တာက ကိုကိုရယ် ကလေးလည်းမသွားချင်ပါဘူး၊ ဒါပေမယ့် ကိုကို့ကို မိသားစုဘဝလေးရစေချင်လို့"

ရိပေါ် ရှောင်းကျန့်နှုတ်ခမ်းကို ခပ်တင်းတင်းဆွဲနမ်းလိုက်တယ်၊ ပြီးတော့ အောက်နှုတ်ခမ်းလေးကို ဖိကိုက်လိုက်တယ်၊

အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞Tempat cerita menjadi hidup. Temukan sekarang