part 2 unicode

7K 253 1
                                    

ရှောင်းအိမ်တော်တွင်

"  ကျန့်ကျန့်  ထတော့လေ "

"  ငါးမိနစ်လောက်နော် ကျဲ "

" ကျန့်ကျန့်လေး ဒီနေ့  တက္ကသိုလ်ပထမဆုံးရက်လေ နောက်ကျချင်လို့လား ပြီးတော့ ကျောင်းမှာ ဘယ်သူ့ကိုတွေ့မှာပါလိမ့် "

"ရှီးချန် ကော... 
အား ထပြီ ထပြီ ၊ ကျန့်ကျန့်ထပြီ " ပြောရင်း ရေချိုးခန်းထဲပြေးဝင်သွားသော ရှောင်းကျန့်ကို ကြည့်ရင်း ကျန်းယန်လီ ခေါင်းကို ဖြေးညှင်းစွာခါရင်း ပြုံးနေသည်။

ကျန်းယန်လီက ရှောင်းကျန့်ရဲ့ အမဝမ်းကွဲ
ရှောင်းသခင်မကြီးက ကိုရီးယားမှာ  အလုပ်ကိုဦးစီးနေတာကြောင့်  အမဖြစ်သူကဘဲ ရှောင်းကျန့်ကို စောင့်ရှောက်ပေးနေရခြင်းပင် ၊  ရှောင်းကျန့်က လူကသာ ၁၆ နှစ်  သုံးနှစ်သားလေးတေထက်ပင် ချွဲတတ်လွန်းသောကြောင့်  ရှောင်းအိမ်တော်တခုလုံးက ရှောင်းကျန့်ကို အချစ်ပိုကြသည်။

အခုလည်း မနကိ်စာသားရင်း နှုတ်ခမ်းက တတောင်လောက်စူထွက်နေသည်။

"ကျန့်ကျန့် လေး   ဘာတွေစူပုတ်နေတာလဲ "

"ဟိုကောငိတေပေါ့  လာခေါ်မယ်ဆိုမလာသေးဘူး ဒီနေ့   ရှိးချန်ကော ကိုတွေ့ရမှာမို့  စောစောသွားချင်ပါတယ်ဆို"

"လာမှာပေါ့ ကျန့်ကျန့်လေးရဲ့ ၊ ကျဲကိုပြောပါအုံး  ရှီးချန်က အဲ့ ကျာင်းမှာရှိလို့  ကျန့်ကျန့် လေးကလိုက်တက်တာလား "

ရှောင်းကျန့် ရှက်ပြုံးပြုံးလိုက်ရင်း

" ကျဲကလည်း သိသားနဲ့ ၊  အထက်တန်းကျောင်းမှာထဲက လိုက်crush နေရတာကို "

ပြောရင်းရောက်ချလာသော ငယ်ပေါင်းကြီးဖော် ပြောမနာဆိုမနာ သကောင့်သားများ

"ရှောင်းကျန့်  ၊  ရှောင်းကျန့်... "

"တိုးတိုးအော်ပါ နားမကန်းပါဘူး မသာရဲ့ "

" မကြားမှာစိုးလို့ပါကွ ၊ အမယ် ဒီနေ့တော့ အစောကြီးနိုးတယ်ပေါ့ "  ယွီပင်း က ဖိနပ်ချွတ်ရင်း ပြောသည် ။

ကျန်းချန်မှ " နိုးမှာပေါ့ စောစော ဒီနေ့ လင်ငမ်းရမယ်လေ "

အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞Tahanan ng mga kuwento. Tumuklas ngayon