ရိပေါ် ဒီနေ့ဆေးစစ်ချက်တွေရမယ်ဆိုတော့ မုန့်ယောင်နဲ့သွားဖို့စောင့်နေတယ်။ ခဏနေ မုန့်ယောင်လာတော့ ဆရာဝန်ဆီထွက်လာကြတယ်၊ မုန့်ယောင်ပြောပြလို့ ဒီနေ့ ရှောင်းကျန့်သူငယ်ချင်းတွေ နှစ်ကူးမို့ ပြန်လာကြမယ် ဆိုတာသိရတယ်။
ချန်မေက နှစ်ကူးမို့ ကူးစူးပြန်ဖို့ပြောတယ်။ သူ မလိုက်ဘူးလို့ငြင်းလိုက်တယ်။ သူဟာသူပြန်မယ်တဲ့ အဲ့တာဆို ရိပေါ်တို့ကစိတ်ကိုမဝင်စားတာ ။
လမ်းတဝက်လောက်ရောက်တော့ မုန့်ယောင်ဖုန်းလာတယ်။
"ဟယ်လို ၊ ပြန်ရောက်နေပြီလား မင်းတို့"
"ဘာ"
"ခု ဘယ်ဆေးရုံမှာလည်း "
"အိုကေ ၊ ငါချက်ချင်းလာခဲ့မယ်"
မုန့်ယောင်ကားကို ချက်ချင်းပြန်ကွေ့လိုက်တယ်။
"ဘာဖြစ်တာလဲ "
မုန့် ယောင် သူ့ကိုကြည့်ပြီး"ရှောင်းကျန့် ကိုလုပ်ကြံတဲ့သူရှိတယ်"
"ဘာ"
"စိတ်လျော့ ရိပေါ်၊ အများကြီးမထိခိုက်ဘူး ၊ ကျန်းချန်တို့ရောက်လာလို့"
ရိပေါ် ကားရှေ့ကိုသာကြညိ့ပြီး ဆေးရုံရောက်ဖို့သာစိတ်လောနေတယ်။
----------------------------
ရိပေါ် သူ့ရှေ့က ကောင်လေးကိုကြည့်နေတယ် ခြေအစုံရပ်ပြီးတော့၊ မျက်စိရှေ့မှာအန္တရာယ်ကင်းကင်းတွေ့ရပေမယ့် သူ့စိုးရိမ်စိတ်က ပြန်မလျော့သေးဘူး၊ရုတ်တရက်အနားရောက်လာပြီး ရင်ခွင်ထဲဆွဲသွင်းလိုက်တဲ့ရိပေါ်ကြောင့် အားလုံးစကားသံတေ တိတ်ဆိတ်သွားတယ်
"စိတ်ပူနေတာ ၊ ဘယ်နားထိသွားလဲ ၊ တခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"ကျန်းချနိက သူလက်က ပတ်တီးစီးထားတဲ့ဒဏ်ရာကိုကြည့်ပြီး ဘယ်သူကဒဏ်ရာနဲ့လဲ မသဲကွဲဘူးဖြသ်နေတယ်
"ခေါင်းထိပြီး မျက်စိမှာမှုန်သွားတာလား ဒဏ်ရာရတာ ကျွန်တော်ပါ"
ရိပေါ် သူ့ကိုတချက်လှည့်ကြည့်ပြီး
"နာနေတဲ့နေရာရှိလား"ကျန်းချန် ထပ်ပြောဖို့ပြင်တော့ ၊ မုန့်ယောင်က သူ့ကိုဆွဲပြီး
"ဆေးဖိုး သွားရှင်းရအောင် လာ"
"ရိပေါ်ကောက သတိမေ့နေတာကော ဟုတ်ရဲ့လား "
BẠN ĐANG ĐỌC
အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞
Fanfictionမင်းကို လက်ထပ်ရပေမယ့် ငါလုံးဝမချစ်ဘူး အဲ့တာကြောင့် ဒီနေ့ကစပြီး စိတ်ဆင်းရဲစေရမယ် xiao zhan ကလေး ကိုယ့်ကိုမချစ်ပေမယ့် ကိုယ်ကတော့ ကလေးကို အရမ်းချစ်တယ် wang yi bo