part 51 unicode

4K 162 7
                                    

ချန်မေက ဘေဂျင်းက ဟိုတယ်တခုကိုချိန်းတာကြောင့် ရိပေါ်တို့  ကူးစူးကနေ အဲ့ဒီကိုဘဲ တန်းလာလိုက်တယ်၊ သက်သေတေက အရေးကြီးတာကြောင့် ပြီးတော့ ချန်မေစိတ်ဘာကြောင့်စိ်တ်ပြောင်းသွားရလည်းဆိုတာ လည်း သူတို့သိချင်ကြသေးတယ်။

ချန်မေ ဝိုင်သောက်ရင်း ကုတင်ပေါ်အိပ်နေတဲ့ သူ့သမီးလေးကိုကြည့်နေတယ်။  သူ့ဘဝက တကောင်ကြွက် ၊မိဘမဲ့မို့လို့  တယောက်တည်းဘဝကို ငယ်ငယ်ထဲကရုန်းကန်လာရတယ်၊  အသက်လေးရလာတော့ ဝမ်းစာအတွက် ခန္ဒာကိုယ်ရင်းနှီးပြီး ရှာဖွေစားသောက်ရတယ်၊ ပညာ ကလည်းမတတ်တော့ ဘဝကကြမ်းတမ်းခဲ့တယ်၊

ရုပ်ရည်လေးကလှတော့ ဝမ်းသူဌေးက အပျော်မယားအဖြစ် သိမ်းပိုက်ထားတယ်၊  လေလွင့်နေရာကနေ အတည်တကျနေစရာလေးရတော့ ချန်မေအတွက် ကံကောင်းတာပဲ၊
ဝမ်းချောင်ဟာ သူ့လိုအင်ဆန္ဒပြည့်ဝသွား ရင်ချန်မေကို လှည့်တောင်မကြည့်ဘူး၊ တယောက်တည်းကကိစ္စမရှိပေမယ့် သမီးလေးရလာတော့ သူ့သမီးလေးကို အသိအမှတ်ပြုစေချင်တယ်၊ ဒါပေမယ့် ဝမ်းချောင်ဟာ သူ့လိုဘဲ ဖေးဖေးလေးကို ရှိတယ်လို့တောင်မသတ်မှတ်ဘူး ၊

ဖေးဖေးက သူ့အဖေကိုတွယ်တာတယ် ၊ ဒါပေမယ့် သူကအနားတောင်အကပ်မခံဘူး ၊ ဒါကိုမြင်ရတော့သူရင်နာရတယ်၊  သူ့သမီးလေးကို အသိအမှတ်ပြုစေချင်တာကြောင့် ဒီကိစ္စကြီး တခုလုံးကို သူလက်ခံခဲ့တာ၊ သူသာအောင်မြင်ရင် သူတို့သားအမိကို တရားဝင်အသိအမှတ်ပြုနယ်ဆိုလို့ သူများချစ်ခြင်းကို ရအောင်ခွဲပြီး၊ ဝမ်းချောင် လိုချင်တာကို သူရအောင်လုပ်ပေးခဲ့တယ်။ ရှောင်းကျနိ့လည်း အိမ်ပေါ်ကဆင်းသွားပြီ၊  သူ့ပိုင်ဆိုင်မှုတွေကိုလည်းပေးခဲ့တယ်၊ 

သူ့ဘက်က အကုန်လုပ်ပေးခဲ့ရပြီး ပြန်ရခဲ့တာက

------------

လွန်ခဲ့သော နှစ်ရက်

ဒေါက် ဒေါက်

"ရှောင်းကျန့် ၊ အစောကြီး  ဘာကိစ္စရှိလို့လဲ "
"ကျဲ ဒီဟာလေး ၊ ရိပေါ်ကော လာရင်ပေးပေးပါ ၊ ပြီးတော့ ကျွန်တော် စဉ်းစားပြီးပြီ၊  ကျဲတို့မိသားစုကို မခွဲပါဘူး ၊ ဖေးဖေးလေးက မိစုံဖစုံနဲ့ ကြီးပြင်းသင့်ပါတယ်၊  ရိပေါ်ကော လာရင် ခွင့်မပြုမှာစိုးလို့၊  ကျွန်တော်ဒီနေ့ဘဲ ထွက်သွားတော့မယ်၊ နှုတ်ဆက်ခဲ့ပါတယ် ကျဲ"

အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞Where stories live. Discover now